အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

နွားချေးကို ဘယ်နှစ်နှစ် ကြာကြာသိုလှောင်ထားသင့် ပါသလေးခင်ဗျားနောက်ပြီး ကြာကြာထားရင် ခြတို့လိုအကောင်တွေ ဘာ...

နွားချေးကို ဘယ်နှစ်နှစ် ကြာကြာသိုလှောင်ထားသင့် ပါသလေးခင်ဗျားနောက်ပြီး ကြာကြာထားရင် ခြတို့လိုအကောင်တွေ ဘာကြောင်းရှိလာတာလည်းခင်ဗျား

အပင်အာဟာရ စားဖိုဆောင်

ဖြေကြားချက် ၂ ခု

12,778 လွန်ခဲ့သော ၈ နှစ် က

နွားချေးကို တက်နိုင်သလောက် အခြောက်ခံလိုက်ပါက ကြာကြာ ပိုထားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ နွားချေးကို စိုက်ပျိုးသူတွေ ဘယ်လိုရယူနေကြသလဲဆိုတာကိုတော့ မသိပါဘူး။ ကျွန်တော် မြန်မာနိုင်ငံမှာရှိတုန်းကတော့ နွားမွေးမြူခြံတွေကနေ ရပါတယ်။ (နွားချေးတွေက တော်တော်စိုပါတယ်)။ နေ လှန်းပါတယ်။ တစ်ပတ်လောက်ကြာမှာတော့ (ရာသီဥတုပေါ်မှာ မူတည်ပြီး ၂-၃ ရက် အတိုးအလျော့ ရှိပါတယ်) ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ကြာကြာသိုလှောင်ထားလို့ရပါပြီ။

12,778 လွန်ခဲ့သော ၈ နှစ် က

နွားချေးကို သိုလှောင်ဖို့ အကောင်းဆုံးနည်းလမ်းတော့ အမိုး သို့ အရိပ်လုပ်ပြီး သိုလှောင်ခြင်းဖြစ်ပါတယ်။ စုပုံထားချိန်မှာ အဏုဇီဝပိုးတွေ ဟာသူတို့တွေ ပွားများဖို့ နွားချေးကို စားသုံးကြရတယ်။ အဲဒီအချိန်မှာ နေရောင်ခြည်နှင့် အစိုဓာတ်ဟာ ထများများမလိုအပ်ဘူး။ အချိန်ဘယ်လောက်ကြာထားရမလဲ ဆိုတာက လုပ်ဆောင်မှုပေါ်မှာမူတည်ပါတယ်။ ဘာမှမလုပ်ဆောင်ပဲထားမယ်ဆိုရင် (၆) လထက်ပိုပြီးမထားသင့်ပါဘူး။ အပုံပြောင်းရွေ့ပေးမယ်ဆိုရင် (၃) လထက်ပိုမထားသင့်ပါဘူး။ သူ့မှာ ပါဝင်တဲ့ အဟာရတန်ဘိုးတွေ ကျသွားလို့ပဲဖြစ်ပါတယ်။ နွားချေးစိမ်းမှာ နိုက်ထရိုဂျင်ဓာတ်များများပါတယ်။ အဲဒီအချိန်မှာ မီသိန်းဂတ်စ် ထွက်နိုင်တာကြောင့် အပင်ကို တိုက်ရိုက်မကျွးသင့်ဘူး။ နွားချေးကို ပြန်လည်ပြုပြင်ပြီးမှပဲ အသုံးပြုသင့်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။