ကျွန်ေတာ်တို့တောင်သူေတွအများစုကစိုက်ပျိုးရေးနဲ့ပတ်သက်ရင်မြေဆီလွှာအကြောင်းနဲ့စိုက်ပျိုးနည်းစနစ်တွေကိုစနစ်တကျနဲ့ေသေသချာချာသိနိုင်ေအာင်လို့တတ်သိနားလည်တဲ့ပညာရှင်နဲ့ကွင်းဆင်းဆွေးနွေးပွဲတွေလုပ်ပေးနိုင်မလားခင်ဗျာ
ဟုတ်ပါတယ် ဒါကလည်း လူတစ်မျိုးစိတ်တစ်မျိုးကိုနော်။ တစ်ချို့တောင်သူတွေကျတော့လည်း တောင်သူအချင်းချင်း အတွေ့အကြုံတွေမှ လက်ခံပေးနိုင်တာတွေ၊ အရောင်းဆိုင်တွေကညွှန်းမှ ၊ ပညာရှင်တွေနဲ့ဆွေးနွေးမှဆိုပြီးခံယူချက်တွေအများကြီးတွေ့ရပါတယ်။ ပညာရှင်တွေအနေနဲ့ ရောက်တဲ့ဒေသတွေရှိမယ် မရောက်နိုင်သေးတဲ့ဒေသတွေလည်းရှိတော့လေ အခုနောက်ပိုင်းမှာ နည်းပညာအကူညီတွေနဲ့လည်း ပညာရှင်တွေ၊ အတွေ့အကြုံများတဲ့တောင်သူတွေနဲ့တိုက်ရိုက်ချိတ်ဆက်လို့ရနေတော့ အားလုံးသာပူးပေါင်းပါဝင်မယ်ဆို အောင်မြင်မှုကတော့ရမှာပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဖျားရဲဘာလုပ်ရမလဲ
ဖြေကြားချက် 1 ခု
စပါးကို တိုက်ရိုက်အစေ့ချခြင်းနှင့်ပြောင်းရွေ့စိုက်ပျိုးခြင်း၏အကျိုးအပြစ်များ
ဖြေကြားချက် 2 ခု
ဆရာခင်ဗျား ကျနော်တို့ နယ်မှာဧရာမင်းစပါးအများဆုံးစိုက်ပါတယ် စပါးပင်များဟာ အဆစ်မတက်သေးပါ ယခု မုတ်သုန်ဆုတ်လို့...
ဖြေကြားချက် 0 ခု
ယာစပါးစိုက်ပျိုးနည်းလေး ပြောပြပါလား ဆရာ
ဖြေကြားချက် 2 ခု
စပါးတစ်နှံထွက်ချိန်မှာ နှင်းကျ အအေးပိုတာန့ဲတိုးရင် ဆောင်မခိုင်းအောင် ဘယ်လိုပြုပြင်ရမလဲ အကြံပေး ပါ အုံး ။
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။