အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၇ နှစ် က · မင်းဘူး

အာဆီယံသပြေကိုဘယ်လိုစိုက်ပျိုးရမလဲ

စိုက်ပျိုးနည်း သပြေ
1

ဖြေကြားချက် ၁ ခု

80,504 လွန်ခဲ့သော ၇ နှစ် က

၁။ အာဆီယံသပြေစိုက်မယ်ဆိုရင် ပထမဦးဆုံးထယ်ရေးကောင်းကောင်းပြင်ဆင်ရပါတယ်။ ပြီးမှကြိုး တန်းပြီး တစ်ပင်နဲ့တစ်ပင်ကို (၂)တောင်လောက်ခြားပြီးရင် အတန်းလိုက်စိုက်ရပါတယ်။ ဘောင် (၂)ဘောင် အပင်တန်း တစ်တန်းစီ အကွာအဝေးကို (၃)တောင်ခန့်ခွာထားရပါတယ်။ ကြားပေါင်း လိုက်တဲ့အခါ လွယ်ကူအောင် ပြုလုပ်ထားကြတာဖြစ်ပါတယ်။ အာဆီယံသပြေက အကြမ်းခံပါတယ်။ ရေဝပ်ဒဏ်လည်း ခံနိုင်ပါတယ်။ ၂။ တစ်ဧကကို အာဆီယံသပြေပျိုးပင် (၈၀၀၀-၉၀၀၀)အထိ ထည့်သွင်းစိုက်ပျိုးကြပါတယ်။ မိုးဝေးရင် ရေကို တစ်လ (၂)ကြိမ် လောင်းပေးရတယ်။ အာဆီယံသပြေက စိုက်ပျိုးပြီး တစ်နှစ်ခွဲလောက်ကစတင်ပြီး ပန်းဖြတ်ရပါတယ်။ တစ်ခါစိုက်ပြီးတာနဲ့ ပေါင်းရှင်း၊ရေတင်ပေး၊မြေသြဇာကျွေးပေးနေရုံနဲ့ အလွယ်တကူ စိုက်ပျိုးနိုင်ပါတယ်။ အပင်ကိုပိုးသတ်ဆေးနဲ့ အပင်အားဆေးပက်ဖျန်းရင်ပိုကောင်းပြီး ပိုကျမှုနည်းပါတယ်။ ၃။ တစ်ခါဖြတ်ပြီးတာနဲ့ (၂)လလောက်အတက်မွေးရပါတယ်။ အာဆီယံသပြေကို အချိန်မလွန်ခင် ဖြတ်လှီး ကြရပါတယ်။ ပန်းခက်တစ်တောင်နီးနီးရှိတဲ့အချိန် ပန်းရောင်၊အနီရောင်အညွန့်တွေ လှိုင်လှိုင်ဝေနေတဲ့ အချိန်မှာ ဖြတ်ကြရပါတယ်။ အညွန့်လှိုင်နေတဲ့အချိန်မဖြတ်ရင် အရွက်တွေရင့်ပြီး စိမ်းသွားတတ်ပါ တယ်။ Source - ကြေးမုံသတင်းစာ Credit - ဆောင်းပါး မူရင်းရေးသားသူ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။