အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
290
လွန်ခဲ့သော ၆ နှစ် က · ပင်လောင်း

လွှစာမှုန်ကို မြေဆွေးပြုလုပ်လို့ရပါသလား? ဘယ်လိုပြုလုပ်ရပါသလည်း(အများအပြား) ရှိနေပြီးလေလွင့်မှာထက်စာရင်စိုက်...

လွှစာမှုန်ကို မြေဆွေးပြုလုပ်လို့ရပါသလား? ဘယ်လိုပြုလုပ်ရပါသလည်း(အများအပြား) ရှိနေပြီးလေလွင့်မှာထက်စာရင်စိုက်ပျိုးရေးအတွက်အထောက်အကူဖြစ်ပေါ့

Post image
1

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၆ နှစ် က

စူပါဘိုကာရှီလုပ်လို့ရပါတယ်။ စူပါဘိုကာရှီ(super bokashi) Super bokashi ဆိုသည်မှာ ဓာတုမြေသြဇာနေရာတွင် အကျိုးရှိရှိ ကောင်းစွာအစားထိုးအသုံးပြုနိုင် သော မြေဆွေးမြေသြဇာတစ်မျိုးဖြစ်သည်။ လယ်ယာမြေများတွင်ရှိသော မြေဆီလွှာတည်ဆောက်ပုံနှင့် မြေဆီလွှာအနေထားများကိုလည်း ပို၍ကောင်းမွန်စေသည်။ ကုန်ကျစရိတ်သက်သက်သာသာဖြင့် ပြု လုပ်နိုင်ပြီး နှစ်ပတ်အကြာတွင် စတင်အသုံးပြုနိင်ပါသည်။ မိုးနှောင်းကာလတွင် တစ်ဧအတွက် ရိုးရိုး ဓာတုမြေသြဇာ ၅၀ရာခိုင်နှုန်းနှင့် ဘိုကာရှီမြေသြဇာ ရောနှောအသုံးပြုခြင်းအားဖြင့် အထွက်ရာခိုင်နှုန်း ကို ၁၅ရာခိုင်နှုန်းထိ တိုးတက်စေနိုင်ပါသည်။ ဘိုကာရှီသည် ဂျပန်ဘာသာစကားအရ ဆွေးမြည့်နေသော အော်ဂဲနစ်ပစ္စည်းများဟု အဓိပ္ပာယ်ရပါသည်။ super bokashi ဆိုသည်မှာ မူလအဏုဇီဝပျော်ရည် (IEM) နှင့် ဘိုကာရှီပေါင်း၍ အဆင့်မြှင့်ထားခြင်း ဖြစ်သည်။ Super bokashi ၏အကျိုးကျေးဇူးများ - မြေဆီလွှာအတွင်းရှိ အဟာရဓာတ်များ တဖြည်းဖြည်းတိုးတက်စေသည်။ - မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဖြစ်စေတတ်သော အဟာရဆုံးရှုံးမှုကို ထိန်းသိမ်းပေးသည်။ - ကောင်းမွန်၍ အရည်အသွေးပြည့်မှီသော သာဝမြေသြဇာ ရရှိစေသည်။ - ဓာတုမြေသြဇာအသုံးပြုမှုကို လျော့ချပေးနိုင်ပါသည်။ - စားသုံးမှုအရည်အသွေးကို တိုးတက်စေသည်။ - သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့၏ကျန်းမာရေးအတွက် လုံခြုံမှုရှိစေသည်။ - မြေဆီလွှာတည်ဆောက်ပုံနှင့် မြေဆီလွှာအနေအထားကို ကောင်းမွန်စေသည်။ - အမြစ်ဖွံ့ဖြိုးမှုကို အားပေးသည်။ - ရောဂါကျရောက်မှုဒဏ် ခံနိုင်ရည်ရှိစေသည်။ - အထွက်နှုန်းနှင့် အစာအဟာရများကို တိုးတက်စေသည်။ အခက်အခဲများ - ဆွေးမြည့်ခြင်းဖြစ်စဉ်ကို ကောင်းစွာနားလည်ရန် လိုအပ်သည်။ - တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများနှင့် လတ်ဆတ်သောကုန်ကြမ်းပစ္စည်းများ ရနိုင်ရန်ခက်ခဲသည်။ Super bokashi ဘယ်လိုပြုလုပ်နိုင်မလဲ အောက်ပါ ကုန်ကြမ်းပစ္စည်းများအား စုဆောင်းပါ။ အုပ်စု-(၁) - EM အပြင်း တစ်ဆ - သကာရည် (သို့) တင်လဲရည် တစ်ဆ - ရေ ၉၈ ဆ အုပ်စု-(၂) - ဖွဲနု တစ်ဆ - နွားချေး(သို့) ကြက်ချေး (သို့) ဝက်ချေး ၂ဆ - စပါးခွံ (သို့) လွှစာမှုန့် (သို့) အုန်းဆံမှုန့် ၂ဆ ပြုလုပ်ပုံအဆင့်ဆင့် - မူလEM ပျော်ရည်နှင့် အုပ်စု ၁ တွင်ပါဝင်သော ပစ္စည်းများအားပြင်ဆင်ပါ။ - ကြမ်းပြင်ပေါ်တွင် အခင်းတစ်တစ်ခုခင်း၍ အုပ်စု ၂ တွင်ပါဝင်သော ပစ္စည်းများအား ရောမွှေပါ။ - အခင်းပေါ်တွင် ပြုလုပ်ထားသောအရောအနှောများပေါ်သို့ မူလEM အဏုဇီဝပျော်ရည် လောင်းထည့် ပါ။ - ပါဝင်ပစ္စည်းများကို နှံစပ်သွားအောင် ရောမွှေပေးရန် လိုအပ်သည်။ - မြေကြီးကိုလုံး၍ မြေအစိုဓာတ်အား စစ်ဆေးပေးရမည်။ မြေလုံးကွဲထွက်မသွားသော မြေကြီးအစို ဓာတ် (၃၅ - ၄၀ ရာခိုင်နှုန်း) ရှိချိန်သည် ကောင်းမွန်သော အနေအထားဖြစ်သည်။ - မြေလုံးကွဲထွက်နေသေးပါက EM ထပ်လောင်း၍ ပြန်ပြင်ပေးရမည်။ - ထို့နောက်super bokashi ပြုလုပ်ပုံအဆင့်ဆင့် ပြီးမြောက်ပီဖြစ်သည်။ - ၎င်းတို့ကို လေလုံအိတ်( သို့မဟုတ်) PPC အိတ်ထဲသို့ထည့်၍ အရိပ်အောက်တွင် ထားပေးရမည်။ - လေးရက်မြောက်အတွင်း အိတ်ထဲသို့လက်ထည့်၍ အပူချိန် စစ်ဆေးပေးရမည်။ အိတ်အတွင်း လက် ထည့်ကြည့်ချိန် ပူလွန်းနေပါက ၁၀ မိနစ်ခန့် အိတ်ကိုပြန်ဖွင့်ထားပေးရမည်။ - super bokashi သည် ဆောင်းရာသီဆိုလျှင် ပြုလုပ်ပီး ၁၅ ရက် ကြာတွင် အသုံးပြုနိုင်ပြီး နွေရာသီ တွင် ၇ ရက်ကြာပီးနောက် အသုံးပြုနိုင်ပါသည်။ - ပြုလုပ်ပီးနောက် အသုံးမပြုသေးဘူးဆိုပါက အရိပ်အောက်တွင် အခြောက်ခံထားသင့်ပါသည်။ ပြီး နောက် အိတ်အတွင်းသို့ ပြန်ထည့်ပြီး ၆လကြာ သိုလှောင်ထားနိုင်ပါသည်။ - စပါးစိုက်ခင်းအတွက် သော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်စိုက်ခင်းအတွက် သော်လည်းကောင်း တစ်ဧကလျှင် ၁တင်းခွဲ (အိတ်၂၀) ခန့် အသုံးပြုနိုင်ပါသည်။ Min Thu Thu Ko Source - Soil Fertility Management (Delta Technical Sheet)

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။