အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
238
လွန်ခဲ့သော ၆ နှစ် က · ရပ်စောက်

ပဲပုတ်စိုက်ချင်လို့ ဘာမြေဩဇာသုံးရင်ကောင်းမလဲ ဘာဆေးဖြန်းရမလဲ

အပင်အာဟာရ ပဲပုပ် ပဲပုပ်ပင်အာဟာရ
2

ဖြေကြားချက် ၂ ခု

80,504 လွန်ခဲ့သော ၆ နှစ် က

အပြည့်အစုံ လေ့လာချင်ရင်တော့ လင့်ကို နှိပ်ပီး လေ့လာနိုင်ပါတယ် ပဲပုပ်(Soybean) စိုက်ပျိုးနည်း

80,504 လွန်ခဲ့သော ၆ နှစ် က

မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီးမြေဆွေး ပါဝင်မှုများသော၊ ဖွယ်သော မြေများတွင် ပိုမို ဖြစ်ထွန်းသည်။ မြေချဉ်ငံ ကိန်းအားဖြင့် ၅.၅ နှင့် ၇.၅ အကြား ဖြစ်သည်။ မြေချဉ်ငံကိန်းသည် ၆-၇ ကြားရှိပါက အကောင်းဆုံး ဖြစ်သည်။ မြေချဉ်ငံကိန်း ၇.၅ ထက်များသောမြေများတွင် အပင် အညှောင့်ပေါက်ခြင်း ညံ့ဖျင်းမည် ဖြစ်သည်။ မြေချဉ်ငံကိန်း ၅.၅ ထက်နည်းပါက စိုက်ခင်းအား ထုံး (မဖောက်ထုံး) ထည့်ပေးရန် လိုအပ်ပါသည်။ ရေဝပ်သောမြေများသည် အပင်ကို ဒုက္ခပေးတတ်သောကြောင့် ရေဆင်းကောင်းအောင် သေချာဆောင်ရွက်ပေးရမည်။ မြေပြင်ချိန်တွင် နွားချေး(သို့) သဘာဝမြေဆွေးများအား ၁ဧကတွင် လှည်း (၁၀)စီးနှုန်း ထည့်သွင်းပေးပါ။ မြေခံ အနေဖြင့် ယူရီးယား ၇ ပိဿ (သို့) (၁၂)ကီလို၊ တီစူပါ (၁၅- ၂၃) ပိဿ (သို့) (၂၅-၃၈)ကီလို၊ ပိုတက်(၁၅) ပိဿ (သို့) (၂၅)ကီလို ထည့်သွင်းပါ။  ပဲပုပ်တွင် ရွက်ဖျန်းမြေသြဇာ ဖျန်းပေးပါက အထွက်နှုန်း ၁၅-၂၀ ရာခိုင်နှုန်းထိ တိုးထွက်ပါသည်။ ရွက်ဖျန်းမြေသြဇာရည်တွင် တီစူပါနှင့် ပိုတက် (P &K)ပါဝင်မှုများသော အမျိုးအစားကို အသုံးပြုသင့်ပြီး ပန်းဖြိုင်ဖြိုင်ပွင့်သည့် အချိန်ထိ ၁၅ ရက်ခြား တစ်ကြိမ်ဖျန်းပေးပါ။ အဘယ်ကြောင့်ဆိုသော် ပဲပုပ်သည် ထိုမြေသြဇာ နှစ်မျိုးကို ကောင်းစွာ တုန့်ပြန်ပြီး အထွက်နှုန်းအား တိုးစေသည်။ ထို့အပြင် ရွက်ဖျန်းမြေသြဇာ အစား ယူရီးယားနှင့် လက်ချား(ဘိုရွန်)ဖျော်ရည်ကို ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် တစ်ကြိမ်တည်း အညွှန်းပါအတိုင်း (ယူရီးယား ၄ဇွန်းခွဲနှင့် လက်ချား ၁ဇွန်းအား ရေတစ်ဂါလံနှင့်ဖျော်ပါ) အသုံးပြုပါက ကုန်ကျစရိတ် သက်သာစေရုံသာမက အထွက်နှုန်းကိုလည်း ၂၀ မှ၄၀ ထိတိုးစေနိုင်ပါသည်။  

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတ်ပဲ ပဲတီစိမ်း ပဲပုပ်တွေကို ပန်းပွင့်ချိန်မှာယူရီးယားနဲ့လက်ချားဖြန်းရင်အထွက်နှုန်း ကောင်းတယ်လို့ဆိုကြတယ် တစ်...

ဖြေကြားချက် 4 ခု

ပဲပုပ်၂လသားပါ၊အပင်အားကောင်းပီးအသီးအပွင့်အားနည်းနေတယ်ထင်လို့ပါဗျ၊ဒီနှစ်မှစမ်းလုပ်တာမို့လက်ရှိပုံပါပဲကိုအသီးအ...

ဖြေကြားချက် 1 ခု

ပဲပုတ် ၁လခွဲရှိပါပြီ ရွှေနဂါးနဲ့ ခရော့တွဲဖြန်းလို့ ရလား

ဖြေကြားချက် 1 ခု

ပဲပုပ်ကို ငါးအမိုင်နို တစ်မျိုးတည်းဖြန်းတာ အပင်က တအားသန်​နေလို ပွင်််ွစပြုပြီ ဘာဆေးဖြန်းသင့်လဲဗျ

ဖြေကြားချက် 1 ခု

ပဲပုတ် (ဗမာ ) ကို အသီးကောင်းအောင် 15ပတ်လည် ကျွေးချင်လို့ အဆင်ပြေနိုင်လား ဘယ်အချိန်ကျွေးရမလဲ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။