အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
7,435
လွန်ခဲ့သော ၆ နှစ် က · ချမ်းမြသာစည်

နှမ်းကို ရေသွင်းစိုက်မယ်ဆိုရင် ဇန်နဝါရီမှာ စိုက်လို့ရ မရ သိချင်ပါတယ် ဖြေပေးကြပါဦးရှင့်

စိုက်ပျိုးနည်း နှမ်း နှမ်းစိုက်ပျိုးနည်း
8

ဖြေကြားချက် ၈ ခု

7,444 လွန်ခဲ့သော ၆ နှစ် က

ထယ်ရေးကိုရေလြှဲပီးကားနဲ့ခုတ်ကြဲပါတယ်လေးရွက်လောက်ထွက်တော့ရေဖျန်းပုလဲပက်တယ်ဒီလိုနဲ့မြေအပေါ်မူတည်ပြီးလိုရင်လိုသလိုပေးရပါတယ်တခြါးဒေသတော့မသိဘူးဗျ

7,444 လွန်ခဲ့သော ၆ နှစ် က

ကျွန်တော်တို့ဒေသကတော့စမုံနက်ကိုလယ်ရိတ်ပြီးထယ်ရေးလုပ်တယ်တပေါင်းလကုန်ခါနီးတခူးလထြဲကဲပါတယ်

7,435 လွန်ခဲ့သော ၆ နှစ် က

ဦးအေးနိုင်ရှင့် နှမ်းစစိုက်သည့်အချိန်မှစ၍ စိုက်ပြီးသည့်အချိန်ထိ ရေဘယ်နှစ်ကြိမ်သွင်းရလဲ သိပါရစေရှင့်

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

မိုးကြိုနှမ်းကို ဖေဖေါ်ဝါရီလလောက်မှာ ရေသွင်းစိုက်ကြပါတယ်။မိုးနှမ်းကိိုဧပြီ/မေ..ဆောင်းနှမ်းကို စက်တင်ဘာ လကုန်မှာနောက်ဆုံးထားစိုက်ရပါမယ်။နှမ်းပင်ဟာ ပူအိုက်ဆွတ်စိုတဲ့ရာသီဥတုကိုနှစ်သက်ပါတယ်။

116 လွန်ခဲ့သော ၆ နှစ် က

ဆောင်းရာသီဆိုနှမ်းကအအေးဒဏ်ကိုခံနိုင်ပါလားဗျ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

တပင်တိုင်မျိုးဖြစ်တဲ့ ရေဆင်း-၄ ကိုဘောင်နဲ့ရေသွင်းစိုက်မယ်ဆိုရင် အထွက်ကောင်းပါတယ်။

7,435 လွန်ခဲ့သော ၆ နှစ် က

စမုံနက်နှမ်းပဲရတာလားရှင့်

174 လွန်ခဲ့သော ၆ နှစ် က

ရေသွင်းစိုက်ပြီးလိုအပ်လျင်အပင်ရေဖျန်းပေးလို့ရပါတယ်စမုံနက်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။