ဖြေကြားချက် ၄ ခု
ဒီအရည်ကဘိုကာရှီမြေဆွေးလုပ်ရင်ရောသုံးလို့ရပါသလားရှင့်
ပြည့်ပြည့်စုံနဲ့ ဖြေပေးတာ ကျေးဇူးပါ ကိုကျော်စွာ။ လေ့လာမှတ်သားရပါတယ်။
သတ္တလောက အကျိုးပြု EM (Effective Microorganism) နည်းပညာ ဒေါက်တာဟီးဂါး (EM စတင်တွေ့ရှိသူ) EM နည်းပညာအကြောင်း မပြောမီ ၎င်း EM ကို စတင်တွေ့ရှိဖော်ထုတ်ခဲ့တဲ့ ဂျပန်နိုင်ငံ အိုကီနာဝါ Ryukyus တက္ကသိုလ်မှ Horticulture ပါမောက္ခ Dr. Teruo Higa အကြောင်း အနည်းငယ်ဖော်ပြလိုပါတယ်။ ဒေါက်တာဟီးဂါး ဟာ လက်ရှိမှာ EM Research Organization (EMRO) ကိုတည်ထောင်သူ၊ Asia Pacific Natural Agriculture Network (APNAN) ရဲ့ ဥက္ကဌ၊ International Nature Farming Research Center (INFRC) ရဲ့ BOD တဦး၊ အနေနဲ့ တာ၀န်ထမ်းဆောင်နေပြီး ဂျပန်မှ စိုက်ပျိုးရေဆိုင်ရာအသင်းတွေအပြင် တခြားသော အရေးပါတဲ့ကဏ္ဍတွေမှာ အသင်း၀င်အနေနဲ့ ရှိနေပါတယ်။ ၂၀၀၇ခုနှစ်မှာ Ryukyus တက္ကသိုလ် မှာ Honorary Professor အဖြစ်၊ Meio University ရဲ့ Professor အဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။ သူရဲ့ EM နည်းပညာကို (၁၉၈၀) အသက် ၄၀စွန်းစွန်းမှာ စတင်တွေ့ရှိခဲ့ပြီး အခုဆိုရင် နိုင်ငံပေါင်း ၁၂၀ကျော် ဒီနည်းပညာနဲ့ မိတ်ဆက်ပေးခဲ့ပြီး EMTM အဖြစ် စိုက်ပျိုးရေးတင်မကဘဲ နယ်ပယ်ကဏ္ဍအစုံမှာ အသုံးတည့်တဲ့ နည်းပညာနဲ့ ကမ္ဘာကြီးကို အကျိုးပြုခဲ့ပါတယ်။ ဒေါက်တာဟီးဂါးက ဒီနည်းပညာကို ဘယ်လောက်ထိ အာမခံထားသလဲဆိုရင် ကမ္ဘာ့လူဦးရေ ၁၀ဘီလီယံစာရဲ့ စားနပ်ရိက္ခာ EM နည်းပညာသုံးပြီး သာသာလေး ဖြေရှင်းပေးနိုင်မယ်လို့ ဆိုပါတယ်။ သူက သဲကန္တာရလွင်ပြင် စိမ်းလန်းစိုပြေရေးအထိပါ အာမခံလုပ်ပေးခဲ့တာ အခုဆို အီဂျစ် နဲ့ ဆော်ဒီအာရေးဘီယား ဒေသတွေမှာ အောင်မြင်တဲ့ ပြယုဂ်တွေ ဖြစ်ထွန်းပေါ်ပေါက်လာပါပြီ။ သူ့ရဲ့ မဏ္ဍိုင်အတွေးအခေါ်က ဘုံယှဉ်တွဲနေထိုင်ပြီး ဘုံစနစ် မျှဝေပိုင်ဆိုင်ခြင်းပါပဲ။ တစုံတခု၊ တစုံတဦးအပေါ် လုံး၀အနိုင်ယူရမယ်ဆိုတဲ့ အတွေးအခေါ်ပေါ် မျက်စိစုံမှိတ်လက်ခံယုံကြည်နေခြင်းကို သူဟာ လုံး၀နှစ်မြို့သူ မဟုတ်ပါဘူး။ ဒါတွေကြောင့်ပဲ သဘာ၀ရဲ့ ကျိန်စာတွေအဖြစ် ပတ်၀န်းကျင်ညစ်ညမ်းပြီး စာနပ်ရိက္ခာပြတ်လပ် သည်အထိ ဖြစ်ခဲ့တယ် ဖြစ်နိုင်တယ်လို့ သူသုံးသပ်ခဲ့ပြီး အားလုံးကိုလဲ ဒီလိုတဖက်စောင်းနင်းဖြစ်မှုကနေ ရုန်းထွက်ပြီး ဘုံယှဉ်တွဲမျှဝေနိုင်တဲ့စနစ်ကို ကျင့်သုံးကြဖို့ တွန်းအားပေးခဲ့ပါတယ်။ EM နည်းပညာရဲ့ အကျိုးကျေးဇူးများ စိုက်ပျိုးရေးနယ်ပယ်မှာ ဒီ EM နည်းပညာကို အသုံးချခြင်းဖြင့် ပတ်၀န်းကျင်ကိုလဲ ကာကွယ်ပြီးဖြစ်သလို လုံလောက်တဲ့ စိတ်ချပြီး ကျန်းမာတဲ့အစားအစာကို စျေးသက်သာစွာ ပေးနိုင်မယ်လို့ သူကဆိုပါတယ်။ ဒီ EM နည်းပညာကို နေ့စဉ်ဘဝတွေထဲမှာပဲ အသုံးချနိုင်ပါတယ်။ • မီးဖိုချောင်စွန့်ပစ်အမှိုက်တွေကို သြဂဲနစ် မြေသြဇာတွေ အဖြစ် ပြောင်းလဲပစ်နိုင်တယ်။ • ဒီ EM နည်းပညာနဲ့ အသုံးချထားတဲ့ မြေဆီလွှာက အရည်အသွေးပိုမိုလာတယ်။ အကျိုးပြု အဏုဇီဝတွေကြောင့် မြေဆီလွှာရဲ့ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိတွေအပြင် ဇီ၀ဂုဏ်သတ္တိတွေပါ ဖွံ့ဖြိုးလာစေပါတယ်။ ဒါကြောင့် ထုတ်ကုန်တိုးမြှင့်စေပြီး ရောဂါနဲ့ ဖျက်ပိုးဒဏ်တွေကိုပါ ကာကွယ်နိုင်လာပါတယ်။ • ဓာတုစိုက်ပျိုးရေးစနစ်ကို အသုံးမပြုတဲ့အတွက် မြေဆီလွှာ၊ ရေထု၊ လေထု ညစ်ညမ်းမှုတွေကို အံ့မခန်း လျှော့ချနိုင်တဲ့ အကျိုးကျေးဇူးကို ရရှိစေပါတယ်။ • စိုက်ပျိုးရေး နယ်ပယ်အသီးသီးမှာ ကဏ္ဍအစုံအတွက် အသုံးချနိုင်ပါတယ်။ အသီး၊ အပွင့် တင်စေခြင်းသာမက များစွာသောအကျိုးတွေ ရရှိစေပါတယ်။ • မွေးမြူရေးကဏ္ဍအနေနဲ့လဲ ကျွဲ၊ နွား၊ ဆိတ်၊ ၀က်၊ ကြက် စတဲ့ အလုံးစုံသော တိရစ္ဆာန်မွေးမြူရေးအတွက် ဒီနည်းပညာကနေ များစွာသော အကျိုးတွေ ပေးပါတယ်။ • ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းတွေ ရေကူးကန်တွေမှာပါ ဒီ EM နည်းပညာကို အသုံးချနိုင်ပါတယ်။ • ရေဆိုးရေညစ် မိလ္လာစနစ်များရဲ့ အနံ့ဆိုးတွေ ပယ်ဖျောက်စေရာမှာလဲ အသုံးချနိုင်ပါတယ်။ • ဆူနာမီ၊ ငလျင်၊ ရေဘေးသင့်ဒေသတွေမှာ ကပ်ရောဂါများ မဆိုက်ကပ်စေရန် အစီအစဉ်များမှာလဲ တခန်းတကဏ္ဍ ပါ၀င်နေပါတယ်။ • လူတို့၏ တကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ကိစ္စရပ်မျာမှာလဲ အသုံးချနိုင်ပါတယ်။ ဘာလဲဟဲ့ EM နည်းပညာ ကောင်းပြီ ဒီလိုဘက်စုံအသုံး၀င်နေတဲ့ EM က ဘာတွေ ပါ၀င်နေလို့ ဒီလောက်စွမ်းနေရသလဲဆိုတော့။ သူ့မှာ ဓာတုနည်း၊ မျိုးဗီဇနည်းတွေနဲ့ ဖမ်းတီးထားခြင်းမဟုတ်တဲ့ သဘာ၀တရားဖြစ်စဉ်မှ သိပ္ပံနည်းကျ ရယူထားတဲ့ အကျိုးပြုအဏုဇီဝတွေ ပါ၀င်နေလို့ပါပဲ။ သူက ကျနော်တို့ စွန့်ထုတ်လိုက်တဲ့ အရာမှန်သမျှကို ကျနော်တို့ ပတ်၀န်းကျင်အတွက် သန့်ရှင်းတဲ့အရာတွေအဖြစ် အကျိုးပြုတဲ့ အရာတွေအဖြစ် ဖန်တီးပေးနေပါတယ်။ သူတို့တွေဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလို့ တင်စားခေါ်ဝေါ်နိုင်လောက်အောင်လဲ သဘာ၀ရဲ့ အဖျက်တရား (သို့မဟုတ်) ဓာတ်တိုးခြင်းကို အတိုင်းအတာတခုအထိ ထိန်းပေးထားနိုင်စွမ်းလဲ ရှိကြပါတယ်။ ဒီ EM မှာပါ၀င်တဲ့ အဏုဇီ၀ပိုးတွေတခုချင်းစီမှာ မတူညီတဲ့ လုပ်ငန်းဆောင်တာတွေ စွမ်းဆောင်မှုတွေ ရှိကြပါတယ်။ ဒါ့အပြင် ၎င်းတို့အချင်းချင်းလဲ အပြန်အလှန် သဟဇာတဖြစ်ကာ အကျိုးပြုနေပြန်ပါတယ်။ ဒါဟာလဲ EM ရဲ့ ချစ်စဖွယ် စွမ်းဆောင်မှုတခုလို့ သုံးသပ်မိပါတယ်။ ဒီ EM တွေမှာ ပါ၀င်တဲ့ အကျိုးပြုအဏုဇီဝတွေက သတ္တလောက တခုလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ အင်ဇိုင်းတွေ၊ ဗီတာမင်တွေ၊ ဟော်မုန်းတွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ပဋိဇီဝတွေ၊ စတာတွေကို တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း လှုံ့ဆော်ထုပ်လုပ်ပေးနေသူတွေပဲဖြစ်ပါတယ်။ ဒီ အကျိုးပြု အဏုဇီဝတွေက တကယ်တော့ သတ္တလောကထဲမှာပဲ ပုံမှန်အနေအထားမှာ အရေအတွက်နဲစွာ တည်ရှိနေပြီးသားပါ။ ဒါကို ဒေါက်တာဟီးဂါးက တိကျတဲ့ သိပ္ပံနည်းနဲ့ ဖော်ထုတ်ခဲ့တာမို့ ကျနော်တို့ မျက်မှောက်ကို ရောက်ရှိလို့ လာခဲ့ပါတယ်။ EM နည်းပညာလို့ ခြုံငုံခေါ်ဝေါ်ရခြင်းက မူလအခြေပြု EM-1 လို့ ခေါ်တဲ့ဖျော်ရည်မှ ဆင့်ပွားဖော်စပ်ခြင်းအားဖြင့် တခြားတခြားသော သြဂဲနစ်နည်းပညာတွေနဲ့ အလွယ်တကူ ပေါင်းစပ်အသုံးပြုခြင်းမှ များစွာသော အကျိုးထူးတရားတွေကို ရစေတဲ့ နည်းပညာဖြစ်လို့ ဒီလို ခေါ်ဝေါ်ရခြင်းပါ။ EM နည်းပညာမှာ EM-1 လို မူလပျော်ရည်တမျိုးထဲတင်မဟုတ်ဘဲ ၎င်းနှင့် တွဲစပ်အသုံးပြုနိုင်သော တခြားနည်းပညာ တနည်း သြဂဲနစ်နည်းပညာတို့နှင့် ပေါင်းစပ်နိုင်သော ဂုဏ်သတ္တိရှိပါတယ်။ ဒါကိုပဲ သဘာ၀တရားနဲ့ ပေါင်းကူစပ်သွယ်ပေးသော နည်းပညာလို့ ဆိုနိုင်ပါတယ်။ EM နည်းပညာရဲ့ မူလပျော်ရည် (သို့မဟုတ်) EM-1 EM နည်းပညာတခုလုံးမပြောခင် အရေးပါတဲ့ EM-1 အကြောင်း ပြောချင်ပါတယ်။ သူဟာ EM ဖြစ်တည်လာဖို့ မူလကနဦး ဖျော်စပ်ရတဲ့ ပျော်ရည်ပါ။ ဒီအထဲမှာ ပါ၀င်တဲ့အရာတွေကတော့ အောက်မှာ ဖော်ပြထားပါတယ်။ ၁။ လက်တစ်အက်ဆစ် ဘက်တီးရီးယား ( LAB- Lactic Acid Bacteria) တွေဟာ ဖျက်ပိုး အဏုဇီဝတွေကို နှိမ်နင်းတဲ့နေရာမှာ အထူးပြုတပ်သားတွေလို့ ဆိုရပါမယ်။ LAB တွေဟာ ဖျက်ပိုး အဏုဇီဝတွေအပြင် Fusarium ဖျူဇယ်ရီယမ် လို မှိုဆိုးတမျိုးကိုလဲ နှိမ်နင်းနိုင်ပါတယ်။ သူဟာ မြေဆီထဲက အရာတွေကို အော်ဂဲနစ်ပစ္စည်းများအဖြစ် ဖြိုခွဲရာမှာလဲ ပါ၀င်ဆောင်ရွက်နိုင်ပါတယ်။ LAB တွေဟာ သကြားဓာတ်အမြောက် အမြားများကို Lactic Acid အချဉ်ဖောက်ခြင်းဖြစ်စဉ်နဲ့ လက်တစ်အက်စစ်အသွင်ပြောင်းစေပြီး pH level ကို နှိမ့်ချစေတာမို့ ဒီနည်းနဲ့ပဲ ဖျက်ပိုးအဏုဇီဝတွေကို နှိမ်နင်းတာပါ။ ၁၈၅၇ မှာ လူး၀စ် ပါချာက ဒီ LAB ကို စတင် တွေ့ခဲ့ပြီး နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ခဲ၊ ဒိန်ချဉ်ပြုလုပ်ခြင်းနဲ့ တာရှည်ခံစေခြင်း နည်းပညာရပ်တွေမှာ အကျိုးရှိစွာ အသုံးချခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးမီ လေ့လာတွေ့ရှိချက်များအရ ဒီ Lactic Acid ဟာ အစာချေစနစ်အပြင် ခန္ဓာကိုယ်ခုခံအားစနစ်၊ ကင်ဆာဆဲလ်ပွားစေခြင်းကို ရပ်တန့်စေခြင်းဆိုင်ရာ၊ မျိုးဗီဇဖောက်ပြန်ပြောင်းလဲမှုကို တားဆီးစေသောစနစ်၊ ကိုလက်စထရော ကျစေခြင်း နဲ့ စိတ်ဖိစီးမှုတွေပါ လျော့ပေးစေခြင်း စတဲ့ များစွာသောအကျိုးကျေးဇူးတွေ ပေးတယ်လို့ သိရပါတယ်။ ၂။ တဆေး (Yeasts) တွေဟာ အပင်အတွက် အကျိုးပြုဟော်မုန်းနဲ့ ပဋိပစ္စည်းတွေထုတ်လုပ်ခြင်းဆိုင်ရာမှာ ပါ၀င်ပတ်သတ်နေပါတယ်။ နောက် သူကိုယ်တိုင်က LAB နဲ့ Actinomycetes လို့ခေါ်တဲ့မှိုမျိုးတွေအတွက် အထောက်အပံ့ပေးတဲ့အစာဖြစ်နေပါတယ်။ ဒက်ခ်ျလူမျိုး ကုန်သည် Antony Van Leeuwenhoek (1632-1723) က တဆေးကို ပထမဆုံးတွေ့ရှိခဲ့ပြီး အရက်ချက်ခြင်း၊ ပေါင်မုန့်ဖုတ်ခြင်းတွေမှာ မရှိမဖြစ်အရေးပါတဲ့ အဏုဇီ၀တမျိုးပါပဲ။ တဆေးတွေက သကြားဓာတ် ကြွယ်၀တဲ့ အပင်ရဲ့ ၀တ်ရည်၊ အသီး၊ အပွင့်တွေမှာ ရှိတတ်ပါတယ်။ EM နည်းပညာမှာ တဆေးဟာ အင်မတန် အရေးပါတဲ့ အမိုင်နိုအက်စစ်၊ ပိုလီဆက်ခရိုဒ် (သကြားဓာတ်)ကဲ့သို့သော ဇီဝြဖစ်စဉ်ဇာတ်ကောင်တွေကို မွေးထုတ်ပေးပါတယ်။ ၃။ အက်တီနိုမိုင်ဆီးတီးစ် (Actinomycetes) မှိုမျိုးဟာ အပင်အတွက် ဒုက္ခပေးတတ်တဲ့ မှို၊ ဘက်တီးရီးယားတွေကို နှိမ်းနင်းပြီး တခြားအကျိုးပြု ဘက်တီးရီးယားတွေနဲ့ ယှဉ်တွဲနေထိုင်နိုင်တဲ့ မှိုပါ။ ၄။ အလင်းဖြင့် အစာချက်တဲ့ ဘက်တီးရီးယား (Phtotosyethesis Bacteria) တွေဟာ EM ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို တာ၀န်ယူနေသူဆိုရင် မမှားပါဘူး။ သူတို့တွေဟာ ယနေ့ကာလ လေထုထဲ အောက်ဆီဂျင် ၂၁% ထက် နည်းတဲ့အချိန် ကမ္ဘာဦး အစောပိုင်းကာလကတည်းက အသက်ရှင်ရပ်တည်နေတဲ့ ဘက်တီးရီးယား တွေပါ။ ၎င်းဘက်တီးရီယားများဟာ အလင်းဖြင့်အစာချက်သည်ဆိုသော်လဲ အပင်များကဲ့သို့ ရေကိုအသုံးမပြုဘဲ မြေဆီလွှာအတွင်း အဆိပ်ဖြစ်သော H2S ကဲ့သို့ ဒြပ်ပေါင်းများနှင့် တခြားသြဂဲနစ်ရုပ်ကြွင်း များ၊ အပင်၏ အမြစ် မှာ စိမ့်ထွက်သော အဟာရဓာတ်များကို အသုံးချကာ အပင်အတွက် အကျိုးရှိသော အပင်က တိုက်ရိုက်စားသုံး နိုင်သော အစာအဟာရဓာတ်များကို ဖန်းတီးထုတ်ယူပေးတယ်။ ဒါ့အပြင် ရိုင်ဇိုဘီယမ်လို ပဲမြစ်ဖုဘက်တီရီးယား များနှင့် တခြားအကျိုးပြု ဘက်တီးရီးယား၊ မှိုများနှင့် သဟဇီ၀နကျစွာ အပြန်အလှန်အကျိုးပြု နေထိုင်နိုင်တယ်။ ၅။ အကျိုးပြုမှိုများကတော့ သြဂဲနစ်ရုပ်ကြွင်းတွေ အချဉ်ဖောက်ခြင်းဖြစ်စဉ်မှာ လျင်မြန်စေပြီး အနံ့ဆိုးတွေကို နှိမ်နင်းပေးပြီး ဖျက်ပိုးအင်းဆက်များကိုလဲ ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ အထက်ဖော်ပြပါ အကျိုးပြု မှို၊ ဘက်တီးရီးယားတွေက EM-1 ပျော်ရည်မှာ အဓိကပါ၀င်တဲ့ အရာတွေပါ။ တကယ်တော့ EM-1 ပျော်ရည်ဟာ စျေးကွက်မှာ ၀ယ်နိုင်ပေမယ့် ကျနော်တို့ မြန်မာတောင်သူတွေ အနေနဲ့ စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် သုံးမယ်ဆိုရင် စျေးကတော့ အတန်အသင့် ကြီးမြှင့်နေတာကြောင့် ကျနော်အနေနဲ့ သက်သာလွယ်ကူတဲ့ နည်းစနစ်တွေနဲ့ မိတ်ဆက်ပေးပါမယ်။ တကယ်တော့ ဒါတွေဟာ အရင်ကတည်းက ဆောင်းပါးတွေမှာ ဖော်ပြပြီးသားဖြစ်ပေမယ့် အခု ဒီ EM နည်းပညာမှာ တစုတစည်းထဲ ဖြော်ပချင်တာကတကြောင်း၊ နောက် EM နည်းပညာနဲ့ ပေါင်းစပ်ပြီး ကျနော်လက်တွေ့တွေ့ရှိချက်တွေနဲ့ ရရှိလာတဲ့ ဖော်ပြချက်တွေကို ဒီနောက်ပိုင်းမှာ ဖော်ပြသွားပါမယ်။ EM-1TM က စျေးကွက်မှာ လိုချင်ရင် ရပေမယ့် သူ့ရဲ့ နည်းပညာအသေးစိတ် လုပ်ပုံလုပ်နည်းကို Dr. Higa သော်၎င်း တခြားပညာရှင်များသော်၎င်း တိုက်ရိုက်ဖော်ပြထားခြင်းမရှိပါ။ ကျနော် Website ပေါင်းများစွာ လေ့လာပြီး ကျနော်တတ်နိုင်သလောက် ကြိုးစားအားထုတ်ပြီး ရေးသားဖော်ပြထားပါတယ်။ ဒီနည်းတွေမှာ အမှားအယွင်းရှိခဲ့ပါက ကျနော်တဦးတည်းနှင့်သာ သက်ဆိုင်ကြောင်း အထူး မေတ္တာရပ်ခံအပ်ပါတယ်။ အကယ်၍ ပညာရှင်များအနေနဲ့ ကျနော့်အမှားကို ထောက်ပြကာ အမှန်ပြင်ပေးမည်ဆိုပါက အထူးပဲကြိုဆိုပါကြောင်း ပြောလိုပါတယ်။ အခုကစပြီး နည်းစနစ်များကို တခုချင်းစီ ဖော်ပြပါမယ်။ EM-1 ပြုလုပ်နည်း အဆင့်ဆင့် စျေးကွက်က EM-1 ကို လိုက်ပြီးတုပခြင်းတော့ မဟုတ်ပါ။ အဲ့ဒီမှာပါ၀င်တဲ့ အကျိုးပြုမှိုတွေ ဘက်တီးရီးယား အားလုံးနီးပါး ပါ၀င်အောင် ပြုလုပ်ထားပါတယ်။ နောက်ပိုင်းတော့ Beneficial Microorganism- BM လို့ အမည်ပြောင်းလဲကောင်း ပြောင်းလဲပါမယ်။ အထက်ဖော်ပြပါ အကျိုးပြုဘက်တီးရီးယား၊ မှို ၅မျိုးအား အုပ်စု ၂စုခွဲ၍ ဖော်စပ်ပါမည်။ အုပ်စု (၁) LAB လက်တစ်အက်ဆစ်ဘက်တီးရီးယားအုပ်စုဟု ခေါ်တွင်စေပြီး အုပ်စု(၂) အား Photosynthetic Bacteria (အလင်းဖြင့် အစာချက်ဘက်တီးရီးယား) အုပ်စုဟူ၍ ခေါ်တွင်စေပါမယ်။ LAB Group (လက်တစ်အက်ဆစ်ဘက်တီးရီးယား အုပ်စု) မွေးမြူခြင်း လိုအပ်သောပစ္စည်း ၁။ ရေ ၁၀၀ စီစီ (သို့မဟုတ်) ၁၀၀ မီလီလီတာ ၂။ ဆန် အနည်းငယ် (ရေ ၁၀၀စီစီ ပမာဏ၏ တ၀က်ခန့်) ၃။ အလုံပိတ်ရသော ဖန်ပုလင်းအကြည် ၁လုံး ( ၃၀၀ စီစီ ၀န်းကျင်ဆန့်တဲ့ အဖုံးပိတ်လို့ရတဲ့ ယိုဘူး) ၄။ နွားနို့ ၁လီတာ (၆၀ကျပ်သားခန့်) ၅။ ၁.၂၅လီတာခန့် ဆန့်တဲ့ ဖန်ပုလင်းအကြီး ၁လုံး ၆။ သကာရည် ၁ဇွန်း (ထန်းလျက်၊ ကြံသကာ စသည်) ၇။ ဆေးထိုးအပ် ၁ လုံး ၈။ ၁ခါသုံးလက်အိတ် ၁စုံ ၉။ ရေစစ်တခု မှတ်ချက်။ ။ ရေသည် ဓာတုနည်းဖြင့် ပိုးသတ်မထားတဲ့ တနည်း ကလိုရင်းမထည့်ထားတဲ့ရေ ဖြစ်ရမယ်။ အကယ်၍ မဖြစ်မနေ ကလိုရင်းထည့်ထားတဲ့ရေပဲ ရှိတယ်ဆိုရင် တညသိပ်ပြီးမှ သုံးပါ။ ရေသည် ၃၅-၄၀ ဒီဂရီခန့် ကျက်သိမ်းနွေးအပူချိန်ဖြစ်လျှင် ပိုကောင်းပါတယ်။ ဆန်သည် ကြမ်းလေကောင်းလေပါပဲ။ ဖန်ပုလင်းများဟာ အလွှာကို လွယ်ကူစွာ ကြည့်နိုင်ရန် အကြည်ကိုသာ သုံးသင့်ပါတယ်။ နွားနို့က အကောင်းဆုံးက လတ်လတ်ဆတ်ဆတ် နွားမကညှစ်ယူတဲ့ဟာကို သုံးပါ။ မကျိုချက်ရပါ။ အကယ်၍ မဖြစ်မနေ City Mart မှ ပိုးသတ်ပြီးနွားနို့ကို သုံးရင်လဲ ရပေမယ့် အာနိသင်တော့ မတူပါ။ သကာရည်၊ ထန်းလျက်၊ ကြံသကာ၊ စသည်တို့ကို သုံးသင့်သည်။ မရမှ သကြားအညိုးကြမ်းကို သုံးပါ။ လုံး၀မှ မရခဲ့ရင်တော့ သကြားဖြူကို သုံးနိုင်ပါတယ်။ အာနိသင်တော့ မတူပါ။ ဆေးထိုးအပ်မှာ အရည်ကို စုပ်ယူရန်အတွက်ပါ။ လက်အိတ်သုံးတာက တချို့သောသူတွေ အချဉ်ဖောက်ခြင်း ကိစ္စတွေကို ကိုင်တွယ်ရာမှာ သူတို့လက်နှင့် ထိတွေ့မိပါက ဓာတ်ပျက်တတ်သော သဘောရှိခြင်းကြောင့် ဖြစ်ပါတယ်။ ပြုလုပ်ပုံ ၁။ ပထမအနေနဲ့ လက်အိတ်၀တ် လက်ကို ရေအနည်းငယ် ဆေးကြောပြီး ဆန်အနည်းငယ်နှင့် ရေ ၁၀၀ စီစီ ကို ဆန်ဆေးသလို ပွတ်တိုက်ဆေးပါ။ (အကယ်၍ မိမိအိမ်မှ ထမင်းချက်ခါနီး ဆန်ဆေးရေ ပထမအကြိမ်မှ ဆန်ဆေးရည် ၁၀၀ စီစီ ခန့်ကို ယူရင်လဲ ရပါတယ်။ အိမ်က ဆန်ကောင်းစားရင်တော့ ဆန်ကြမ်းအနည်းငယ်နဲ့ လုပ်တာ ပိုကောင်းပါတယ်။) ဆေးပြီးသား ဆန်ကို ထမင်းချက်ရာမှာ၎င်း တခြားနေရာမှာ ပြန်သုံးနိုင်ပါတယ်။ ရေမှာ ၃၅-၄၀ဒီဂရီ စင်တီဂရိတ်ခန့် ကျက်သိမ်းနွေးအပူချိန်ရှိလျှင် LAB များပို၍နှစ်သက်ပါတယ်။ ၂။ ဆန်ဆေးရည် ၁၀၀စီစီခန့်ကို ဖန်ပုလင်းအကြည်အသေးထဲ ထည့်ပြီး အဖုံးကို အကြပ်ကြီးလည်းမဟုတ် အချောင် ကြီးလဲမဟုတ် လေထွက်နိုင်ရုံ အနေအထားပိတ်ပြီး အပူချိန်မျှတ၍အရိပ်ရသောနေရာမှာ ၁ပတ်ခန့်ထားပါ။ ဖန်ပုလင်းက ၃၀၀ စီစီခန့် ဆန့်တာကို သုံးရခြင်းက အပေါ်ပိုင်းလေဟာနယ်ကို ၅၀-၇၅% ၀န်းကျင်ခန့် ထားပေး ချင်လို့ပါ။ ဒါမှ ရှိတဲ့ လေနဲ့ ဓာတ်ပြုစေမှာပါ။ ပုလင်းပိတ်ရခြင်းက အပြင်က တခြားမလိုတဲ့ ဘက်တီးရီးယားတွေ မ၀င်နိုင်အောင်လို့ပါ။ ဓာတ်ခွဲခန်းအတွင်း သတ်မှတ်အပူချိန်တခုမှာ ထားတာမဟုတ်လို့ ရက်အတိအကျ မပြော နိုင်ပါ။ ပုံမှန် အခန်းအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်အတွင်းမှာတော့ ၇ရက်ခန့် ထားနိုင်ပါတယ်။ အေးရင် ၁၀ရက် ပူရင် ၅ရက်ခန့် ကြာနိုင်ပါတယ်။ ၃။ တပတ်အကြာမှာ ဖန်ပုလင်းမှာ အလွှာသုံးလွှာ ပေါ်လာမှာဖြစ်တယ်။ • အပေါ်ဆုံးအလွှာက အချဉ်ဖောက်ဖြစ်စဉ်မှ ရလာတဲ့ ကာဗိုဟိုက်ဒရိတ် နဲ့ မှိုတချို့ဖြစ်ပြီး ဖယ်ထုတ်ရမှာပါ။ • အလယ်အလွှာ (ပမာဏ အများဆုံး)က ကျနော်တို့လိုချင်တဲ့ LAB နဲ့ တခြားဘက်တီးရီးယားတွေ ရှိတဲ့အရည်ပါ။ • အောက်ဆုံးအလွှာကတော့ ကစီဓာတ်နဲ့ အနည်တွေ ဖြစ်ပါတယ်။ ဒီအလယ်လွှာကို ဆေးထိုးအပ်နဲ့စုပ်ယူခြင်းက ပိုပြီးအဆင်ပြေပါတယ်။ တခြား အဆင်ပြေတဲ့နည်းတွေနဲ့လဲ ယူနိုင်ပါတယ်။ ၄။ ရလာတဲ့ ဆန်ဆေးရည် အချဉ်ဖောက်ရည် (LAB နဲ့ တခြားဘက်တီးရီယားတွေပါ၀င်နေတဲ့ အရည်) ကို နွားနို့ ၁၀ဆနဲ့ ရောပါမယ်။ ဒီလိုရောလိုက်ခြင်းက LAB တွေဟာ သကြားဓာတ်အမြောက် အမြားများကို Lactic Acid အချဉ်ဖောက်ခြင်းဖြစ်စဉ်နဲ့ လက်တစ်အက်စစ်အသွင်ပြောင်းစေပြီး pH level ကို ၃ မှ ၄ ကြား နှိမ့်ချစေတာမို့ ဒီနည်းနဲ့ပဲ တခြားမလိုတဲ့ အပင်အတွက် အကျိုးမပြု ဖျက်ပိုး ဘက်တီးရီးယား၊ မှိုများကို သေစေပါတယ်။ ဒီအဆင့်မှာ ဆန်ဆေးရည်အချဉ်ဖောက်ရည်နဲ့ နွားနို့ဆယ်ဆနဲ့ကို ၁လီတာကျော်ကျော်ဆန့်တဲ့ (၁.၂၅လီတာဆို ပိုအဆင်ပြေပါတယ်။) ဖန်ပုလင်းထဲကို ထဲ့ပါမယ်။ ဒီအဆင့်မှာ ပုလင်းထဲ တတ်နိုင်သမျှ အပေါ်ယံလေပါ၀င်မှု နည်းစေရပါမယ်။ ဆိုလိုတာ အပြည့်နီးပါးထည့်ဖို့လိုပါမယ်။ လေမဲ့ဖြစ်စဉ်နဲ့ အချဉ်ဖောက်မှာ ဖြစ်လို့ပါ။ အဖုံးကို လဲ တတ်နိုင်ရင် အဆင်ပြေရင် တဖက်ဖွင့် လေကန်ဗားပါတဲ့ဟာ တပ်ပေးရင် ပိုကောင်းပါမယ်။ အချဉ်ဖောက် ဖြစ်စဉ်ကြောင့် ထွက်လာမယ့် အောင်းဓာတ်ငွေ့တွေကို ဖယ်ထုတ်စေပြီး အပြင်မှလေ လုံး၀မ၀င်စေရပါ။ ၅။ တပတ်ခန့် အပူချိန်မျှတ၍ အရိပ်ရသော နေရောင် တိုက်ရိုက်မထိသော နေရာတွင်ထားပါ။ ဖန်ပုလင်း အတွင်းဖိအား များလွန်းပါက ဖန်ပုလင်းပါးလျှင် ကွဲတတ်သည်။ တခါ အရည်မှာ လျှံကျတတ်သည်။ သတိထား၍ စောင့်ကြည့်ပေးပါ။ အပူအအေးပေါ်မူတည်၍ တပတ်ခန့်အကြာတွင် အပေါ်ယံအလွှာ မလိုင်လိုတက်နေပြီး အောက်မှာ ဝါနှစ်နှစ်အရည်ကိုတွေရပါမယ်။ အဲ့ အပေါ်ယံအလွှာကို မွေးမြူထားတဲ့ တိရစ္ဆာန်တွေ ကျွေးနိုင်ပါတယ်။ အစာချေစနစ်ပိုင်းနှင့် ကျန်းမာရေး အထူးကောင်းမွန်စေပါတယ်။ (သြဂဲနစ်စိုက်ပျိုးရေးမှာ ဘယ်အရာမှ အလဟဿမဖြစ်ပါ။) အောက်က ဝါနှစ်နှစ်အရည်မှာတော့ LAB နဲ့ တခြားအပင်အတွက် အကျိုးပြုဘက်တီရီးယား (တဆေး) များ အများစုပါ၀င်နေပြီး ဆေးထိုးအပ်ဖြင့် စုပ်ယူစုဆောင်းနိုင်ပါတယ်။ ၆။ ရရှိပြီးသော LAB အုပ်စုကို ချက်ချင်းအသုံးမပြုသေးပါက သကာရည်၊ သို့မဟုတ် ထန်းလျက်၊ကြံသကာခဲများ ကို ရေသုံးပုံ၁ပုံရော၍ ပြစ်ပြစ်ကျိုထားသောအရည် ဖြင့် ရောကာ ရေခဲသေတ္တာထဲ သိမ်းထားနိုင်ပါတယ်။ ထားမည့်ရက် ကြာမည့်မှုပေါ်မူတည်၍ အချိုရည်ကို များများရောရမည်။ အကောင်းဆုံးအချိုးမှာ ဆတူဖြစ်သည်။ LAB အရည် တစ်လီတာဖြစ်က သကာရည် ၁လီတာဖြင့် ရောကာ အအေးခန်းသိမ်းထားရပါမယ်။ ခဲအောင်တော့ မလုပ်ရပါ။ ရေခဲသေတ္တာအောက်ထပ်က ဟင်းသီးဟင်းရွက်ထည့်တဲ့နေရာဆိုလျှင် အဆင်ပြေပါတယ်။ ရေခဲသေတ္တာ အခက်အခဲရှိက အေးသောအ၀တ်ဖြင့် ပတ်ထား၍ အေးသော အရိပ်ရသော နေရာမှာ ထားနိုင်ပါတယ်။ အေးရင် ဘက်တီးရီးယားများ လှုပ်ရှားမှု နှေးကွေးသွားကာ သက်တမ်းပို၍ ကြာရှည်ခံသော သဘောရှိပါတယ်။ သူတို့ကို မလှုပ်ရှားခိုင်းဘဲ အေးအေးနေခိုင်းထားတဲ့သဘောပါ။ ယခုဆိုရင် EM-1 ရဲ့ အုပ်စု (၁) LAB (လက်တစ်အက်ဆစ်ဘက်တီးရီးယားအရည်) ကို ရရှိပါပြီ။ သိပ်မလှုပ်ရှားသေးတဲ့ Dormant အနေအထားပါ။ သင့်တင့်တဲ့ အပူချိန်၊ ၀န်းကျင်၊ အစိုဓာတ်တို့ရရှိပါက အဆများစွာ ပွားများလာပြီး မြေဆီလွှာကို တိုးတက်ကောင်းမွန်မှာပါ။ တခြား EM ဖျော်ရည်၊ Organic ဖျော်ရည်များနှင့် ရောစပ်အသုံးပြုနည်းများကို သီးခြားဖော်ပြပါမယ်။ ဆက်လက်ပြီး EM-1ရဲ့ အုပ်စု (၂) Photosynthetic Bacteria (အလင်းဖြင့်အစာချက်ဘက်တီးရီးယားအုပ်စု) အကြောင်း ဖော်ပြပါမယ်။ Photosynthetic Bacteria (အလင်းဖြင့်အစာချက်ဘက်တီးရီးယားအုပ်စု) မွေးမြူခြင်း PB ဘက်တီးရီးယားတွေက အများသောအားဖြင့် အရွက်မျက်နှာပြင်၊ အသီး၊ အပွင့်တို့ မျက်နှာပြင်တွေမှာ အနေများပါတယ်။ ဒါ့အပြင် Yeast လို့ခေါ်တဲ့ တစေး အကျိုးပြုဘက်တီးရီးယားအချို့ကလဲ အသီးအတွင်းမှ အချိုရည်၊ ၀တ်ရည်၊ ပင်စည်အတွင်းမှ အချိုရည်တွေမှာ ကျင်လည်တတ်ကြပါတယ်။ ဒါကြောင့် ဒီ EM ဟာ သဘာ၀သီးနှံ ဟင်းသီးဟင်းရွက်တွေမှ ဘက်တီးရီးယားများကို မွေးမြူစေခြင်းဖြစ်ပါတယ်။ အခုဖော်ပြမယ့် EMနည်းက အသီးအပွင့်ပိုင်းအားကောင်းစေဖို့လဲ အထောက်အကူ ပြုပါတယ်။ နောက် ကိုယ်လက်ရှိစိုက်ပျိုးနေတဲ့ သီးနှံတွေကိုလဲ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ဥပမာ သရက်သီး စိုက်သူက သရက်သီး ထည့်နိုင်ပြီး ခရမ်းချဉ်စိုက်သူက ခရမ်းချဉ်ကို ထည့်ပြီး ဖော်စပ်နိုင်ပါတယ်။ ယုတ်စွအဆုံး နှင်းဆီစိုက်သူကလဲ အပွင့်အားကောင်းချင်ရင် ရောဂါကင်းတဲ့ နှင်းဆီဖူး၊ အပွင့်များ ထည့်နိုင်ပါတယ်။ အသီး၊ အရွက်၊ အပွင့်ပေါ်က ဘက်တီးရီးယားတွေ စုဆောင်းမွေးမြူသလို ၎င်းအသီး၊ အရွက်၊ အပွင့်များ၏ အာဟာရ အသီးသီးကိုလဲ ပေါင်းစပ်ပြီး စွမ်းအားမြှင့်ပေးသလိုလဲ ဖြစ်ပါတယ်။ ယခုနည်းကို အရင်ကလဲ ဖော်ပြခဲ့ပြီးသားနည်းနဲ့ အနည်းငယ်ဖြည့်စွက်ဖော်ပြမှာပါ။ လိုအပ်သော ပစ္စည်း Beta-Carotene (ဘီတာကာရိုတင်း- နီ ဝါရောင် ရောင်ခြယ်ရှိသော အသီး၊ အမြစ် ရှိတဲ့အပင်များ ဥပမာ သဘောင်္သီး၊ ငှက်ပျောသီး၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ သခွာမွှေး၊ စသဖြင့်)။ ရင့်မှည့်တဲ့ သို့မဟုတ် အမှည့်လွန်နေတဲ့ အသီးတွေ ဆိုရပါတယ်။ ပုပ်နေတာတို့ ရောဂါဖြစ်နေတာတို့တော့ မရပါ။ အစိမ်းရောင်ရှိသော၊ အရည်ရွှမ်းသော၊ ပိုးမွှားကင်းစင်သော အရွက်များ ( ဘိစပ်ရွက်၊ Comfrey၊ ဗူးရွက်၊ ပဲမျိုးရင်း၀င်ရွက်များ၊ စသဖြင့်)။ ဖျက်ပိုးများပါသော၊ ရောဂါဖြစ်နေသော အပင်များမှ မယူရပါ။ အပေါ်မှာဖော်ပြထားတဲ့ အသီး အရွက်များမှ မိမိဒေသ အဆင်ပြေရာကို အသုံးပြုနိုင်ပါတယ်။ ကျနော်အခု ရေးပြမယ့် နမူနာမှာ မရှိတဲ့ သီးနှံတွေကို အပေါ်က ဖော်ပြထားတဲ့ အဆင်ပြေရာ အစားထိုးနိုင်ပါတယ်။ သင်္ဘောသီး ၁လုံး (၅၀ သား ၀န်းကျင်) ငှက်ပျောသီး ၁ဖီး (၅၀ သား ၀န်းကျင်) ရွှေဖရုံသီး ၁လုံး သို့မဟုတ် ၁ခြမ်း (၅၀ သား ၀န်းကျင်) မုန်လာဥနီ ၅ တောင့် (၅၀ သား ၀န်းကျင်) ဘိစပ်ရွက် (၅၀ သား ၀န်းကျင်) ကြက်ဥ ၅လုံး ဆန်ဖွဲနု (သို့မဟုတ်) ဂျုံဖွဲနု ၁ ပိဿာ ထန်းလျက် (သို့မဟုတ်) ကြံသကာ (သို့မဟုတ်) သကာရည် ၃ ပိဿာ ရေ ၅လီတာမှ ၁၀လီတာ ၀န်းကျင် အချိန် ၁၀ ဆန့် စဉ့်အိုး ၁လုံး စဉ့်နီးတုံး၊ ခုတ်စဉ်းရန် ဓါး၊ ထန်းလျက်ကြိုရန် ဒန်အိုး၊ စဉ့်အိုးစည်းရန် ပလက်စတစ်အကြည်၊ သားရေပင်၊ ပြုလုပ်နည်းအဆင့်ဆင့် ၁။ ငှက်ပျေားသီး၊ သင်္ဘောသီး၊ ရွေဖရုံသီး၊ မုန်လာဥနီ(အမှည့်လွန်နေလျှင် ပိုကောင်းသည်။ အမှည့်အရမ်းလွန်ပြီး ပုပ်နေတာမျိုးတော့ မဖြစ်စေရပါ။) တို့ကို ၅၀သားစီ စုပြီး ဓါးဖြင့်ပါးပါးလှီးပါ။ အခွံများပါ အသုံးပြုနိုင်သည်။ အသီးများကို ရေမဆေးရပါ။ ၂။ ဘိစပ်ရွက်ကို မနက်ခင်းခူးပါ။ မခူးမီ ၃ရက်အတွင်း မိုးမရွာထားရပါ။ ထိုအရွက်ပေါ်မှ အဏုဇီ၀ပိုးများကို ဖမ်းယူမွေးမြူမှာ မို့ပါ။ အသီးများကိုလဲ စိုက်ပျိုးရေးခြံမှ အပင်မှ တိုက်ရိုက်ယူနိုင်လျှင် ထိုနည်းအတိုင်း လုပ်နိုင်ရင် ပိုကောင်းပါတယ်။ ဘိစပ်ရွက်များကို ရေမဆေးရပါ။ စဉ့်နီတုံးတွင် အရွယ်သေးအောင် ခုတ်ထစ်ပါ။ ၃။ သကြားအညိုကြမ်း၊ ကြံသကာအညိုကြမ်း၊ ထန်းလျက်အညိုကြမ်းစသည် စျေးသက်သာသော ကုန်းကြမ်းတခုခုကို ၃ပိဿာခန့်၀ယ်ပြီး ရေဖြင့် မပြစ်မကျဲကျိုပါ။ ၄။ ထို့နောက် အသီး ၃မျိုး၊ မုန်လာဥနီ၊ ဘိစပ်ရွက်၊ သကာရည် (အချိုရည်)၊ ဖွဲနု၊ ကြက်ဥ ၅လုံး(လတ်လတ်ဆက်ဆက်ကို ဖောက်ထည့်ပါ)၊ ထိုအရောများကို စဉ့်အိုးအသန့်ထဲရောထည့်ပါ။ အနဲဆုံး စဉ့်အိုးအပေါ်ပိုင်း ၃ပုံ ၁ပုံခန့် လစ်ဟာနေပါစေ။ ရေကို မပျစ်မကျဲ အနေအထား ရောနိုင်ပါတယ်။ အမယ်အားလုံး မြှပ်ရုံအနေအထားဆို ရပါတယ်။ ထို့ နောက် ပလက်စတစ်အိတ်အကြည်ဖြင့် လုံအောင်အုပ်၍ စီးထားပါ။ ၂ရက် ၃ရက်တခါ အိုးကို အနည်းငယ်လှုပ်ပေးပါ။ ရာသီဥတု ပူလျှင် ၇ရက် အေးလျှင် ၁၀ရက်ကျော်ကြာလျှင် အပေါ်ယံမျက်နှာပြင်တွင် အဖြူရောင်မှိုများ အနည်းငယ် တက်နေလိမ့်မည်။ စဉ့်အိုးကို အပူချိန်မျှတ၍ အရိပ်ရသော နေရာတွင် ထားပါ။ အကယ်၍ စဉ့်အိုးအစား အလင်းပေါက်နိုင်သော ဖန်အိုးများလဲ ရှိပါက သုံးနိုင်ပါတယ်။ ထိုဖျော်ရည်ကို ပိတ်စပါးဖြင့် စစ်ယူပြီး ပုလင်းအသန့်ထဲ ထည့်ထားပါ။ ပုလင်းထဲသို့ အပြည့်မထည့်ဘဲ လေဟာနယ် အနည်းငယ်ချန်ပေးရမည်။ ၆လအတွင်း အသုံးပြုရမည်။ LAB ကဲ့သို့ အအေးခန်းထဲ ထည့်ထားလျှင် ပိုအထားခံပါတယ်။ ရေခဲသွားတဲ့အထိတော့ မကောင်းပါ။ အပေါ်မှ အချိုးများသည် များနေ၊ နည်းနေလျှင် မိမိသုံးမည့်ပမာဏနှင့်တိုင်းဆ၍ ဖော်စပ်နိုင်ပါတယ်။ ရေမှာလဲ အထက်က ဖော်ပြခဲ့သလို ဓာတုနည်းဖြင့် ပိုးမသတ်ထားသောရေကို သုံးရပါမယ်။ ယခုဆိုရင် EM-1 ရဲ့ အုပ်စု (၂) Photosynthetic Bacteria (အလင်းဖြင့်အစာချက်ဘက်တီးရီးယားအုပ်စု) ကို ရရှိပါပြီ။ သိပ်မလှုပ်ရှားသေးတဲ့ Dormant အနေအထားပါ။ သင့်တင့်တဲ့ အပူချိန်၊ ၀န်းကျင်၊ အစိုဓာတ်တို့ ရရှိပါက အဆများစွာ ပွားများလာပြီး မြေဆီလွှာကို တိုးတက်ကောင်းမွန်မှာပါ။ တခြား EM ဖျော်ရည်၊ Organic ဖျော်ရည်များနှင့် ရောစပ်အသုံးပြုနည်းများကို သီးခြားဖော်ပြပါမယ်။ သက်၀င်လှုပ်ရှား အီးအမ် Activated EM ဖျော်စပ်နည်း ရရှိလာတဲ့ EM ဖျော်ရည် ၂မျိုးကို တိုက်ရိုက်ရေဖျော်ဖြန်းခြင်းထက် Activated EM (သက်၀င်လှုပ်ရှား အီးအမ်) အသွင် ပြောင်းစေတာက ပိုပြီး ထိရောက်မှု ရှိပါတယ်။ သဘောအားဖြင့် အိပ်နေတဲ့သူတွေကို ချက်ချင်းထပြီး အလုပ်လုပ်ခိုင်းမယ့်အစား သွေးပူလေ့ကျင့်ခန်းလုပ်ပြီးမှ လုပ်ခိုင်းရင် လန်းဆန်းတက်ကြွသူတွေ အဖြစ် မြင်တွေ့ရသလိုပါ။ တကယ်လိုအပ်လာလို့ မစောင့်နိုင်ရင်တော့လဲ အရေးပေါ်အနေနဲ့ သုံးလို့တော့ ရတာပေ့ါလေ။ ဒါပေမယ့် အစီအစဉ်တကျ လုပ်ခြင်းက ပိုပြီး ခရီးပေါက် အောင်မြင်စေပါတယ်။ ကျနော်အထက်က ပြောခဲ့သလို အဏုဇီ၀ပိုးတွေ ဘက်တီးရီးယားတွေက အေးတဲ့အခြေအနေတခုမှာ ကျနော်တို့ ထားထားလို့ သူတို့ရဲ့ လှုပ်ရှားမှုကို အတိုင်းအတာတခုအထိ နှေးကွေးစေခဲ့လို့ သက်တမ်းကြာရှည်ခံ စေတာပါ။ ဒါကို ကျနော်တို့ သူတို့ကို ခိုင်းဖို့ လိုအပ်လာပြီဆိုရင်တော့ သူတို့ကို နှိုးရပါလိမ့်မယ်။ လိုအပ်တဲ့ ပစ္စည်း EM-1 ရဲ့ အုပ်စု (၁) LAB (လက်တစ်အက်ဆစ်ဘက်တီးရီးယားအရည်) ၁လီတာ EM-1 ရဲ့ အုပ်စု (၂) Photosynthetic Bacteria (အလင်းဖြင့်အစာချက်ဘက်တီးရီးယားအရည်) ၁လီတာ ထန်းလျက်ရည် (သို့မဟုတ်) ကြံသကာရည် (သို့မဟုတ်) သကာရည် ပျစ်ပျစ် ၂လီတာ (လိုအပ်ရင်) ရေ (အပေါ်က ပြောခဲ့တဲ့အတိုင်း ဓာတုနည်းဖြင့် ပိုးမသတ်ထားတဲ့ ရေ) ၄၀ လီတာ အဖုံးဖွင့်ပိတ်နိုင်သော ရေစည် ၁လုံး ရေထည့်ရန် ကတော့ ၁လုံး pH တိုင်းရန် လစ်တမတ်စက္ကူ သို့မဟုတ် pH မီတာ။ အပူချိန်တိုင်း သာမိုမီတာ ၁ခု သက်၀င်လှုပ်ရှား အီးအမ် အဖြစ် ပြောင်းလဲဖို့အတွက် EM-1 ရဲ့ အုပ်စု (၁) LAB (လက်တစ်အက်ဆစ်ဘက်တီးရီးယားအရည်) နဲ့ EM-1 ရဲ့ အုပ်စု (၂) Photosynthetic Bacteria (အလင်းဖြင့်အစာချက်ဘက်တီးရီးယားအရည်) ဆတူကို ရောလိုက်ပါမယ်။ ပြီးရင် ရေ (အပေါ်က ပြောခဲ့တဲ့အတိုင်း ဓာတုနည်းဖြင့် ပိုးမသတ်ထားတဲ့ ရေ) အဆ ၂၀ ရောပါမယ်။ အကယ်၍ သင်ဟာ EM တွေကို ဖျော်ထားတာ ရက်ပိုင်း ၂ရက် ၃ရက်အတွင်း ဆိုရင် အချိုရည် ထပ်ရောစရာ မလိုပါဘူး။ ဖျော်ထားတာ ကြာလို့ လနဲ့ချီသွားပြီ ဆိုရင်တော့ သိုလှောင်တဲ့အချိန်ကြာမြင့်မှု ပေါ် မူတည်ပြီး (အီးအမ်လဲ အနံ့အသက် ကောင်းသေးရင်ပေါ့) ထန်းလျက်ရည် ကို EM ၂မျိုးပမာဏအတိုင်း ဆတူရောဖို့ လိုပါမယ်။ နမူနာအနေနဲ့ အုပ်စု (၁) LAB ၁လီတာ နဲ့ အုပ်စု (၂) PB ၁လီတာ ကိုရောပြီး ရေအဆ ၂၀ ဆိုတော့ ရေလီတာ ၄၀ ရောရမယ့် သဘောပါ။ သိုလှောင်တာ လနဲ့ချီ ကြာမြင့်ခဲ့ရင် ထန်းလျက်ရည် (သို့မဟုတ်) ကြံသကာရည် (သို့မဟုတ်) သကာရည် ပျစ်ပျစ် ၂လီတာနဲ့ ထပ်ရောရပါမယ်။ ဖျော်စပ်တဲ့အချိန် ရေရဲ့ အပူချိန်က ၃၅ ကနေ ၄၀ ဒီဂရီကြား ရှိရင် ကောင်းပါတယ်။ နေလှမ်းထားတဲ့ ရေ ခပ်နွေးနွေးဆိုရင် ရပါတယ်။ အဲ့အပူချိန်က ဘက်တီးရီးယားတွေ ကြိုက်တဲ့အပူချိန်ပါ။ အရင်ဆုံး ရေခဲသေတ္တာထဲက ထုတ်ထုတ်ချင်းကို ပုံမှန်အပူချိန်ရေနဲ့ ရောစေပြီးမှ ရေခပ်နွေးနွေးရောပါ။ အဖုံးကို တင်းကြပ်စွာ ပိတ်စေပြီး လေထွက်စေမယ့် တဘက်ဖွင့်ဗား နဲ့ဆို အဆင်ပြေပါတယ်။ ဓာတ်ပြုရာမှာ ထွက်လာမယ့်လေကို ကန်စေမယ့်ဗား သို့မဟုတ် ကိရိယာတခုခုပါ။ ရေစည်ကို မပူလွန်း မအေးလွန်းတဲ့ နေရာမှာ ထားပါ။ ရှမ်းပြည်လို အေးတဲ့ဒေသတွေ အတွက်တော့ မီဖိုနား ကပ်ထားရင် အဆင်ပြေမယ်ထင်တယ်။ ပုံမှန် ၃၀ မှ ၄၀ ဒီဂရီကြားရှိလျှင် အဆင်ပြေပါတယ်။ EM များ ဖျော်ပြီး ၄ရက်မှ ၁ပတ်အတွင်း pH ၃ မှ ၄အတွင်း ရှိက အသုံးပြုနိုင်ပါတယ်။ အဲ့အချိန်ဟာ EM ရဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်ချိန်ပါ။ Activated EM ဖျော်စပ်ပြီး လေလုံအောင်ထားပြီး အပူချိန်မျှတပါက တလအထိ အထားခံပါတယ်။ ဒါပေမယ့် ဖျော်ပြီးပြီးချင်း သုံးနိုင်ရင် ပိုကောင်းပါတယ်။ ဒါကြောင့် ကိုယ်အသုံးပြုချင်တဲ့ ပမာဏပေါ်မူတည်ပြီး ဖျော်စပ်အချိုးကို လျော့နိုင် တိုးနိုင်ပါတယ်။ အခုဆိုရင် သက်၀င်လှုပ်ရှား အီးအမ် Activated EM များ ရရှိပါပြီ။ အသုံးပြုရန် အသင့်ဖြစ်ပါတယ်။ ဆက်လက်ပြီး အသုံးချပုံ တခြား သြဂဲနစ်နည်းများဖြင့် ပေါင်းစပ်အသုံးပြုပုံများကို ဖော်ပြပေးမှာပါ။ အကျိုးပြု ဒေသခံ အနုဇီ၀ (Beneficial Indigenous Microorganism) မွေးမြူခြင်း • ပထမဦးစွာ သစ်သားထမင်းဘူး ပြုလုပ်ပါ။ ၈”x၁၀” အမြင့် ၄” ရှိသော တစ်ဖက်ဖွင့် ထမင်း ဘူး ၃၊ ၄ဘူးပြုလုပ်ပါ။ လုပ်ရလက်၀င်လျှင် အလွယ်နည်းမှာ အချင်း ၅” ၊ ၆”ခန့်ရှိသော ဝါးလုံးများကို ထက်ခြမ်းခွဲကာ ဘေးနှစ်ဖက် ဝါးဆစ်ပိတ်များအထိ လွှဖြင့်ဖျက်လျှင်လည်း ရသည်။ • ထိုကဲ့သို့ ထမင်းဘူးများပြုလုပ်ပြီး ဇကွဲ (သို့မဟုတ်) ဆန်ကြမ်းညိုတစ်ပြည်ခန့် ပျော့ပျော့ (ရေခမ်း)ချက်ပါ။ (မှတ်ချက် ဆန်ကို မချက်ခင် ရေမဆေးရပါ။) ထို့နောက် ထမင်းဘူးများ ထဲသို့ ထမင်းများကို ၃လက်မထက်မထူစေဘဲ အညီ သိပ်ထည့်ပါ။ ပိတ်စအပါး၊ (သို့) ဇာပိတ်စ (သို့) ဇကာပါသော ပလက်စတစ်ပိတ်များဖြင့် ထိုထမင်းပျော့ ထည့်ထားသော ထမင်းဘူးများကို ပတ်ပြီး ကြိုးဖြင့်ချည်ပါ။ • ထို့နောက် ထမင်းဘူးများကို မတူသော နေရာ များတွင် တစ်နေရာ တစ်ခုစီထားရမည်။ မတူသောနေရာဆိုသည်မှာ အရိပ်ရှိ၍အေးမြသောနေရာ၊ ကောက်ရိတ်ပြီးသော လယ် ကွင်းထဲ၊ ကျနေ မခံရသော မနက်နေ ပူသောနေရာ၊ ချောင်းစပ် မြောင်းစပ် ရေကန်ဘေး၊ သစ်ပင် တောအုပ်ထူထပ်သော နေရာ၊ အစိုဓာတ်များသောနေရာတို့ကို ဆိုလိုသည်။ • ထိုကဲသို့ ထားရာ တွင် ပိတ်စပတ်ချည်ထားသောထမင်းဘူးများပေါ်တွင် ထိုနေရာ ပတ်၀န်းကျင်မှ သစ်ရွက်များကို ခူး၍သော်၎င်း၊ သစ်ရွက်ခြောက်များကို၎င်း ယူ၍ ထမင်းဘူးများပေါ်တွင် စုပုံ၍ ၂ပတ်ခန့် ထားပါ။ • ကြွက်ပေါသော နေရာတွင် သံဇကာအစိတ်ကို အပေါ်မှ ထပ်အုပ်ထားပါ။ • ၂ပတ်ခန့်ကြာသောအခါ နေရာမျိုးစုံတို့မှ ထမင်းဘူးများကို လိုက်လံသိမ်း ဆည်း၍ ပိတ်စများဖယ်၍ ထမင်းများကို စဉ့်အိုးအလတ်(၁ပေခွဲအမြင့်)ထဲသို့ ထည့်ပါ။ ထိုသို့ လိုက်လံယူရာတွင် ထမင်းများအပေါ်သို့ မှိုများ၊ ပိုးကောင်းများရှိနေလိမ့်မည်။ မဖယ်ပစ်ရပါ။ ထိုကဲ့သို့ နေရာပေါင်းစုံမှ ထမင်းများကို စဉ့်အိုးထဲသို့ ရော၍ ထည့်ပါ။ • ထို့နောက် သကြားညို ၁ပိဿာကို ရေ ၂ဆရော၍ မွှေထားသော သကြားရည်ကို စဉ့်အိုး ထဲထည့်၍ ထမင်းများနှင့် သမအောင်မွှေပေးပါ။ • ပြီးလျှင် စဉ့်အိုးကို ပိတ်စအပါးနှင့် လုံအောင် အုပ်၍ ကြိုးဖြင့် ချည်ထားကာ အရိပ်ရသော နေရာအောက်တွင် ၂ပတ်ခန့်ထားပါ။ ၂ပတ်ခန့်ကြာလျှင် မွှေးအီသော အချဉ်ဖောက်ထား သည့် အနံ့ထွက်လာပြီး အပင်များသို့ ဖျန်းရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ • ထိုထမင်းအချဉ်ဖောက်ရည်ကို တစ်မျိုးတည်း ဖြန်းလျှင် ရေ အဆ ၅၀၀ ရော၍ အခြား အချ
ငါးကန်တွေမှာတော့ ထည့်ကြပါတယ်။ ရေအရည်အသွေးပိုကောင်းလာဖို့လို့တော့ သိရတယ်။ ဆရာတွေကူညီပြီး ဖြေပေးကြပါနော်။
ဆက်စပ်မေးခွန်းများ
ငါးသားပေါက်များကိုဘယ်မှာဝယ်ရမလဲဖြေပေးပါ
ဖြေကြားချက် 4 ခု
ငါးပြေမ တာပေါ်လင်ကန် ၇×၁၄ အကောင် ၃၀၀၀ထည့်ထားပါတယ် အဆင်ပြေမလာရှင့် နောက် မွေးတာ ၃လရြှိပီ ဒီ ဆိုဒ် သေးနေလားလို့...
ဖြေကြားချက် 9 ခု
ငါးမြစ်ခြင်းကို ဖြည့်စွက်အစာအပြင် သဘာဝအစာရရှိစားသောက်နိုင်အောင် ဘယ်လိုဖန်တီးလုပ်ဆောင်ပေးလို့ ရနိုင်သလဲ ဆရာတို့...
ဖြေကြားချက် 4 ခု
ထိုင်းငါးခုံးမအကြောင်းပြည့်စုံစွာဖော်ပြပေးပါ
ဖြေကြားချက် 2 ခု
ငါခူမွေးမြူရေအကြောင်တင်ပေးပါအုံ
ဖြေကြားချက် 1 ခု