ဖြေကြားချက် ၂ ခု
ဆရာအဖူးအညွတ်များများဖူးအောင်ဘာဆေးသုံရလဲဗျ
စံပယ်ပန်း ဟာ မိုးဦးကျတွင် စတင် ပွင့်ကြပါသည်။ အချို့ဒေသတွင် စံပယ်ပန်း စောစော ပွင့်စေရန် ဆောင်းအကုန် ဒီဇင်ဘာလ/ ဇန်နဝါရီလ လောက်မှာ အပင်ပြုပြင်ပေး ရပါတယ်။ ပြုပြင် နည်းတွေကတော့ အရွက်ချွေပေးတာ တို့၊ မြေသြဇာ (နှမ်းဖတ်ပုပ်ရည်) ထည့်ပေးတာ၊ ရေလောင်း ပေါင်းသင်ပေး တာ တို့ကို ကြိုလုပ်ရင် စောပန်းပွင့်လို့ စျေးကောင်း ရနိုင်ပါတယ်။ အရွက်ချွေတဲ့ အခါ အရွက်ရင့်တွေကို တစ်ရွက်ခြင်း ချွေပေးရပါတယ်။ အဲဒီလို မဟုတ်ဘဲ ဆွဲပြီး အကုန် ချွေပစ်ရင် အရွက် အရင်းက ထွက်လာမဲ့ အဖူးခိုင် အညွန့်လောင်း တွေကို ထိခိုက်မိပြီး အပွင့်ကန်း ကုန်တတ်ပါတယ်။ အရွက်ချွေတဲ့ အခါ အရွက်ထပ်ဖျား အညွန့်တွေကို မချွေရပါဘူး။ အရွက်ချွေခြင်း၊ ပေါင်းရှင်းခြင်း တွေ လုပ်ပြီးရင် ရေသွင်းခြင်း ရေလောင်းခြင်း လုပ်ပေးရပါတယ်။ အရွက်ချွေပြီး တစ် ပတ်ကြာ မှ မြေဆွေး နွားချေးဆွေး မြေသြဇာ (နှမ်းဖတ်ပုပ်ရည်) တွေ အပင်ခြေမှာ တည့်ပေး ရပါတယ် ရေကိုလဲ ကိုယ့်မြေ အခြေအနေ ကိုကြည့်ပြီး လောင်းရ ပါမယ်၊ အပင်က ရေဝပ်တဲ့ ဒါဏ်ကိုလဲ မခံနိုင်ပါဘူး။ ဖေဖော်ဝါရီ လကုန် မတ်လဆန်း လောက် ဆိုရင် ပန်းတွေပွင့် လာတာပါဘဲ။ ပန်းခူးရင်လဲ ခူးပြီး ပန်းအညှာတွေကို စိတ်ရှည် လက်ရှည် ချွေပေးရသေးတယ်။ ဒါမှ နောက်ပန်းတွေ လှိုင်လှိုင်ပွင့် လာမှာပါ။ နွေရာသီ ဆိုမနက် တစ် ကြိမ် / ည တစ် ကြိမ် ရေလောင်းပေးရပါတယ်။ ပန်းပွင့်ချိန် ရေလောင်းဖို့လဲ မပျင်းပါနဲ့။ ပန်းပွင့်တွေ အထွက်နည်းလာပြီဆိုရင် ကွန်ပေါင်း ဓာတ်မြေသြဇာ ( NPK 10-52-17 ) အချိုး အတိုင်း အညွှန်းပါ အတိုင်း ဖြန်းပေးရပါတယ်။
ဆက်စပ်မေးခွန်းများ
စံပါယ်ပင်ယခုလိုဖြစ်နေတယ်ဘယ်လိုပြုလုပ်သင့်သလဲခင်ဗျာ အလင်းပြပါ
ဖြေကြားချက် 0 ခု
စပယ်ပန်းကို ကိုင်းချိုးစိုက်လို့ရလား
ဖြေကြားချက် 3 ခု
စံပယ်မှာတွေ့လို့ဘာဆေးသုံးရမလဲ။
ဖြေကြားချက် 4 ခု
စံပယ်ပန်းအပွင့်နူန်းတိုးအောင် ဆေးရှိရင်သိချင်လို့ပါ
ဖြေကြားချက် 3 ခု
ရှောက်ပင်ဒါမျိုးဖြစ်နေလို့ပါဘာလုပ်ရမလဲဗျာ
ဖြေကြားချက် 4 ခု