အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၂ ခု

80,504 လွန်ခဲ့သော ၆ နှစ် က

ရွက်လိပ်ပိုးကို အလင်းထောင်ချောက်များထောင်၍သော်လည်းကောင်း စပါးခင်းပတ်လည်ရှိ မြက်မျိုးရင်းဝင်ပေါင်းပင်များကို ရှင်းလင်း၍သော်လည်းကောင်း နှိမ်နင်းနိုင်ပါသည်။ ဖားနှင့် ဖားပြုတ်များသည်  ရွက်လိပ်ပိုးကို နှိမ်နင်းနိုင်သော သက်ရှိများ ဖြစ်သည်။ ထရိုင်ဂိုဂရားမားနဂျယ်ကိုအသုံးပြု၍လည်း ရွက်လိပ်ပိုးများကိုနှိမ်နင်းနိုင်ပါသည်။ ပုံမှန်အားဖြင့် သဘာဝတွင်တွေ့ရသော အကျိုးပြုမိတ်ဆွေပိုးများသည် ရွက်လိပ်ပိုးအန္တရာယ်ကိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်ပါသည်။

80,504 လွန်ခဲ့သော ၆ နှစ် က

နိုင်ထရိုဂျင်ဓာတ်ပါဝင်သောမြေဩဇာများကို အလွန်အကျွံမဟုတ်ဘဲ နှိုင်းနှိုင်းဆဆ ကျွေးသင့်ပါသည်။ ၅၀ ရာခိုင်နှုန်းထက်ပို၍ ရွက်လိပ်ပိုးကျရောက်နေပါက ပိုးသတ်ဆေးဖြန်းရန် အကြံပြုချင်ပါသည်။ သို့သော် ပိုးသတ်ဆေးများ အလွန်အကျွံ ပတ်ဖြန်းပါကလည်း အခြားသောသီးနှံဖျက်ပိုးများပွားများ ကျရောက်မှုကို ဖြစ်စေတတ်ပါသည်။ ထို့ကြောင့် ပိုးသတ်ဆေးကို မှန်ကန်သောအချိန်၌ မှန်ကန်သောပမာဏဖြင့် ပတ်ဖြန်းပေးရန်လည်း ထပ်မံအကြံပြုပါရစေ။ရွက်လိပ်ပိုးကိုနှိမ်နင်းနိုင်သော ပိုးသတ်ဆေးများမှာ ဖော့စလုံး ၃၅ အီးစီ၊ ကလိုရိုပိုင်ရီဖော့စ် ၂၀ အီးစီ၊ ကာဗိုင်းလ် ၅၀ ဒဗလျူပီ၊ ကာတပ် နှင့် အစီဖိတ် ၇၅%အက်စ်ပီ တို့ ဖြစ်ပါသည်။ Credit - လှိုင်ပြည့်ဖြိုး

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။