အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၆ နှစ် က · ဆားလင်းကြီး

ဘာပိုးတွေကျနိုင်လဲ...? ဘယ်လိုဖျက်စီးကြသလဲ....? ဘယ်လိုဆေးမျိုးသုံသင်သလဲ.....?သိချင်ပါတယ်ဗျာ့

ပိုးမွှားရောဂါ ကုလားပဲ
Post image
Post image
Post image
Post image
Post image
+၁
2

ဖြေကြားချက် ၂ ခု

270,769 လွန်ခဲ့သော ၆ နှစ် က

ထိခိုက်မှုအများဆုံး ဖျက်ပိုးတွေက အရွက်စား ပိုးနဂါး၊ ပိုးတောင့်တဲ၊ ငမြောင်တောင်နဲ့ သီးလုံးဖောက်ပိုးတွေကျရောက်တတ်ပါတယ်။ ဖျက်ပိုးတွေကျရောက်လာရင်တော့ ဖျင်ဆီးခံထားရတဲ့အပင်အစိတ်အပိုင်းတွေကိုဖယ်ရှားဖျက်ဆီးပစ်ပါ။ ပိုးလောက်ကောင်တွေ ဥတွေကိုလည်းလက်ဖြင့်ကောက်ယူဖယ်ရှားတာတွေ၊ မီးထောင်ချောက်ထွန်းတာတွေ၊ ပိုးသတ်ဆေးအသုံးပြုတာတွေ လူပ်ပေးနိုင်ပါတယ်။

270,769 လွန်ခဲ့သော ၆ နှစ် က

ရောဂါတွေအနေနဲ့ကတော့ ဖျူစေရီယမ်ပင်ညှိးရောဂါ၊ ပင်စည်ပုပ်ရောဂါ၊ မီးခိုးရောင်ရောဂါ၊သံချေးရောဂါ၊ ပင်ခြောက်ရောဂါ၊ ဖားဥမှိုရောဂါ တွေကျရောက်မှုများပါတယ် အားလုံးကမှိုရောဂါတွေဖြစ်တဲ့အတွက် ရောဂါအလိုက်နိုင်တဲ့ မှိုသတ်ဆေးတွေကိုအသုံးပြုနိုင်ပါတယ်။ ရောဂါများကျခဲ့တယ်ဆိုရင်တော့ နောက်ရာသီတွေမှာခံနိုင်ရညိရှိတဲ့မျိုးတွေသုံးတာတို့၊ မျိုးစေ့ကိုမှိုသတ်ဆေးတွေနဲ့လူးနယ်ပြီးမှစိုက်ပျိုးတာတို့၊ ပဲမျိုးနွယ်မဟုတ်တဲ့သီးနှံတွေကိုသီးလှည့်စိူက်ပျိူးတာတို့လုပ်ပေးသင့်ပါတယ်။ အခင်းကိုထယ်နက်နက်ထိုးပြီး ပင်ကြွင်းပင်ကျန်တွေရှင်းလင်းသင့်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။