အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
638
လွန်ခဲ့သော ၇ နှစ် က · လပွတ္တာ

သရက်အရွက်တွေခြောက်နေလို့ဘာလိုအပ်လို့လဲကူညီပါအုန်း

ပိုးမွှားရောဂါ သရက်
Post image
4

ဖြေကြားချက် ၄ ခု

79,224 လွန်ခဲ့သော ၇ နှစ် က

အထက်က အစ်ကိုပြောသလို EM နဲ့လုပ်တဲ့မြေဆွေးတွေကျွေးပေးလို့ရပါတယ် သဘာဝမြေဩဇာတွေက ချို့တဲ့နေတဲ့အာဟာရကို စုပ်ယူနိုင်အောင် ကူညီပေးပါလိမ့်မယ်

79,224 လွန်ခဲ့သော ၇ နှစ် က

ရေရရှိမှု အဆင်မပြေတာ (သို့) အာဟာရ ချို့တဲ့တာကြောင့်ပါ ရောဂါတော့မဟုတ်ပါဘူး အစ်ကို မြေထဲမှာ ဆားဓာတ်တွေအရမ်းများနေတဲ့အခါ တစ်ချို့သောအာဟာရကို မစုပ်ယူနိုင်ဘဲ ခုလိုဖြစ်ရပါတယ် မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့တာဖြစ်နိုင်ပါတယ် ဆားခါးကျွေးပေးခြင်းမျိုး ပြုလုပ်လို့ရပါတယ် ဆားခါးက ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတာကို အစိမ်ရောင်လမ်းမှာလေ့လာကြည့်ပါ မှန်ဘီလူးပုံလေးမှာ ရိုက်ရှာကြည့်လို့ရပါတယ်

116 လွန်ခဲ့သော ၇ နှစ် က

အကြောင်းအမျိုး၂ရှိပါတယ်။ အာဟာရ နဲ့ ပိုးမွှား နှစ်မျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ပိုးမွှားကြောင့်ပိုမိုဖြစ်နိုင်တာမို့ ဘာပိုးကျသလဲဆိုတာ လေ့လာပြီးမှ အဆင်ပြေရာဆောင်ရွက်သင့်ပါတယ်။ ငါးအမိုင်နိုအက်စစ်တို့ EM တို့ကိုလည်းပက်ဖြန်းပေးသင့်ပါတယ်။

79,224 လွန်ခဲ့သော ၇ နှစ် က

လေ့လာပြီး ပြန်လည်ဖြေကြားပေးပါမယ်နော်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။