ဖြေကြားချက် ၂ ခု
1. သွေးလည်ပတ်မှုကို အထူးကောင်းမွန်စေတယ်။ ဂျင်းထဲမှာပါတဲ့ gingerol နဲ့ zingerone ဓာတ်ပေါင်းတွေဟာ ခန္ဓာကိုယ်ကို ပူနွေးစေပြီး သွေးလည်ပတ်မှုကို တိုက်ရိုက် အထောက်အကူ ပြုပေးပါတယ်။ ဒါ့အပြင် အခြားဓာတ်တစ်မျိုးဖြစ်တဲ့ amino acids ကလည်း သွေးလည်ပတ်မှုစွမ်းအားကို တိုးတက်အောင် ကူညီပေးပြီး သွေးပေါင်ချိန် ရုတ်တရက်ကျဆင်းခြင်းနဲ့ သွေးတိုးနဲ့ဆိုင်တဲ့ ရောဂါတွေကို အရှင်းပျောက်ကင်းစေနိုင်ပါတယ်။ 2. နာကျင်ကိုက်ခဲမှုတွေကို လျှော့ချပေးတယ် ဂျင်းထဲမှာ ပါဝင်တဲ့ gingerol ဓာတ်ဟာ ခန္ဓာကိုယ် ကြွက်သားယောင်ရမ်းမှု၊ ခေါင်းကိုက်ခြင်း၊ မျက်စိအမြင် မကြည်လင် ခြင်း စတာတွေကို ပျောက်ကင်းစေပါတယ်။ အဲဒီ gingerol ဓာတ်မှာ ယောင်ရမ်းခြင်းကို တန်ပြန်တိုက်ခိုက်နိုင်တဲ့ စွမ်းအင်သတ္တိတွေ ပါဝင်ပါတယ်။ 3. ဓမ္မတာလာစဉ် နာကြင်ကိုက်ခဲမှုကို လုံးဝပျောက်ကင်းစေတယ် ဂျင်းဟာ အမျိုးသမီးများ လစဉ်ဓမ္မတာလာခြင်းကြောင့် တစ်ခါတစ်ရံ ဝမ်းဗိုက်ကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ အသားအရေမွဲခြောက်ခြင်းတို့ကို ပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ဂျင်းဟာ ပါးစပ်ကနေ အနံ့ဆိုးထွက်ခြင်းတွေကိုလည်း အပြည့်အဝ အကာအကွယ်ပေးပြီး သွေးကို သန့်စင်ပေးနိုင်တာမို့ အမျိုးသမီးတို့ ပုံမှန်သုံးစွဲသင့်တဲ့ ဆေးဖြစ်ပါတယ်။ 4. ပျို့အန်ခြင်းနဲ့ အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်းအတွက်လည်း ကောင်းမွန်တဲ့ဆေး အစားအစာကြောင့် ပျို့အန်ချင်တာပဲဖြစ်ဖြစ်၊ ရာသီဥတု အပြောင်းအလဲကြောင့် ဗိုက်ထဲမှာ အော်ဂလီဆန်ပြီး ပျို့အန်ချင်တာပဲဖြစ်ဖြစ် အဲဒီလို ရောဂါတွေအတွက်လည်း ယူပစ်သလို ပျောက်စေပါတယ်။ ဒါ့အပြင် အစာမကြေဖြစ်ပြီး ရင်ပြည့်ရင်ကယ် ဖြစ်နေတယ်ဆိုရင်လည်း ဂျင်းကို စားသုံးပေးခြင်းဖြစ် ပုံမှန်အနေအထားကို ပြန်ရောက်စေနိုင်ပါတယ်။ 5. အစာချေစနစ်ကို ကောင်းမွန်စေတယ်။ ဂျင်းထဲမှာပါတဲ့ chromium, zinc, magnesium, aiding ဓာတ်တွေက အစာအဆိပ်သင့်ခြင်းနဲ့ အစာမကြေဖြစ်ခြင်းကိုပျောက်ကင်းစေပါတယ်။ ဒါကြောင့် ဗိုက်ထဲမှာ အစာမကြေသလိုလို ဖြစ်နေတဲ့အခါမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ ဖော်စပ်ထားတဲ့ ဆေးတွေကို စားတာထက် ဂျင်းက ပိုပြီး ယုံကြည်စိတ်ချရသလို ဘေးထွက်ဆိုးကျိုးလည်း လုံးဝ မရှိဘူးလို့ သိရပါတယ်။ နတ်စည်တော် (Myanmar Online Media) Source: lifehack.org
ဂျင်း (ginger roots)ရဲ့ဆေးဘက်ဝင်အသုံးပြုပုံလေးပြောပြပေးပါ
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါခဗျ စပါးလင်စိုက်ပျိူးရေးနှင့်ဈေးကွက်အခြေအနေလေးပြောပြလို့ရမလားခဗျ အခုမှစတင်မှာဆိုတော့ မျိူးစေ့အမျိူးအ...
ဖြေကြားချက် 2 ခု
စပါးလင်မျိုးစေ့ဘယ်မှာဝယ်လို့ရလဲ
ဖြေကြားချက် 3 ခု
စပါးလင်ကိုစိုက်ပြီးရက်ဘယ်လောက်ကြာရင်အစာကျွေးရမလဲ
ဖြေကြားချက် 1 ခု
စပလင်သန်အောင်ဘာကြွေးရပါမလဲ
ဖြေကြားချက် 1 ခု
သီးည္ပ် စိုက်တာ စပါးလင်နဲႉ ပဲ ရ လား
ဖြေကြားချက် 2 ခု