ဖြေကြားချက် ၃ ခု
ကျေးဇူးဆရာ
အသီးခူးဆွတ်ခြင်းနှင့် အစေ့ထုတ်ခြင်း အသီးများအား လုံးဝရင့်မှည့်သောအခါ (ပန်းရောင်သို့ အနီရောင်) ခူးဆွတ်ရမည်။ အသီးများအား ခပ်စိမ်းစိမ်း အနေအထားတွင် ခူးဆွတ်မည်ဆိုလျှင် ၎င်းတို့ရင့်မှည့်လာသည့် တိုင်အောင်ခြောက်သွေ့သော နေရာတွင် ထားရှိရမည်။ တစ်နိုင်တစ်ပိုင် မျိုးစေ့ထုတ်လုပ်ခြင်း အတွက်များသော အားဖြင့်လူ အားဖြင့်ပင် ထုတ်လုပ်နိုင်သည်။ ကောင်းစွာရင့်မှည့် နေသောအသီးများအား သတ္တုထည့်စရာများ မဟုတ်သည့် ပလက်စတစ်ခြင်း၊ တောင်း၊စည်ပိုင်း၊ ခွက်၊အုတ်ကန်အတွင်း သို့ထည့်ပါ။ သတ္တုဖြင့် လုပ်ထားသော ထည့်စရာများသည် ခရမ်းချဉ်သီး အရည်အတွင်းရှိ အက်ဆစ်ဓါတ် ဖြင့်ဓါတ်ပြုပြီး အစေ့ရှင်သန် နိုင်စွမ်းကိုထိခိုက်စေသည်။ ထို့ကြောင့် ၎င်းတို့ကိုအသုံးမပြုသင့်ပေ။ အသီးများကို ခြေထောက်ဖြင့်နင်းပြီး ဖိချေပါ။ အကယ်၍ မျိုးစေ့ထုတ်လုပ်ခြင်းကို မြန်မြန်ဆောင်ရွက် လိုလျှင်ခူးပြီးသား အသီးများကို ပလပ်စတစ်ဖြင့် လုပ်ထားသော ထည့်စရာ တစ်ခုအတွင်းသို့ ထည့်ပါ။ အစေ့တွင် စွဲကပ်နေသည့် ပျစ်ချွဲသည့်အရည်များ အားကွာသွားစေရန် အပုပ်ခံပြီး အချဉ်ဖောက်ပါ။ ထိုသို့အချဉ် ပေါက်မှု အချိန်ကာလသည် အခန်းပတ်ဝန်းကျင် ရှိအပူချိန်ပေါ် မူတညပါသည်။ အကယ်၍ အပူချိန်သည် ၂၅ဒီဂရီ စင်တီဂရိတ်ထက် မြင့်နေလျှင် တစ်နေ့တာ အချဉ်ဖောက်ထားမှုသည် လုံလောက်သည်။ အပူချိန်သည် ၂၅ဒီဂရီ စင်တီဂရိတ် အောက်ရောက်နေလျှင် ၂-၃ရက်ထားရမည်။ ၃ရက်ထက်ပိုလျှင် မျိုးစေ့၏ အရည်အသွေးကို ပျက်စီးစေနိုင်သည်။ အစေ့အား ဆေးကြောရန် ထိုအချဉ်ဖောက် အပုပ်ခံထားသည့် အနှစ်များအား ပလပ်စတစ်ထည့်စရာ အလွတ်တစ်ခုအတွင်းသို့ လောင်းထည့်ပါ။ ထို့နောက် အဖတ်များ မျောလာစေရန် ခပ်နာနာမွှေပေးပါ။ အောင်သောအစေ့ များသည်နှစ်မြုပ် နေလိမ့်မည်။ ရေပေါ်တွင် ပေါ်လာသော အဖတ်များအား ဖယ်ရှားပစ်ပါ။ သန့်စင်သွားသည် အထိဆေးကြောပြီး အဖတ်များအား ဖယ်ရှားပါ။ သန့်စင်ပြီး အစေ့များမှာ အောက်ခြေတွင် စုကျန်ခဲ့လိမ့်မည်။ အချဉ်ဖောက် အပုပ်ခံမည့်အစား ၀.၇% ဟိုက်ဒရိုကလိုရစ် ၇မီလီမီတာကို မျိုးစေ့ထုတ်မည့် ခရမ်းချဉ်အနှစ် တစ်ကီလိုဂရမ်အတွက် မျိုးစေ့ထုတ်ယူမှုအား လွယ်ကူစေရန် အသုံးပြုနိုင်သည်။ အက်ဆစ်အား ထည့်နေစဉ် ခရမ်းချဉ်အနှစ်အား မွှေပေးပါ။ ခရမ်းချဉ်အနှစ်အတွင်း ပျော့ပြီးပျော်ဝင်သွားသည့် တိုင်အောင် မွှေပေးခြင်းကို မိနစ်၄၀ကြာအောင် ဆက်လက်ဆောင်ရွက်ပါ။ မျိုးစေ့အခြောက်ခံခြင်း ဆေးကြောပြီးသည့် အစေ့များအား အခြောက်ခံရန် အရိပ်အောက်တွင် ခပ်ပါးပါးဖြန့်ပါ။ အခြောက်မြန်စေရန် လျှပ်စစ်ပန်ကာကို အသုံးပြုနိုင်သည်။ ထိုသို့ပြုလုပ်ပြီး နောက်ရက်တွင် အစေ့များအား နေပြပြီး အခြောက်ခံနိုင်သည်။ လုံခြုံစိတ်ချစွာ သိုလှောင်နိုင်ရန် အတွက်၆.၈% အစိုဓါတ် ကျန်သည်အထိ အစေ့များသည် ကောင်းစွာ ခြောက်ရန် လိုအပ်ပါသည်။ အစိမ်းရောင်လမ်းတွင်တင်ထားသော ဆောင်းပါးမှကူးယူဖော်ပြသည်။
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အနည်းလိုချို့တဲ့ရင် ဘယ်လိုဖြစ်တတ်တယ်ဆိုတာ တစ်ခုစီရှင်းပြပါလားဗျ
ဖြေကြားချက် 2 ခု
မိုးရာသီကိုခရမ်းချဉ်သီးစိုက်ရင်ဘယ်လိုမျိုးစိုက်ရမလဲ
ဖြေကြားချက် 2 ခု
အားဆေးလား ပိုးသက်ဆေးလား ဆရာတို့
ဖြေကြားချက် 4 ခု
ခရမ်းချဉ်တွေဒီလိုဖြစ်နေလို့ဘာရေဂါလဲဘာဆေးဖြန်းရမှာလဲကျေးဇူပြု၍လမ်းပြပေးပါဗျ
ဖြေကြားချက် 4 ခု
ခရမ်းချဥ် ယိုးထိုးချင်လိုပါ ဆရာတို့ နည်းလေး သိချင်ပါတယ်
ဖြေကြားချက် 19 ခု