ဖြေကြားချက် ၃ ခု
ယေဘုယျအားဖြင့် အအေးကြိုက်ပင်ဖြစ်သည်ဟု ခေါ်ဆိုနိုင်ပါသည်။ သင့်လျော်သောအပူချိန်မှာ (၆၀) ဒီဂရီ ဖာရင်ဟိုက် ဖြစ်ပြီး ယင်းတို့ထက်မကျော်သင့်ပါ။ သို့သော် မြန်မာပြည်တွင် (၇၅) ဒီဂရီဖာရင်ဟိုက်ထက် ကျော် သော ဒေသများတွင် အပူဒဏ်ခံနိုင်သော မျိုးများကိုစိုက်ပျိုးနေပြီဖြစ်သည်။ မိုးရေကို အားကိုးစိုက်ပျိုးသော ဒေသ များတွင် တစ်နှစ်မိုးရေချိန်ပျှမ်းမျှ (၅၅)လက်မကျော်ရမည်။ မိုးရေချိန် (၄၀) လက်မထက် လျော့နည်းလျှင် မဖြစ် ထွန်းနိုင်ပါ။ အပူချိန်မသင့်လျော်ပါက ဥသေးခြင်း၊ အမျှင်များခြင်း၊ ပုံသဏ္ဍာန်မကျ ခြင်းနှင့် အနှံ့ပြင်းခြင်းစသည့် ချွတ်ယွင်းချက်များ ဖြစ်ပေါ်နိုင်ပါသည်။
ဆောင်းရာသီ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စျေးဘယ်လောက်ရှိလည်း
ဖြေကြားချက် 4 ခု
ကျူးဆိုင် စိုက်ပျိုး နည်းလေးသိချင်လို့ပါ ဆရာ ဆရာမ တို့
ဖြေကြားချက် 2 ခု
ယူရီးယားနဲ့အာနိသင်တူတဲ့သဘာဝဆေးသိချင်ပါတယ် ပညာရှင်များဖြေကြားပေးကြပါ
ဖြေကြားချက် 2 ခု
မုန်လာဥဖြူစိုက်နည်းလေး သိချင်လို့ပါ သုံးသင့်တဲ့မြေဩဇာလေးပါ ကျေးဇူးပြုပီး ပြောပြပေးကြပါ
ဖြေကြားချက် 1 ခု
မုန်လာဥမှာဖြစ်တတ်တဲ့ရောဂါများ
ဖြေကြားချက် 0 ခု