ဖြေကြားချက် ၁ ခု
ဖျော်စပ်နည်းအမျိုးမျိုးရှိပါတယ်။အသုံးအများဆုံးဖျော်စပ်အသုံးပြုကြတာက ၂%ဆေးပါ။ထုံး၂၀ကျပ်သားကို ရေ၃ဂါလံနဲ့သတ်သတ်ဖျော်...ဒုတ္ထာ ၂၀ကျပ်သားကိုရေ၁ဂါလံနဲ့သတ်သတ်ဖျော်ပါ။ ဖျော်ရည်၂ခုလုံးကိုဖျန်းခါနီးမှဆေးဖျန်းပုံးထဲထည့်ပြီးမွှေနှောက်ဖျော်စပ်ပြီးသုံးနိုင်ပါပြီ။ရောနှောဖျော်စပ်ပြီးရင် ၂၄နာရီအတွင်းအသုံးပြုရပါမယ်။မရောနှောသေးဘူးဆိုရင်ကြာကြာထားလို့ရပါတယ်။ထုံး...ဒုတ္ထာ ကိုရေနဲ့ဖျော်စပ်ရာမှာသံပုံး/သွပ်ပုံးကိုအသုံးမပြုရပါဘူး။(၂%ဆေး= ထုံး၂၀ ကျပ်သား+ဒုတ္ထာ ၂၀ကျပ်သား+ရေ ၄ဂါလံ/၁၀၀ပိဿာ)
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
လျှော်ဖြူက ပျော်ဘွယ်ဘက်မှာ စိုက်လို့ရလားဗျ
ဖြေကြားချက် 1 ခု
လျှော်ဖြူစိုက်သင့်ပါသလား စိုက်ရင် တစ်ဧကကို ဘယ်နှစ်ပင်စိုက်လို့ရပါသလဲ ဆရာ လျှော်ဖြူတစ်ပင်နှင့်တစ်ပင်ကြား စီး...
ဖြေကြားချက် 3 ခု
ဒေးဒရဲတွင်နှစ်ရှည်ပင် ဘာအမျိုးအစားစိုက်ပျိုးသင့်ပါသလဲ
ဖြေကြားချက် 0 ခု
လျှော်ဖြူပင်စိုက်ချင်လို့ပါ တစ်ပင်နဲ့တစ်ပင် ဘယ်လောက်ခွာရလဲဗျာ အစေ့နဲ့ပျိုးပင် ဘယ်ဟာ စိုက်သင့်ပါလဲ အစေးဘယ်လို...
ဖြေကြားချက် 3 ခု
သုံးလသားရှိပါပြီ ဘာလိုအပ်နေလဲ ညွှန်ပြပေးပါခင်ဗျာ
ဖြေကြားချက် 2 ခု