အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,669
လွန်ခဲ့သော ၆ နှစ် က · ရပ်စောက်

သရက်ဖူးတံဆင်စပြုချိန် မီးခိုးမှိုင်းတိုက်လို့ရမလားခင်ဗျား....?

စိုက်ပျိုး ဗဟုသုတ သရက်
5

ဖြေကြားချက် ၅ ခု

116 လွန်ခဲ့သော ၆ နှစ် က

ဘာဆေးဖျန်ရင်ကောင်မလဲ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

လုပ်ရလွယ်ကူသောနည်းကိုတင်ပြခြင်းပါ။လုပ်ခြင်း...မလုပ်ခြင်းသည်တောင်သူ၏သဘောအတိုင်းပါဘဲ။ဟော်မုန်းဆေးဖျန်းနည်းတွေ,မြေသြဇာကျွေးနည်းတွေ မျိုးစုံရှိပါတယ်။သရက်ပင်ပွင့်ဖူးထွက်တာ အခြားအပင်တွေနဲ့မတူတာက ပြူတစ်တစ်အဖူး ကနေ အရွက်နု ဖြစ်သွားနိုင်သလို ပွင့်တံလည်းဖြစ်နိုင်ပါတယ်။

699 လွန်ခဲ့သော ၆ နှစ် က

ထွက် နိုင်တွယ်ကပ်နေမယ်

699 လွန်ခဲ့သော ၆ နှစ် က
အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

အဖူးပြူစမှာ အပင်ပြုစုပုံအရ ပွင့်တံထွက်နိုင်သလို အရွက်နုလည်းဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မီးခိုးမှိုင်းတိုက် နိုင်ပါတယ်။ရေဖြတ်ထားပါ။မြေဆီမကျွေးပါနဲ့။ဒါဆိုရင် ပွင့်တံထွက်ဖို့အားကောင်းပါလိမ့်မယ်။ ပွင့်တံထွက်လာပြီဆိုရင်တော့မြေဆီကျွေး..ရေသွင်း ရပါမယ်။ ဒါပေမဲ့ အဖူး​​ ပြူစအချိန်မှာ မြေဆီကျွေးမယ်..ရေသွင်းပေးမယ်ဆိုရင် အဖူးက ပွင့်တံမထွက်တော့ဘဲ ရွက်နုတွေဘဲထွက်တတ်ပါတယ်။ဒါက သရက်ပင်ရဲ့ထူးခြားချက်ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။