ဖြေကြားချက် ၄ ခု
ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျာ
ထောပတ်သီး အကြောင်း သိကောင်းစရာနှင့် စိုက်ပျိုးနည်း လင့်ကို နှိပ်ပီး အပြည့်အစုံ လေ့လာလို့ရပါတယ် ခင်ဗျ။
ကျေးဇူးပါ
အပင် တနှစ်သား အထိ မြေဆီသြဇာကို သုံးလ တကြိမ်ကျွေးပါ။ တစ်နှစ်ထက်ပိုသော အပင်များကို ဆောင်းရာသီကုန်ခါနီး သို့မဟုတ် နွေဦး အစောပိုင်းတွင် နိုက်ထရိုဂျင် ပါဝင်မှု့များသော မြေသြဇာကျွေးခြင်းက ပိုမို ထိရောက်သော မြေဆီသြဇာ ကျွေးနည်း ဖြစ်သည်။ ယေဘုယအားဖြင့် နှစ်လတကြိမ် မြေသြဇာ ပမာဏ အနည်းငယ်ကို အသီးကင်း မဝင်သေးသည့် အချိန်ထိ ပုံမှန် ထည့်ပေးခြင်းကိုလည်း ပြုလုပ်နိုင်သည်။ အသီးမသီးမှီ အပင်ပိုင်း ကြီးထွားမှု ဖြစ်နေစဉ်အတွင်း တနှစ်လျှင် မြေသြဇာ နှစ်ပိသာ မှ သုံးပိသာ အထိ ကျွေးပေးရန် လိုအပ်သည်။ အပွင့်ပွင့်နေသော အချိန်တွင် မြေသြဇာ မကျွေးရပါ။ ကျွေးလိုလျှင် အသီးကင်း ဝင်ပြီးသောအခါမှသာ ကျွေးသင့်သည်။ နိုက်ထရိုဂျင်သည် အပင်ပိုင်းဆိုင်ရာ ကြီးထွားမှု့ကို အားပေးသဖြင့် အအေးဓာတ် ခံနိုင်မှု၊ အသီး အရွယ်အစားနှင့် အထွက်နှုန်းပေါ်တွင် များစွာ လွှမ်းမိုးမှု့ ရှိသည်။ မြေအမျိုးအစားပေါ် မူတည်၍ မြေသြဇာ အမျိုးအစားလည်း ကွဲပြားခြားနားမှု ရှိသည်။ အရွက်ပေါ်တွင် အဝါရောင်ပျောက်များ ဖြစ်ပေါ်ခြင်းသည် အနည်းလို အာဟာရဓာတ် ဖြစ်သော အိုင်းယွန်းချို့တဲ့မှု့ကို ပြသော လက္ခဏာဖြစ်ပြီး အနည်းလို အာဟာရဓာတ်ကို ရွက်ဖြန်းဆေး အသုံးပြု၍ ဖြည့်တင်းပေးနိုင်သည်။ နှစ်သက်တမ်းရင့်သော အပင်များတွင် ဇင့်ဓာတ် ချို့တဲ့မှု့ မကြာခဏ ဖြစ်ပေါ်တတ်သည်။
ဆက်စပ်မေးခွန်းများ
ထောပတ်သီးဘယ်လောက်စြေးရိမလဲပြာ
ဖြေကြားချက် 0 ခု
သြဂဲနစ် ထောပါတ်ခြံ တခုဖြစ်အောင် တောင်ကြီး -ကျောက်တလုံးကြိးမြို့နယ်သွါးလမ်းနဘေး ရှိ ဟမ်းဖို့/ထိရီ း ရွာ၂ရွာတွင်...
ဖြေကြားချက် 2 ခု
ကိုင်းကူးကိုင်းဆက် ကောင်းသောအချိန် သိချင်လို့ပါ
ဖြေကြားချက် 2 ခု
ထောပတ်ကိုင်းဆက်နည်းလေးသိချင်ပါတယ်
ဖြေကြားချက် 2 ခု
ထောပတ်ပင်အချို့အောက်ပါပုံအတိုင်းဖြစ်နေပါတယ် ဘာရောဂါပါလဲ။ကုသနည်းသိလိုပါတယ်ဗျ။
ဖြေကြားချက် 5 ခု