ဖြေကြားချက် ၂ ခု
ကညွတ် က မြေဆီထက်သန်ပြီး ရေဝင်ရေထွက်ကောင်းသော မြေကြီးအမျိုးစားကို နှစ်သက်ပါတယ်။ အက်စစ်ဓာတ်ဆန်သော (မြေချဉ်သော) အမျိုးစားကို မကြိုက်ပါဘူး။ နှစ်ရှည်ပင်ဖြစ်တဲ့အတွက်ကြောင့် စတင်စိုက်ပျိုးကတည်းက မြေကို အကောင်းဆုံးဖြစ်အောင် အချိန်ယူပြီး ပြင်ဆင်ထားသင့်ပါတယ်။ အချိန်ရမယ်ဆိုရင်တော့ ကညွတ် စိုက်မည့် မြေကြီးမှာ ပဲမျိုးရင်ဝင် တစ်ခုခုကို သစ်စိမ်းမြေသြဇာ အဖြစ် စိုက်ပျိုးပြီး မြေကို အဟာရ ပြည့်ဝအောင် ပြင်ဆင်ထားသင့်ပါတယ်။ ထို့ပြင် မြေကြီးထဲတွင် ရေရှည် အဟာရ ပြည့်ဝနေရန်အတွက် သဘာဝမြေသြဇာများကို တက်နိုင်သလောက် များများ ထည့်ထားပါ။ ကညွတ် စိုက်ပျိုးပြီး တစ်နှစ်ကြာသည်အထိ အပင်၏ အမြစ်များ အားကောင်း သန်မာစေရန်အတွက် အစို့များကို ခူးဆွတ်ရိတ်သိမ်းခြင်း မပြုလုပ်ပါနှင့်။ ပေါင်းများကို အခါအားလေ ျှာ်စွာ ရှင်းပေးပါ။ မြေကြီး မြေသြဇာ ထက်သန်စေရန်နှင့် မွနေစေရန်အတွက် မြေဆွေး၊ သစ်ရွက်ဆွေးများကို ထည့်သွင်းပေးပါ။
ဆက်စပ်မေးခွန်းများ
ကညွတ်စိုက်ပျိုးပုံအဆင့်ဆင့်လေး နဲ ဘယ်ဒေသတွေမှာစိုက်လို့ရလဲသိချင်ပါတယ်ခင်ဗျ
ဖြေကြားချက် 2 ခု
မျိုးကောင်းမျိုးသန့်နဲ့မျိုးစေ့ရဲ့ကွဲပြားပုံ အဓိပ္ပာယ်တွေကိုရှင်းပြပေးပါ
ဖြေကြားချက် 1 ခု
မန်းလေးနဲ့ရန်ကုန်မှာ...ကညွတ်အဖူးတပိဿာကိုဘယ်လောက်ရှိလဲခင်ဗျ
ဖြေကြားချက် 2 ခု
EMဖျော်ရည်ကဘယ်လို့ဟာလဲဗျာမမြင်းဘူးလို့ပါသိရင်ပြပေးပါလားအစ်ကိုတို့
ဖြေကြားချက် 6 ခု
ကညွတ်မှာကျရောက်တဲ့ပိုးမွားရောဂါတေသိလားခမျေသိရင်ဖြေဆိုပေးကြပါ
ဖြေကြားချက် 0 ခု