ခုလိုေ အာက်ရွက်ေ တကိုညှပ့်ချေ ပးတာေ ကာင်းပါသလားဗျာ့
စိုက်သထဲကအပင်တုန်းထိဆေးဖြန်းရမယ်ဆေးလမ်းညွှန်ပြပါလား
ဆရာကြီး ဦးဖရက်သိန်းဖေရဲ့ ဆောင်းပါးလေးကို ဖတ်ပြီး လေ့လာစေချင်ပါတယ်။ ခရမ်းချဉ်ကို စနစ်တကျအစာကျွေးနည်း
အဟာရ ဂရုစိုက်ပါ။ ခရမ်းချဉ် အာဟာရချို့တဲ့မှု လက္ခဏာများ (၁) နိုက်ထရိုဂျင်ဓာတ် ( N ) - အရွက်ရင့်တွေမှာ အဝါရောင် အရောင်မညီကွက်ကျား ဖြစ်လာပြီး အရွက်နုတွေမှာ စိမ်းဝါရောင်ပြောင်းလဲကာ တဖြည်းဖြည်းနဲ့ ဆဲလ်တွေပျက်စီးလာပါတယ်။ အပင်ကြီးထွားမှု ရပ်တန့်သွားပါတယ်။ (၂) ဖော့စ်ဖရပ်ဓာတ် ( P ) - အရွက်တွေမှာ အစိမ်းရောင်ဖျော့တော့တော့ ဖြစ်လာပြီး ကြီးထွားမှုနှေးကွေးသွားတယ်။ အရွက်တွေရဲ့ အောက်မျက်နှာပြင်မှာ ခရမ်းနီရောင် တဖြည်းဖြည်းသမ်းလာပါတယ်။ အရွက်ရင့်တွေမှာ ဆဲလ်တွေပျက်စီးတဲ့အထိ ပြင်းထန်တတ်ပါတယ်။ (၃) ပိုတက်ဆီယမ်ဓာတ် ( K ) - အရွက်နားတလျှောက် လောင်ကျွမ်းနေတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ အရွက်ရင့်တွေရဲ့ ရွက်ကြောတွေစိမ်းနေပြီး ရွက်ကြောတွေကြားမှာ အဝါရောင် အရောင်မညီ ဖြစ်နေတာကို တွေ့ရပါတယ်။ အရွက်ရင့်တွေမှာ လက္ခဏာစတင်လာပြီး အရွက်ငယ်တွေအထိ ပြင်းပြင်းထန်ထန် ဖြစ်တတ်ပါတယ်။ အသီးပွခြင်း၊ အသီးရင့်မှည့်တဲ့အခါ ရောဂါကျရောက်တတ်ခြင်း စတာတွေကို ဖြစ်တတ်ပါတယ်။ (၄) ကယ်လ်ဆီယမ်ဓာတ် ( Ca ) - ရွက်ကြောတွေကြားမှာ အဝါရောင်သမ်းလာပြီး အရွက်နားတွေရဲ့ ဆဲလ်တွေသေဆုံးလောင်ကျွမ်းတာကို ဖြစ်စေပါတယ်။ အသီးထိပ်ပုပ်တာကို ဖြစ်စေပါတယ်။ (၅) မဂ္ဂနီဆီယမ်ဓာတ် ( Mg ) - အရွက်ရင့်တွေမှာ ရောင်မညီကွက်ကျား စတွေ့ရပြီ အရွက်နုတွေမှာ တဖြည်းဖြည်း လက္ခဏာပြလာပါတယ်။ ရွက်လယ်ကြောဟာ အစိမ်းရောင်ရှိနေပြီး အရွက်ကြောတွေကြားမှာ ရောင်မညီကွက်ကျားတွေ တွေ့ရပါတယ်။ (၆) ဆာလ်ဖာဓာတ် ( S ) - အရွက်ရင့်တွေဟာ အစိမ်းဖျော့ရောင်ပြောင်းလာပြီး ပင်စည် နဲ့ ရွက်ညှာတွေမှာ ခရမ်းရောင်သမ်းလာကာ လွန်းပုံသဏ္ဌာန် ရှည်ထွက်နေပါတယ်။ (၇) ဘိုရွန်ဓာတ် ( B ) - အရွက်ရင့်တွေဟာ အဝါရောင်ပြောင်းလာပြီး ကြွတ်ဆတ်နေပါတယ်။ အပင်ကြီးထွားမှုအစိတ်အပိုင်းတွေရဲ့ ဆဲလ်တွေပျက်စီးပြီး အပင်သေဆုံးတဲ့အထိ ဖြစ်စေပါတယ်။ အရွက်ရင့်တွေရဲ့ အရွက်နားတွေနဲ့ အရွက်ထိပ်တွေမှာ ဆဲလ်တွေ ပျက်စီးတာကို တွေ့ရပြီး အသီးတွေပေါ်မှာ ဝက်အူရစ်ပုံသဏ္ဌာန် အကွက်တွေကို တွေ့ရပါတယ်။ (၈) ကြေးနီဓာတ် ( Cu ) - အစဦးပိုင်းမှာ အရွက်နုတွေဟာ ညှိုးလာပြီး စိမ်းပြာရောင်ပြောင်းကာ အပေါ်ကို ကွေးကောက်လာပါတယ်။ ပြင်းထန်လာတဲ့အခါ အပင်ကြီးထွားမှုရပ်တန့်သွားပြီး အရွက်တွေမှာ ရောင်မညီကွက်ကျားပုံစံတွေ တွေ့ရပါတယ်။ (၉) သံဓာတ် ( Fe ) - အရွက်နုတွေရဲ့ ရွက်လယ်ကြောဟာ စိမ်းနေပြီး ရွက်ကြောတွေကြားမှာ အဝါရောင်ကဲ့သို့ ရောင်မညီကွက်ကျားတွေ့ရပါတယ်။ (၁၀) မဂ္ဂနိစ်ဓာတ် ( Mn ) - အရွက်နုတွေရဲ့ ရွက်လယ်ကြောဟာ စိမ်းနေပြီး ရွက်ကြောတွေကြားမှာ အဝါရောင် ရောင်မညီကွက်ကျားဖြစ်ကာ ဆဲလ်တွေ ပျက်စီးတာကို တွေ့ရပါတယ်။ (၁၁) မိုလီဒီနမ်ဓာတ် ( Mo ) - အရွက်ရင့်တွေဟာ အဝါရောင်ပြောင်းလာပြီး အရွက်နားတွေရဲ့ ဆဲလ်တွေပျက်စီးတာကို တွေ့ရပါတယ်။ တဖြည်းဖြည်းနဲ့ အရွက်နုတွေဆီ ဖြစ်လာပါတယ်။ ခရမ်းချဉ်မှာတော့ အတော်အသင့်သာ တွေ့ရပါတယ်။ (၁၂) သွပ်ဓာတ် ( Zn ) - အရွက်တွေဟာ ထူပြီး အောက်ကို ကွေ့ကောက်နေပါတယ်။ ရွက်ညှာတွေဟာ တွန့်လိမ်လာပြီး အရွက်ရင့်တွေဟာ လိမ္မော်ညိုရောင် ပြောင်းလဲလာပါတယ်။ Ukyaw@Agri Ref; Nutrient Deficiency in Tomato
ဟုက်အကို အဖူးအပွင့်ေ လးညွှန်ကြားပါအုံးအဖူးပွင့်တွက်အား ေ ကာင်းေ အာင်အတင်များေ အာင်ဘာေ တလုပ်ေ ပးရမလဲဗျာ့
မြေကြီးထဲ အဟာရထည့်ထားရင် ရပါတယ်။ အောက်လက်ခြွေထားတော့ ရောဂါကျသက်သာမယ်ထင်တယ်။ လေဝင်လေထွက်လည်း ကောင်းတာပေါ့။
ဆက်စပ်မေးခွန်းများ
ဒါဘာရောဂါဖစ်တာလည်းခဗျ ဘာဆေးသုံးရမလည်း အကြံပြုကြပါဦး
ဖြေကြားချက် 1 ခု
ခရမ်းချဥ်ပင်အကြောင်းလေ့လာချင်ပါတယ်ဖုန်းနံပါတ်လေးပေးခဲ့ကြပါလားစိုက်ပျိုးနေတဲ့တောင်သူတွေဆီမှသင်ယူချင်လို့ပါ ညီ...
ဖြေကြားချက် 1 ခု
ခရမ်းချဉ် အသီးအပွင့်မြန်ချင်တာပါ ဘာလုပ်ရမလဲဗျာ့
ဖြေကြားချက် 6 ခု
တိုင်ေ ထာင့်ဖိုေ နာက်ကျကုန်လိုပါအပွင့်ေ တကလဲလိုက်ေ နပြီ ဆရာတို တိုင်မေ ထာင့်ေ ပးရင် အသီးအပွင့်တွက်ေ...
ဖြေကြားချက် 1 ခု
ခရမ်းချဉ်အပွင့်တော့မကြွေဘူး အသီးတင်နဲနေတယ်ဘာဆေးသုံးရမလဲ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။