အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၁၁ ခု

1,627 လွန်ခဲ့သော ၆ နှစ် က

ကျွမ်းလှချည်လား ဆရာတစ်တူဖြစ်နေပြီပဲ ?

270,769 လွန်ခဲ့သော ၆ နှစ် က

T super ကြဲရင်တော့ဆိုးသွားတာတော့မရှိပါဘူး။

270,769 လွန်ခဲ့သော ၆ နှစ် က

ပိုတက်စီယမ် (K) ကျွေးပေးပါ။ ယမ်းစိမ်းလိုမျိုး။

270,769 လွန်ခဲ့သော ၆ နှစ် က

ကြိုတင်ကာကွယ်တာက ကုသတာထက်ကောင်းလို့ နောက်ရာသီတွေမှာ ခံနိုင်ရည်ရှိတဲ့မျိုးတွေကိုအသုံးပြုပါ။ ပိုးမပျံ့ပွားနိုင်တဲ့ အချိန်ကိုညှိစိုက်ပါ။ စိုက်ချိန်ကလည်းအရေးကြီးပါတယ်။ ရိတ်သိမ်းပြီးရင်တော့ အခင်းကို ထယ်နက်နက်ထိုးပေးလိုက်ပါ။ ဖြုတ်စိမ်းအတွက် Carbaryl 50 WP (600 g/ac), Fipronil 5EC (400 ml/ac) (200 ml/ac), Ethofenprox 10EC (200 ml/ac) တို့ကိုအသုံးပြုနိုင်ပါတယ်။ ဖြုတ်ညိုအတွက် Carbofuran, imidacloprid, thiomethaxm , phaslone 35EC @ 2ml/l (800ml/ac) water, quinolphos 5G @ 12kg/ac တို့ကိုသုံးနိုင်ပါတယ်။

580 လွန်ခဲ့သော ၆ နှစ် က

လက်ရှိအ​နေထားကိုT super ကြဲလိုက်တဲ့အတွက် ပိုဆိုးလာနိုင်ပါလားဆရာ

270,769 လွန်ခဲ့သော ၆ နှစ် က

အခင်းအခြေအနေအရ ဖြုတ်စိမ်းမှသယ်ဆောင်လာတဲ့ Rice Tungro ဗိုင်းရပ်စ်ရောဂါလည်း ဖြစ်နိုင်သလို၊ ဖြုတ်ညိုမှ သယ်ဆောင်လာတဲ့ Rice grassy stunt ဗိုင်းရပ်စ်ရောဂါလည်းဖြစ်နိုင်ပါတယ်။ သူတို့နှစ်ခုရဲ့ရောဂါလက္ခဏာတွေကလည်းဆင်တူယိုးမှားရှိပါတယ်။ ဒါကြောင့် ကွင်းဆင်းပြီး ဖြုတ်စိမ်းတွေရှိလားစစ်ဆေးကြည့်ပါ။ ဖြုတ်စိမ်းဆိုရင် အရွက်အရောင်တွေပြောင်းတာကအရွက်ထိပ်ကနမှ စတင်ပြောင်းလာတတ်ပါတယ်။ သံချေးစက်ပြောက်လေးတွေလည်း တွေ့ရတတ်မှာပါ။ ဖြုတ်ညိုသယ်ဆောင်လာတဲ့ဗိုင်းရပ်စ်ရောဂါဆိုရင်တော့ အပင်ပုတာဆိုးရွားမယ်၊ ပင်ပွားများလာလို့ ချုံပုံသဏ္ဍန်ဖြစ်တာတွေ၊ သံချေးအစက်အပြောက်တွေကိုလည်းတွေ့ရမှာပါ။ နှစ်ခုစလုံးကတော့နိုက်ထရိုဂျင်လွန်ကဲရင်မကောင်းပါဘူး။ လူကြီးမင်းရဲ့အခင်းကိုစစ်ဆေးကြည့်ပြီး ဖြုတ်ညို၊ ဖြုတ်စိမ်းနိုင်တဲ့ဆေးတွေ ဖြန်းပေးလိုက်ပါ။ အခင်းမှာ ပေါင်းမြက်တွေ ရောဂါဆိုးရွားစွာကျနေတဲ့အပင်တွေကို ဖယ်ရှားပစ်ပါ။

580 လွန်ခဲ့သော ၆ နှစ် က
580 လွန်ခဲ့သော ၆ နှစ် က
580 လွန်ခဲ့သော ၆ နှစ် က

ureaလွန်ကဲရင်ဖြစ်တတ်ပါသလား?

580 လွန်ခဲ့သော ၆ နှစ် က

ဒီဆေးတွေသုံးထားလဲမရဘူး ဆရာ

12,430 လွန်ခဲ့သော ၆ နှစ် က

စပါးကြက်သွန်မိတ်ပိုးလို့ထင်ပါတယ်။ဖြစ်နိုင်ရင်ပိုးသတ်သေးဖြန်းပေးပါလား

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။