အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
290
လွန်ခဲ့သော ၇ နှစ် က · ရေတာရှည်

အခုလို ရာသီ အချိန် ဘယ် နှမ်း က စိုက်ပျိုးရ အသင့်တော်ဆုံးလဲ သိတဲ့သူများ အ ကြံ ပြု စေပါတယ် ခင်ဗျာ

စိုက်ပျိုးနည်း နှမ်း နှမ်းစိုက်ချိန်
Post image
2

ဖြေကြားချက် ၂ ခု

350 လွန်ခဲ့သော ၇ နှစ် က

စပါးရိပ်ပြီးတန်ဆောင်မုန်းလထဲမှာစိုက်လို့ရလား

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၇ နှစ် က

နှမ်းစိုက်ပျိုးဖို့ သက်လျင်၊ သက်လတ်၊ အထွက်ကောင်း၊ အရည်အသွေး ကောင်းမျိုးတွေကို စိုက်မယ်ဆိုရင်တော့ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ကိုက်ညီမယ့် အသက် ရက် ၉၀-၉၅ ရက်၊ အစေ့ရောင် အနက်၊ တစ်ဧက အထွက် ၁၀-၁၅ တင်းထွက်တဲ့ ဆင်းရတနာ (၂) မျိုး၊ အသက်ရက် ၉၅ ရက်၊ အစေ့ရောင် အနက်၊ တစ်ဧကအထွက် ၁၀-၁၅ တင်း ထွက်တဲ့ ဆင်းရတနာ (၃) မျိုး၊ အသက်ရက် ၈၀-၉၀၊ ဂွကျော်နက်၊ အသက်ရက် ၈ဝ-၈၅၊ အစေ့ရောင်အဖြူ၊ တစ်ဧကအထွက်တင်း ၁၀-၁၅ တင်းထွက်တဲ့ ဆင်းရတနာ (၄) မျိုး၊ အသက်ရက် ၇၀-၇၅၊ အစေ့ရောင်အဖြူ၊ တစ်ဧကအထွက် ၁၀-၁၅ တင်းထွက်တဲ့ ရွှေတစ်ဆုပ်မျိုး၊ အသက်ရက် ၈၅-၉၅၊ အစေ့ရောင်အနီ၊ တစ်ဧကအထွက်၁၀-၁၅ တင်းထွက်တဲ့ မကွေး ၇/၉ မျိုး၊ အသက်ရက် ၇၀-၈၀၊ အစေ့နီညိုရောင်၊ တစ်ဧကအထွက် ၁၀-၁၅ တင်းထွက်တဲ့ ဘုတ် မွှေးမျိုးတွေ ရွေးစိုက်သင့်တယ်။ ပြည်ပ ဈေးကွက်၊ ပြည်တွင်း ဈေးကွက်ပါ တွက်ချေကိုက် နိုင်ပါတယ်။ - အောင်ဆန်းစိုက်ပျိုးရေး

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။