အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
350
လွန်ခဲ့သော ၆ နှစ် က · လှည်းကူး

မှိုရောဂါကို အော်ဂဲနစ်နည်းနဲ့ကာကွယ်ချင်ပါတယ်

ပိုးမွှားရောဂါ ပဲတောင့်ရှည်
Post image
4

ဖြေကြားချက် ၄ ခု

232 လွန်ခဲ့သော ၆ နှစ် က

ပဲတောင့်ရှည်အပင်ငယ်များသည်စိုက်ခါစတို့ကောင်းမွန်စွာပေါက်ပါသည်ပေါက်လာသောအပင်ငယ်များသည် တပက်အတွင်းအပင်အရင်းများပုတ်သွားသည်ဘာကြောင်းလေးရှင်းပြပေးပါ

522 လွန်ခဲ့သော ၆ နှစ် က

မှိုရောဂါကို အော်ဂဲနစ်နည်းနဲ့ ကာကွယ်ချင်ရင်တော့ မှိုနဲ့ပဲပြန်ကာကွယ်လို့ရပါတယ်။ ထရိုင်ကိုဒါးမားမှို လို့ခေါ်ပါတယ်။ မြေဆောင်မှိုရောဂါတွေအတွက် မြေထဲထည့်ပေးလို့ရသလို ရွက်ဖျန်းအဖြစ် သုံးလို့ရအောင် ထုတ်ထားတာရှိပါတယ်ခင်ဗျာ။

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၆ နှစ် က

အရင်နှစ်က အကြွင်းအကျန် ရိုးပြတ်စတာတွေကို ထယ်ထိုးမြေမြုပ်ပါ။ မြေပြင်တဲ့အခါ မြေကြီးထဲကို ထရိုင်ကိုဒါးမား ထည့်ပေးပါ။ အပင်ကို ပြွတ်သိပ်နေအောင် မစိုက်ဘဲ လေဝင်လေထွက်ကောင်းအောင် စိုက်ပါ။ သြဂဲနစ်စနစ်မှာတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်ပြီး စိုက်ရပါတယ်။ ဖြစ်လာရင် ဓာတုဆေးလို ချက်ချင်းကြီး ပျောက်နိုင်တဲ့ ဆေးက ရှားတယ်လို့ သိရပါတယ်။

116 လွန်ခဲ့သော ၆ နှစ် က

ဖရဲရွက်ဝါကြနေတာဘသုံးရမှာလဲ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။