အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
406
လွန်ခဲ့သော ၆ နှစ် က · မုံရွာ

လျှော်ဖြူပင်စိုက်ချင်လို့ပါ တစ်ပင်နဲ့တစ်ပင် ဘယ်လောက်ခွာရလဲဗျာ အစေ့နဲ့ပျိုးပင် ဘယ်ဟာ စိုက်သင့်ပါလဲ အစေးဘယ်လို...

လျှော်ဖြူပင်စိုက်ချင်လို့ပါ တစ်ပင်နဲ့တစ်ပင် ဘယ်လောက်ခွာရလဲဗျာ အစေ့နဲ့ပျိုးပင် ဘယ်ဟာ စိုက်သင့်ပါလဲ အစေးဘယ်လိုထုတ်ရပါသလဲဗျ စီးပွားဖြစ်စိုက်သင့်ရဲ့လားဗျ

စိုက်ပျိုးစီးပွား လျှော်ဖြူ
3

ဖြေကြားချက် ၃ ခု

1,513 လွန်ခဲ့သော ၆ နှစ် က

ဆရာတို့ပဲတီစိမ်းပွင့်ထွေရွက်ထွေးပိုးကိုဘာဆေးနဲ့သုံးရင်အဆင်ပြေနိုင်လဲ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

၁၅ပေပတ်လည်...၁၂ပေပတ်လည်အစိုက်များကြပါတယ်။ကိုင်းပျိုးစိုက်တာထက် အစေ့စိုက်ကအမြစ်စွဲအားပိုကောင်းပါတယ်။အသက်၄...၅နှစ်အရွယ်(လုံးပတ်၃ထွာဆိုင်ခန့်) ရှိမှအစေးထုတ်သင့်ပါတယ်။အပင်၂..၃နှစ်သားအရွယ်မှာအစေးထုတ်နိုင်ပေမဲ့ နောက်ပိုင်းအပင်ကြီးထွားမှုမကောင်းနိုင်တော့ပါ။လေပြင်းတိုက်ရင်အပင်တွေကျိုးတတ်ပါတယ်။ပင်စည်ကို ဒါးနဲ့အသားထိအောင်(၁လက္မခန့်) တည့်တည့်ခုတ်ပါ။ပြီးတော့ အပေါ်ကနေခပ်စောင်းစောင်းနဲ့စောစောကတည့်ခုတ်ထားတဲ့အရာထိပြတ်သွားအောင် ဒါးနဲ့ခုတ်လိုက်ပါ။အစေးထွက်လာပါလိမ့်မယ်။အသားမာကျည်းပေါင်းတက်အောင် အခေါက်နဲ့သစ်သားအသားပါအောင်လုပ်ရတာပါ။ရာဘာစေးထုတ်တာနဲ့ဆန့်ကျင်ဘက်ပါ။ရာဘာကအခေါက်ကိုသာခြစ်ယူရတာပါ။အသားမထိရပါ။

80,046 လွန်ခဲ့သော ၆ နှစ် က

လျှော်ဖြူပင်နှင့် ရာသီဉတု ဖော်ပြထားတဲ့ စာတန်း ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။