အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,430
လွန်ခဲ့သော ၆ နှစ် က · ပန်းတောင်း

မူလ အီးအမ် လုပ်နည်းလေး ပြောပြပေးကြပါလားခင်ဗျာ..

စိုက်ပျိုးနည်း ဖရဲ
2

ဖြေကြားချက် ၂ ခု

80,504 လွန်ခဲ့သော ၆ နှစ် က

Youtube မှာတွေ့ရတဲ့နည်းကတော့ အဝါရောင်အသီး ငါးမျိုး၊ ဖွဲနု၊ တဆေး၊ ဘိစပ်အပါအဝင် အစိမ်းရောင်အရွက်များ၊ မိမိစိုက်ပျိုးသည့် အပင်များမှ အရွက်အသီးများ ဖွဲနုတို့ကိုသကာရည်တို့ကို ရောထည့်ပြီး (၇) ရက်ခန့် အချဉ်ဖေါက်ထား။ ထိုအရွက်အသီးစုံ အချဉ်ဖေါက်ရည်က (၁) ဗူး နို့အချဉ်ဖေါက်ရည် က (၁) ဗူး သကာရည်က (၁) ဗူး (သကာ၅၀ ကျပ်သား ကို ရေဖျော်ထား) ခပ်နွေးနွေး ရေ က (၄) ဗူး တို့ကို (၁၀) လီတာခန့် ဆန့်သည့် ပုံး/ဗူး/အိုးထဲသို့ ရောထည့်။ အေး၊ ခြောက်သွေ့ပြီး နေရောင်တိုက်ရိုက်မကျသည့် နေရာတွင်(၇) ရက်ခန့်ထားလိုက်ပြီဆို အီးအမ် အပြင်း၊ အီးအမ်(၁) ကို ရရှိပါတယ်။ Credit - ခွန်တူး

80,504 လွန်ခဲ့သော ၆ နှစ် က

EM အကျိုးပြုဇီ၀ပိုး အရည်ပြုလုပ်နည်... အီးအမ် ကမြေသြဇာမဟုတ်ပါ။ မြေသြဇာအမြန်ဖြစ်အောင် ချေဖျက်ပေးတာဖြစ်တယ်။ အကျိုးပြုဇီ၀ပိုးတွေက နွားချေး ကြက်ချေး သစ်ရွက်စို သစ်ရွက်ခြောက်တို့ကို အမြန်ဆွေးမြေ့စေပါတယ်။ - အရည်သောက် အုန်စိမ်း 4 လုံးအရည် - ဒိန်ချဉ် 1 ဖန်ခွက် (ဒိန်ချဉ်အချိုရည်ဗူးလည်းသုံးနိုင်) - ယိ(စ်) ဟင်းခတ်ဇွန်း 1 ဇွန်း (ပေါင်မုန့်ဖုတ်ရင်သုံးတဲ့ ပွဆေးဖြစ်တယ်) - ပဲငံပြာရည် ဟင်းခတ် 3 ဇွန်း (ထမင်းကြော်ရင်သုံးတဲ့ ပဲငံပြာရည်) အားလုံးကို ဗူးတစ်ဗူးမှာထည့်ပြီး ရောမွေပါ၊ ပြီးရင် အဖုံးလုံရုံလေးအုပ်ထားပါ။ (အဖုံးကြပ်ရင် အတွင်းကဂဲက်စ်ဖြစ်ပြီး အဖုံးပွင့်ထွက်တတ်တယ်) 7 ရက်ထားလိုက်ရင် အီးအမ်ဦးရည်ရပါပြီး။ Credit...WinMyint IQwin farm

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။