အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
9,608
လွန်ခဲ့သော ၆ နှစ် က · ကဝ

ပန်းစပွင့်ချိန်မှာပုလဲ၊လက်ချားနဲ့လုံလောက်တယ်ဆိုတော့၊ကျတော်သိထားတာကနိုက်ထရိုဂျင်နဲ့ဘိုရွှန်နှစ်မျိုးဘဲရှိသေးတယ်...

ပန်းစပွင့်ချိန်မှာပုလဲ၊လက်ချားနဲ့လုံလောက်တယ်ဆိုတော့၊ကျတော်သိထားတာကနိုက်ထရိုဂျင်နဲ့ဘိုရွှန်နှစ်မျိုးဘဲရှိသေးတယ်၊ဖော့စ်ဖရပ်စ်ကော်မလိုအပ်ဖူးလားဗျ။ပိုကောင်းအောင်လုပ်ချင်တယ်ဗျာ ရှင်းပြပေးပါအုံးဗျ။

အပင်အာဟာရ ပဲတီစိမ်း ပဲတီစိမ်းမြေသြဇာကျွေးနည်း
5

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ကျွန်တော်ဆွေးနွေးခဲ့တာက အပင်အတွက်အာဟာရကို အမြစ်မှတဆင့်အသုံးပြုနိုင်အောင်မြေကြီးထဲထည့်ကျွေးခြင်းဖြစ်ပါတယ်။ပဲမျိုးရင်းဝင်အပင်တွေကပန်းပွင့်ပြီ/သီးကင်းဝင်ပြီ ဆိုတဲ့ မျိုးပွားမှုအဆင့်မှာ မြေထဲကအဟာရတွေကိုအမြစ်ကတဆင့်အပင်က စားသောက်ခြင်း မလုပ်န်ိုင်တော့ပါဘူး။ဒါကြောင့် ပန်းစပွင့်ပြီဆိုရင် အရွက်ကနေတဆင့် ကျွေးကြခြင်းဖြစ်ပါတယ်။လူလိုဆိုရင်တော့ အ​ကြောဆေးသွင်းတဲ့သဘောပေါ့။လျှင်မြန်စွာနဲ့ထိရောက်စွာအကျိုးသက် ရောက်ပါတယ်။သူ့မှာအားနည်းချက်က လူမှာအကြောဆေးထိုးရင် တချို့ရှော့ဖြစ်ပြီးအသေအပျောက်ဖြစ်ကြပါတယ်။ အပင်မှာလည်းရွက်ဖျန်းအားဆေးကထိရောက်မှုမြန်သော်လည်းလောင်တတ်တာကြောင့် ​အချိုးအစားတိကျမှန်ကန်မှုလိုအပ်ပါတယ်။

7,316 လွန်ခဲ့သော ၆ နှစ် က

ဖော့ဖရပ်ကိုအရွပ်ဖျန်ဆေးအဖြစ်အသုံးပြုလျင်ဘယ်လောကြာမှစားသောက်နိုင်တည်အဆင်ကိုရောက်ပါသလည်

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ဖော့ဖရပ်ကိုအပင်ကအလွယ်တကူအသုံးပြုဖို့ဆိုရင် အချိန်၁လ..၁လခွဲခန့်ကြာတတ်ပါတယ်။(နိုက်တြိုဂျင်က ၁၀ နာရီခန့်ကြာမှအပင်စားသောက်နိုင်တဲ့အဆင့်ရောက်ပါတယ်)။ဒါကြောင့်မျိုးပွားချိန်မှာအပင်ကအသုံးပြုဖို့အတွက် မြေပြင်ချိန်ကတည်းက ဖော့စဖရပ်ကိုထည့်ရပါမယ်။ဒါတောင်မြေကငန်နေရင် အပင်ကအလွယ်တကူမသုံးနိုင်တာ​ကြောင့် အပူပိုင်းဒေသ....မြန်မာပြည်အလယ်ပိုင်းဒေသမြေတွေမှာ ဖော့စ်ပရပ်ကြွယ်ဝနေတတ်ပါတယ်။ဒါကိုပြိုကွဲဖို့ဆိုရင် သစ်စိမ်းမြေသြဇာ,သဘာဝမြေဆွေး,ကျောက်မှုန့်တွေထည့်ပေးသင့်ပါတယ်။

406 လွန်ခဲ့သော ၆ နှစ် က

zarzar ဆရာပြောပြတာကိုမှတ်သားဘူးပါတယ် ထဲ.ခြင်ရင်ဖြင့် ရွက်ဖျမ်းအများအပြားရှိပါတယ် အပေါ်ရွက်ဖျမ်းအနေသုံးမယ်ဆိုရင် လဲရပါတယ်

15,048 လွန်ခဲ့သော ၆ နှစ် က

ကျွန်မသိသလောက်ကတော့ ဖော့စ်ဖရပ်က အပင်ရယူဖို့ခက်လို့ မြေပြင်ချိန်တည်းကထည့်ကြတယ် ။ ဖော့စ်ဖရပ် ကတော့ အပင်ထဲမှာ သယ်ပို့တဲ့အလုပ်ကိုလုပ်ပါတယ်။အသီးအပွင့်တွေအတွက် လှုံဆော်ပေးတဲ့ အင်ဇိုင်းတွေကို ဒီကောင်တွေကလုပ်ပေးပါတယ်။မရှိမဖြစ်လိုအပ်တဲ့ အာဟာရဆိုပေမယ့် ရယူရခက်တာကြောင့် အစောတည်းက ထည့်ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။ လက်ချား(ဘိုရွန်)ထည့်ခြင်းက ပန်းပွင့်တွေကို မျိုးအောင်စေပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။