အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

ချဉ်ပေါင်နဲ့ ကန်စွန်း စိုက်ထားတာ နှစ်ရက်လောက်ရေမြုပ်သွားတယ်အခုတော့ရေပြန်ကျသွားပြီ ပြန်လည်လန်းဆန်းပြီး ကောင်းလာ...

ချဉ်ပေါင်နဲ့ ကန်စွန်း စိုက်ထားတာ နှစ်ရက်လောက်ရေမြုပ်သွားတယ်အခုတော့ရေပြန်ကျသွားပြီ ပြန်လည်လန်းဆန်းပြီး ကောင်းလာအောင် ဘာတွေလုပ်ပေးသင့်သလဲ ဘာဆေးတွေသုံးရမလဲ

စိုက်ပျိုးစီးပွား စားဖိုဆောင်

ဖြေကြားချက် ၂ ခု

12,778 လွန်ခဲ့သော ၈ နှစ် က

စိုက်ထားတာဒေသအခေါ် ထိုင်ဝမ်ကန်စွန်း မျှားနီတံဆိပ်ပါ သူလည်းရေဝပ်ဒဏ်ကိုခံနိုင်ရည်မရှိပါဘူး အဓိကဖြေစေချင်တာက သဘာဝဘေးဒဏ်ခံရတဲ့စိုက်ပျိုးခင်းတွေကို ဆုံးရှုံးမှုနဲနိုင်သမျှနည်းအောင် ပြန်လည်ထူထောင်ရေးကိုဘယ်လိုလုပ်သင့်သလဲဆိုတာပါ

12,778 လွန်ခဲ့သော ၈ နှစ် က

ကန်စွန်းကတော့ ကိစ္စရှိမည်မထင်ပါ။ ဒါပေမယ့် ရေကျသွားပြီးရင်တော့ ဘောင်ကို မြေဆွပေးပြီး သဘာဝမြေသြဇာ ဒါမှမဟုတ် စက်ဖွဲပြာတို့လိုမျိုး ထည့်ပေးမယ်ဆိုရင်တော့ အပင်အမြစ်တွေ လေရပြီး မြန်မြန်ပြန်လည် လန်းဆန်းလာမည်ဟု ယုံကြည်ပါတယ်။ အားဆေးအနေနဲ့ကတော့ ရှမ်းမောမြေက ထုတ်တဲ့ ဇီဝရွက်ဖြန်းအားဆေး ဖြစ်ဖြစ် သဘာဝရွက်ဖြန်းအားဆေးဖြစ်ဖြစ် သုံးစေချင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။