အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
5,053
လွန်ခဲ့သော ၆ နှစ် က · ဝက်လက်

ဘိုစားပဲ စိုက်ချင်လို့ပါ မျိုးဝယ်လို့ရမဲ့လိပ်စာ နဲ့ စိုက်ပျိုးနည်းလေး ပြောပြပါအုံးဗျ

စိုက်ပျိုးနည်း ဘိုစားပဲ

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 323,967 လွန်ခဲ့သော ၆ နှစ် က

မျိုးကတော့ စိုက်ပျိုးရေးဆိုင်တွေမှာ မေးဝယ်ပါဗျ။ အစိမ်းရောင်လမ်းပေါ်က အွန်လိုင်းဈေးကတော့ ရွှေဘိုနဲ့ ကျောက်ဆည်မှာပဲ ရပါသေးတယ်။

5,053 လွန်ခဲ့သော ၆ နှစ် က

မျိုး ဘယ်မှာဝယ်လို့ရမလဲဗျ

အတည်ပြုပြီး 323,967 လွန်ခဲ့သော ၆ နှစ် က

ဘိုစားပဲ စိုက်ပျိုးနည်း ဘိုစားပဲကို ပင်ထောင်မျိုးနှင့် နွယ်တက်မျိုးဟူ၍ခွဲခြားထားသည်။ အစေ့သည် ကျောက်ကပ်ပုံ၊ အဖြူအနက်၊ နီညိုခရမ်း စသည်ဖြင့် မျိုးကွဲပေါင်းများစွာရှိသည်။ အပူပိုင်းနှင့် အအေးပိုင်းဇုန်များတွင် ဖြစ်ထွန်းသည်။ ရေမြေ ရာသီဉတု မရွေးပေါက်ရောက်နိုင်သော်လည်း ပူအိုက်စွတ်စိုသော ဒေသ၌ မဖြစ်ထွန်းပေ။ မြေပြုပြင်ခြင်း သဲဆန်သော မြေမှ မြေစေးအထိ မြေအမျိုးမျိုးတွင် ပေါက်နိုင်သည်။ ရေမဝပ်သော သဲနူန်းမြေ၊ နုန်းမြေစေး၊ နုန်းမြေတို့တွင် ကောင်းစွာ ဖြစ်ထွန်းသည်။ မြေချဉ်ငံဓာတ် (၄.၂-၈.၇) အတွင်း ဖြစ်ထွန်းနိုင်သည်။ ထွန်ရေးကောင်းသောမြေကို ပြုပြင်ရန် မလိုချေ။ မျိုးစေ့နူန်း ပင်ထောင်မျိုးများကို တစ်ဧက အတွက် မျိုးစေ့ (၁၀-၁၂) ပြည် လိုအပ်ပြီး တိုင်ထောင်မျိုးများအတွက် (၆-၈)ပြည် လိုအပ်သည်။ စိုက်ပျိုးခြင်း မျိုးစေ့ချရာ၌ အစိုဓာတ်များလွန်းက အစေ့ပုပ်တတ်သည်။ တိုင်ထောင်ပြီး စိုက်ပျိုးလျှင် တစ်ကျင်းတွင် (၂-၃)စေ့ထည့်၍ စိုက်ရသည်။ တစ်ဧကလျှင် နွားချေး ၁၀ တန်၊ ယူရီးယား ၁၈ ကီလို၊ တီစူပါ တစ်အိတ်၊ ပိုတက်အိတ်ဝက်ထည့်ပေးရန်လိုသည်။ ကြားထွန်နှစ်ကြိမ် လိုက်ပေးလျှင် လုံလောက်သည်။ ပင်ထောင်မျိုးကို တစ်တန်းနှင့် တစ်တန်း နှစ်ပေခြားတစ်ပင်နှင့်တစ်ပင် ၁၀ လက်မခွာစိုက်သည်။ ရာသီဉတုသင့်တင့်သော ဒေသတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။ အပင်ပြုစုခြင်း ပေါင်းနှစ်ကြိမ်လိုက်ပေးလျှင် လုံလောက်သည်။ ခြောက်သွေ့သော ရာသီဒဏ်ကို ခံနိုင်ရည်ရှိသောလည်း ရက်ရှည်ခြောက်သွေ့က ရေသွင်းပေးရန် လိုအပ်သည်။ ပဲသံချေး၊ ပဲမှဲ့ပြောက်စွန်းရောဂါ၊ ဘက်တီးရီးယားရွက်ခြောက် အရွက်နူရောဂါများ ကျရောက်သည်။ ခူမွှေးစုပ်၊ ပိုးကျိုင်းငယ်၊ ပဲစားကြမ်းပိုးနှင့် ပျပိုးများကျရောက်သည်။ ထိသေ၊ စားသေ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ သုံး၍ ကာကွယ်နိုင်သည်။ ခူးယူခြင်း အပင်ပေါက်ပြီး ၇၅ ရက်မှစ၍ အသီးများဆွတ်ခူးနိုင်သည်။ ပဲသီးများကို အရွယ်မရောက်မီ အစေ့နုသေးသောအချိန်တွင် ဆွတ်ခူးသည်။ ပန်းပွင့်ပြီး (၂-၃)ပတ်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ ပင်ထောင်မျိုး တစ်ဧကလျှင် (၈၀၀-၉၀၀)ပိဿာ တိုင်ထောင်မျိုးတစ်ဧကလျှင် ၂၀၀၀ ပိဿာကျော်အထိ ထွက်ရှိနိုင်သည်။ မျိုးစေ့ထုတ်ယူခြင်း မျိုစေ့ထုတ်လုပ်ရန် အသီးများကို အပင်ပေါ်တွင် ခြောက်အောင်ထား၍ ဆွတ်ခူးရမည်။ အချို့က လိုက်နုတ်၍ နေလှမ်းပြီး အတောင့်များကို မူလအတိုင်းသိမ်းဆည်းကြသည်။ ထို့နောက် စိုက်ချိန်ရောက်လျှင် အစေ့များချွေပြီး စိုက်ပျိုးကြသည်၊ အများအားဖြင့် အစေ့ကို ကြိုတင်ချွေ၍ ဆက်လက်နေလှမ်းပြီးမှ သိမ်းဆည်းသည်။ ပဲစေ့သည် သိုလှောင်ရာ၌ ပိုးထိုးတတ်သောကြောင့် မျိုးအဖြစ် အသုံးပြုမည့်အစေ့များကို ထုံးနှင့်ရောမွှေ၍ သိမ်းဆည်းသင့်သည်။ ကျမ်းကိုး - ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းလမ်းညွှန်

You

ဆက်စပ်မေးခွန်းများ

အိမ်သုံးဆားကို စိုက်ပျိုးရေးမှာ ဘယ်မှာသုံးလို့ရလဲဆရာ သိသူများ ဖြေပေးစေချင်ပါတယ် ကျေးဇူးတင်ပါတယ်

ဖြေကြားချက် 3 ခု

ရွှေပဲသီး အပင် တစ်လခွဲအရွယ် အသီးစသီးနေချိန်မှာ အပင်ရဲ့ ပင်စည်အဝါရောင်လိုက်လာပြီး အောက်ခြေပင်စည်ပိုင်မှ အပင်ခါး...

ဖြေကြားချက် 0 ခု

ပဲတောင့်ရှည်ခြံဟောင်းကိုမဖျက်ဘဲနဲ့ဘိုစားပဲနဲ့ပဲကော်သီးပြန်စိုက်ရင်အဆင်ပြေနိုင်ပါ့မလားအခုလက်ရှိစိုက်ခင်းပုံစံပါ

ဖြေကြားချက် 2 ခု

ဘိုစားပဲက ရာသီမရွေး ဒေသမရွေး စိုက်လို့ရလားဗျ ရှင်းပြပေးပါအုံး

ဖြေကြားချက် 5 ခု

ရန်ကုန်ဘယ်နေရာမှာဗိုလ်စားပဲစိုက်ခင်းရှိနိုင်မလဲခင်ဗျလက်တွေ့လေ့လာချင်လို့ပါလိပ်စာလေးတွေပြောပေးခဲ့ပါဦး #THANKS

ဖြေကြားချက် 0 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။