ဖြေကြားချက် ၄ ခု
ကျေးဇူးပါ ဆရာ တို့
အုန်းသီးပင် ပြုစုနည်း ၁။ မြေပြင်ခြင်း အုန်းပင်မစိုက်မီ ဇန်နဝါရီလ၊ဖေဖော်ဝါရီလများတွင်တောခုတ်၍ မတ်လတွင်မီးရှို့ကျွန်းခွေရပါသည်။ ဧပြီလတွင်ခြံကာ၍အကွက်ချခြင်း၊ ကျင်းတူးခြင်းကို ၃၀×၃၀ပေအကွာအဝေးထား၍ မစိုက်မီတစ်လကြိုတင်၍ သုံးပေပတ်လည်ကျင်းကိုတူးထားရပါမည်။ မေလတွင်ကျင်းအတွင်းသို့အပေါ်ယံမြေလွှာ၊နွားချေးဆွေး၊ သစ်ရွက်ဆွေးနှင့်ခြံမီးရှို့၍ရသောပြာများကိုပြန်ဖို့ပေးရပါမည်။ ၂။ မြေသြဇာကျွေးခြင်း မိုးဦးကျစဇွန်လတွင်မြေသြဇာအပြီးကျွေးရပါမည်။ မီးဖိုပြာ၊နှမ်းဖတ်ပုပ်ရည်၊နွားချေးဆွေးစသည်တို့ ထည့်ပေးနိုင်သည်။ NPK(၅:၅:၉)ရောစပ်ပြီးမြေသြဇာကို အပင်သက်တမ်း ၁-၂ နှစ်သားတွင် ၁ ပေါင်နှုန်းထည့်ပါ။ အပင်ငယ်စဉ်အပင်ရင်းမှသုံးပေခွာ၍မြေကျင်းငယ်တူး၍ ထည့်ပေးပါ။ အပင်သက်တမ်း၃နှစ်သားတွင် ၂ ပေါင် အပင်သက်တမ်း၄နှစ်သားတွင် ၃ ပေါင် အပင်သက်တမ်း၅နှစ်သားတွင် ၄ပေါင် အပင်သက်တမ်း၆နှစ်အထက် ၅ပေါင်နှုန်းထည့်ပေးပါ။ အပင်ကြီးလျှင်အပင်ကြားထယ်ကြောင်းရာပေး၍ထည့်ရမည်။ ၃။ ရေသွင်းခြင်း မြောင်းသွယ်၍ပင်ခြေရင်းဝိုင်းပေးသောရေလောင်းနည်းသည် အကောင်းဆုံးဖြစ်ပါသည်။ အုန်း၏အဓိကလိုအပ်ချက်မှာနွေရာသီရေလုံလောက်အောင် ပေးနိုင်ရေးဖြစ်ပါသည်။ မိုးရာသီ၌အပင်တန်းကြား နှစ်ကြိမ်ခန့်ထယ်ထိုးခြင်း၊ အုန်းပင်ရင်းတွင်အဝိုင်းလိုက်ပေါင်းရှင်းခြင်းနှင့် မြေတောင်မြှောက်ပေးခြင်း၊မြေနိမ့်သောခြံများရေမဝပ်စေရန် ရေနုတ်မြောင်းများပြုလုပ်ထားရန်လိုပါသည်။ Source: သစ်သီးဝလံစိုက်ပျိုးနည်း -NP
အုန်းသီးကိုပြောတာပါ မေးခွန်းအပေါ်လေးမှာ သူရွေးထားပါတယ် ?Ko Nyan Htwe
ဟ မေးခွန်းကလည်းအရင်းမရှိအဖျားမရှိ ဘယ်ပန်းကပြပြီး ဘယ်အသီးကို သီးစေချင်တာလည်းဗျာ့ နောင်တော်ကြီးရ ၊?????
ဆက်စပ်မေးခွန်းများ
အုန်းသီးမရ အပွင့်ဖူးပဲ တက်နေလ်ု့ ဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 1 ခု
ဆပ်ပြာပေါက်မြေ ကို အုန်းပင်စိုက်လို့ရ နိုင်လားခင်ဗျာ သိသူများဖြေပေးကြပါ
ဖြေကြားချက် 0 ခု
ဘာရောဂါဖြစ်တာလဲဗျဘယ်လိုလုပ်ရမလဲခင်ဗျာ
ဖြေကြားချက် 0 ခု
အုန်းချိုမွှေးပင်တွေးပုံထဲကလိုဖြစ်နေလို့ဘာဆေးဖြန်းရမလဲဗျ
ဖြေကြားချက် 2 ခု
ယိုးဒယား အုန်း အပင်ပုမျိုး ၃နှစ်ဆို သီး တင်ပေးကြပါဦး
ဖြေကြားချက် 2 ခု