အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၃ ခု

117 လွန်ခဲ့သော ၅ နှစ် က

စပါးမှာရွက်လိပ်ပိုးကိနေလို့ ဘာဆေးဖျန်းရမလဲးfriတို

1,103 လွန်ခဲ့သော ၆ နှစ် က

ဒိုဇာနှင့်ဒီမွန်ဖြန်းပါ

8,245 လွန်ခဲ့သော ၆ နှစ် က

ရွက်လိပ်ပိုးကို အလင်းထောင်ချောက်များထောင်၍သော်လည်းကောင်း စပါးခင်းပတ်လည်ရှိ မြက်မျိုးရင်းဝင်ပေါင်းပင်များကို ရှင်းလင်း၍သော်လည်းကောင်း နှိမ်နင်းနိုင်ပါသည်။ ဖားနှင့် ဖားပြုတ်များသည် ရွက်လိပ်ပိုးကို နှိမ်နင်းနိုင်သော သက်ရှိများ ဖြစ်သည်။ ထရိုင်ဂိုဂရားမားနဂျယ်ကိုအသုံးပြု၍လည်း ရွက်လိပ်ပိုးများကိုနှိမ်နင်းနိုင်ပါသည်။ ပုံမှန်အားဖြင့် သဘာဝတွင်တွေ့ရသော အကျိုးပြုမိတ်ဆွေပိုးများသည် ရွက်လိပ်ပိုးအန္တရာယ်ကိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်ပါသည်။ နိုင်ထရိုဂျင်ဓာတ်ပါဝင်သောမြေဩဇာများကို အလွန်အကျွံမဟုတ်ဘဲ နှိုင်းနှိုင်းဆဆ ကျွေးသင့်ပါသည်။ ၅၀ ရာခိုင်နှုန်းထက်ပို၍ ရွက်လိပ်ပိုးကျရောက်နေပါက ပိုးသတ်ဆေးဖြန်းရန် အကြံပြုချင်ပါသည်။ သို့သော် ပိုးသတ်ဆေးများ အလွန်အကျွံ ပတ်ဖြန်းပါကလည်း အခြားသောသီးနှံဖျက်ပိုးများပွားများ ကျရောက်မှုကို ဖြစ်စေတတ်ပါသည်။ ထို့ကြောင့် ပိုးသတ်ဆေးကို မှန်ကန်သောအချိန်၌ မှန်ကန်သောပမာဏဖြင့် ပတ်ဖြန်းပေးရန်လည်း ထပ်မံအကြံပြုပါရစေ။ရွက်လိပ်ပိုးကိုနှိမ်နင်းနိုင်သော ပိုးသတ်ဆေးများမှာ ဖော့စလုံး ၃၅ အီးစီ၊ ကလိုရိုပိုင်ရီဖော့စ် ၂၀ အီးစီ၊ ကာဗိုင်းလ် ၅၀ ဒဗလျူပီ၊ ကာတပ် နှင့် အစီဖိတ် ၇၅%အက်စ်ပီ တို့ ဖြစ်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။