အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,425
လွန်ခဲ့သော ၆ နှစ် က · ကန့်ဘလူ

စပါးမှာကျတဲ့ဖြုတ်ပိုးဘဝဆက်ဝန်းကိုသိချင်ပါတယ်ဆရာတို့

ပိုးမွှားရောဂါ စပါး စပါးဖြုတ်ပိုး
4

ဖြေကြားချက် ၄ ခု

116 လွန်ခဲ့သော ၆ နှစ် က

အကောင်မပေါက်ခင် ဥတွေကိုဆေးဖျန်းရင်ရောထိရောက်နိုင်ပါသလား

3,425 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ဥ မှ အကောင်ပေါက်ရန် ၆ရက်ခန့်ကြာတတ်ပါတယ်။ပိုးမမယ်ငယ်မှပိုးမမယ်ကြီးထိရောက်ရန် ၁၅ရက်ခန့်ကြာတတ်ပါတယ်။ပိုးမမယ်ကြီးမှအရွယ်ကောင်ရောက်ရှိရန် ၁၂ရက်ခန့်ကြာပါတယ်။ဒါကြောင့်ဘဝစက်ဝန်းဟာ ၃၃ရက်ခန့်ရှိပါတယ်။ အကောင်ကြီးဘဝမှာ ၂ပါတ်/ ၃ပါတ်ကြာရှိတတ်ပါတယ်။ဖြုတ်ပိုးဟာ တိုက်ရိုက်အနေဖြင့်အပင်ရဲ့သစ်ရည်ကိုစုပ်စားပြီး သွယ်ဝိုက်သောအနေဖြင့် တန်ဂရိုဗိုင်းရပ်စ်ပိုးကိုပါသယ်ဆောင်လာတာကြောင့် ဖြုတ်လောင်ရောဂါကိုဖြစ်စေပါတယ်။

80,504 လွန်ခဲ့သော ၆ နှစ် က

ဖြုတ်ပိုးအမသည်သက်တမ်းတစ်လျှောက် ဥ အရေအတွက် ( ၅၀ / ၂၀၀ ) အထိ ဥနိုင်ပါတယ်။ မျိုးစိတ်အလိုက် သက်တမ်း( ၂/၃ ) ပါတ်ခန့်အသက်ရှင်နိုင်ပါတယ်။ ဥမှ အရွယ်ရောက်အကောင်ကြီးဖြစ်ရန် ( ၃/၄ )ပါတ်ခန့် ကြာနိုင်တယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။