ဖြေကြားချက် ၅ ခု
မြေဆီအဖြူ လေးဇွန်း လက်ချား ၂ ဇွန်း ယမ်စိမ်း ၆ ဇွန်း ဆားခါး ၂ ဇွန် နူန်းလောက်ဖြန်းလို့ရပါတယ်
ယူရီးယား၊ လက်ချား (မိမိဒေသ ပရဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါသည်) တစ်ဧက တစ်ကြိမ် ဖျန်းရန် အတွက် ယူရီးယား (၄) ပေါင်ခန့်နှင့် လက်ချား ဝ ဒသမ ၅ ပေါင်ခန့် လိုအပ်ပါသည်။ (ခ) ဖျော်စပ်နည်း- ရေတစ်ဂါလံလျှင် ယူရီးယား ဟင်းစားဇွန်း လေးဇွန်းခွဲနှင့် လက်ချားမှုန့် ဟင်းစားဇွန်း တစ်ဇွန်းကို ပျော်အောင် ဖျော်ပါ။ မှတ်ချက်။ ပရဆေးဆိုင်မှ လက်ချားအား အပူပေးပြီး ပေါက်ပေါက်ကဲ့သိ့ု ဖြစ်လာချိန် ဒလှိမ့်တုံးဖြင့် အမှုန့် ပြုလုပ်ပြီးမှ အသုံးပြုပါ။ (သို့မဟုတ်) လက်ချား အမှုန့်ကို ဝယ်ယူအသုံးပြုပါ။ ဖျန်းရန်အကြိမ်- ပန်းဖြိုင်ဖြိုင် ပွင့်ချိန် (၁) ကြိမ်။ ဖျန်းရန်ပမာဏ- တစ်ဧကလျှင် ရေ (၂၀) ဂါလံ။ ဖျန်းရန်အချိန်- နံနက်စောစော၊ ညနေစောင်း၊ နေအေးသော အချိန်။ ဆားခါး ဟင်းစားဇွန်း၁ဇွန်းကို ၃-၄ ပတ်တစ်ကြိမ်ခန့်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆေးတစ်ဆကိုရေအဆတစ်ထောင်ဆိုရင် ဆေးဖျန်းတစ်ပုံး ဘယ်လောက်စီစီထည့်ရလဲ ဆေးတစ်ဆကို ရေအဆ ၅၀၀ 100 1000ဆို တစ်ပူံး ဘယ်...
ဖြေကြားချက် 2 ခု
ဆေးတစ်ပုံးစာ ဘယ်လောက် အချိုးစားထည့်ရမလဲ အလင်းပြပေးပါနော်
ဖြေကြားချက် 2 ခု
ဆေးသုံးပုံသိချင်လို့ပါ
ဖြေကြားချက် 1 ခု
ပုလဲလက်ချာဖြန်းခြင်လ်ု့ပါရေလေးဂါလံကိုဘယ်လောက်ထည်ရလဲသိခြင်လို့ပါဖြေပေးပါအုံးကျေးဇူးပါ
ဖြေကြားချက် 2 ခု
ပလဲလက်ချားကိုဖြန်းခြင်လို့ပါရေလေးဂါလံကိုဘယ်လောက်ထည့်ရလဲးကျေးဇူးပြုဖြေပေးပါ
ဖြေကြားချက် 3 ခု