အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
232
လွန်ခဲ့သော ၆ နှစ် က · ငါန်းဇွန်

ခရမ်းချဉ်တလသားအရွယ်လောက်ဆိုဘာဆေးသုံးဖို့လိုအပ်လဲဗျ

စိုက်ပျိုး ဗဟုသုတ ခရမ်းချဉ်
3

ဖြေကြားချက် ၃ ခု

270,769 လွန်ခဲ့သော ၆ နှစ် က

ပိုးမွှားရောဂါအတွက် ကာကွယ်ဆေးဖြန်းချင်ရင်တော့ ပင်လုံးပြန့်အာနိသင်ရှိတဲ့ ပိုးသတ်ဆေးများကို မှိုသတ်ဆေးဖြစ်တဲ့။ာကိုနေး၊ တော့ပ်ဆင် (၂၀၀ ဂရမ်/ရေ ၄လီတာ) နှုန်းနဲ့ အတူရောစပ်ပက်ဖျန်းပေးနိုင်ပါတယ်။ ပုံမှန်တော့ ပျိုးခင်းမှာအပင်ပေါက်ပြီး ၁၅ရက်သား တစ်ကြိမ်၊ ရွေ့ပြောင်းမစိုက်ခင် ၂ ရက်ခန့်အလိုမှာတစ်ကြိမ် လုပ်ကြပါတယ်။ ဓာတုဆေးတွေသုံးတာကလည်း မကောင်းတာတွေလည်းရှိတော့ လူကြီးမင်းရဲ့အခင်းက အရင်ကလည်းရောဂါဖြစ်မှုတွေမရှိထားဘူးဆိုရင်တော့ ဓာတုဆေးမသုံးသေးပဲ အခင်းကိုရေဝပ်အောင်မထားပဲ လေဝင်လေထွက်ကောင်းအောင်တို့၊ ပေါင်းမြက် အကြွင်းအကျန်တွေရှင်းပေးတာမျိုးတို့ကို လုပ်ဆောင်ပြီး ကာကွယ်ထားရင်ပိုအဆင်ပြေစေမှာပါရှင်။

79,224 လွန်ခဲ့သော ၆ နှစ် က

ခရမ်းချဉ်ကို စနစ်တကျအစာကျွေးနည်း ဒီဆောင်းပါးမှာ လေ့လာကြည့်ပါ အစ်ကို

79,224 လွန်ခဲ့သော ၆ နှစ် က

ခရမ်းချဥ်ရဲ့ အမြစ်က ၆လက်မ ၇ လက်မ​လောက်ပဲရှိလို့ စစိုက်ခါစမှာ အမြစ်အား​ကောင်းဖို့လိုပါတယ် မီစုန်းဓါတ် က အမြစ်နဲ့အသီးအပွင့်တွက် ​ကောင်း​စေတာပါ တီစူပါ ​မြေသြဇာမှာ ပါဝင်ပါတယ် နိုက်ထရိုဂျင်ဓါတ်က​တော့ အရွက်​တွေဖြစ်ဖို့အတွက်ပါ ​စျေးကွက်ထဲမှာ​တော့ ပုလဲ​မြေသြဇာလို့​ခေါ်ကြပါတယ် အရမ်းများများမ​ကျွေးမိဖို့သတိပြုပါရှင့် ပိုတက်ရှ် က​တော့ အသီးအပွင့်အား​ကောင်းဖို့နဲ့ အပင်အစာချက်လုပ်ဖို့ ​ရောဂါ ဒါဏ်​တွေခံနိုင်ရည်ရှိဖို့လိုပါတယ် ဒီ​တော့ အစ်ကိုက တီစူပါ နဲ့ ပိုတက်ရှ်ကို ပို​ကျွေးပြီး ပုလဲကို နဲနဲပဲ​ကျွေးထားပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။