အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၂ ခု

80,504 လွန်ခဲ့သော ၆ နှစ် က

အပြည့်အစုံလေ့လာချင်ရင် စာတန်းလေးကို နှိပ်ပီးလေ့လာနိုင်ပါတယ် ခင်ဗျ နှမ်း စိုက်ပျိုးနည်း

80,504 လွန်ခဲ့သော ၆ နှစ် က

ရေအသုံးချမှု (၁)မိုးစိုက်(၂)လုံးဝရေသွင်းစိုက်(၃) မိုးနဲ့ရေသွင်းဆိုပြီး အခြေအနေ (၃)မျိုးရှိသည်။ အကောင်းဆုံး ကတော့ နံပါတ်(၃)နည်းပါ။ အမေရိကန်ရှိ နှမ်းစိုက်ဧကများ၏ ၈၅ ရာခိုင်နှုန်းဟာ မိုးကို အားကိုးပြီး စိုက်ပျိုးကြသည်။ မြေကြီးမှာ အစိုဓါတ်ရှိဖို့က လွန်စွာအရေးကြီးပါသည်။ ခြောက်သွေ့သော ဒေသများတွင် အစိုဓါတ်များ ထိန်းသိမ်းရန် မြေပေါ်တွင် အပင်အကျွင်းအကျန် တစ်မျိုးမျိုးဖြင့် အုပ်ထားသင့်သည်။ နှမ်းဟာ ဝါ၊ပြောင်း၊နှံစားပြောင်း၊မြေပဲ၊ ပဲပုတ်တို့လောက်တော့ ရေမလိုအပ်ပါ။ ဒါကြောင့် အစိုဓါတ်အများကြီး မရှိရင်တော့ နှမ်းကိုသာစိုက်လိုက်ပါ။နှမ်းမစိုက်ပျိုးခင် စိုက်ခင်းကို ရေများများကြို သွင်းထားခြင်းက အကောင်းဆုံးစနစ်တခုပါ။ သွင်းသည့်အခါ ရေသွင်းမြောင်းအဆုံးတွင် ပိတ်ထားပြီး စိုက်ခင်းကိုရေများ စိမ့်ဝင်အောင် လုပ်ပါ။ မြေအခြေအနေပေါ် မူတည်၍ ထပ်မံဖြည့်သွင်းရမည့် ရေပမာဏနှင့် အကြိမ်ရေ ကွာခြားသွားမည်။ ဒုတိယအကြိမ်ရေသွင်းခြင်းကို စိုက်ပျိုးပြီး ၄-၅ပတ်ခန့်အကြာတွင် ဆောင်ရွက်ပါ။ ရေကို ပါးပါးနှင့် မြန်မြန်သွင်းပေးပါ။ ၁၀-၁၅ရက်စီခြားပြီး နောက်ထပ် တစ်ကြိမ်(သို့)နှစ်ကြိမ်ရေ သွင်းပါ။ ရေသွင်းရမည့် အချိန်များတွင် မိုးရွာပါက ရေသွင်းစရာ မလိုအပ်ပါ။ရေလို မလိုကို သိရန် အပင်ကိုကြည့်ပါ။ နေ့ခင်းကြောင်တောင်မှာ အရွက်တွေ ညှိုးနေတယ်ဆိုပြီး စိတ်ပျက်မသွားပါနဲ့ ။ နေ့လည် (၂)နာရီလောက်ထိ ညှိုးနေရင်တော့ အပင်ကမကြာခင် ရေလိုအပ်တော့မှာပါ။ ဒီအချိန်မှာ မြင့်တဲ့အပင်တွေရဲ့ အမြစ်ဟာရှည်ရှားသောကြောင့် မြေအောက်ထဲမှ အစိုဓါတ်များကို စုပ်ယူနိုင်ပါသည်။ နောက်ဆုံးပန်းပွင့်သည့် အဆင့်တွင် ရေသွင်းခြင်းကို ရပ်တန့်ရမည်။ အစိုဓါတ်များဟာ မြေဆီလွှာ အပေါ်ပိုင်းတွင်သာရှိပါက နှမ်းပင်၏အမြစ်များသည် အောက်သို့များများမဆင်းတော့ပါ။ အကယ်၍ အပေါ်ယံသာရှိသော အစိုဓါတ်လည်း ခန်းခြောက်သွားပါက အမြစ်များလည်း ရေမဝဖြစ်ကာ နှမ်းပင် သေသွားမည်။ စိုက်ခင်းများဟာ မစိုက်ခင် မိုးကောင်းကောင်း ရွာသော်လည်းကောင်း၊ ရေနိုင်နိုင် သွင်းထားလျှင်သော်လည်း စိုက်ပျိုးပြီး ရက်ပေါင်း (၃၀)လောက်တွင် နောက်ထပ် ရေဖြစ်ဖြစ်၊ မိုးဖြစ်ဖြစ်တစ်မျိုးတော့ လိုအပ်မည်။ ဒီထက်နောက်ကျသွားရင်ဖြင့် အထွက်နှုန်းမကောင်းနိုင်တော့ပါ။ နှမ်းခင်းကို ဘောင်နဲ့ရေသွင်းခြင်း၊ အပေါ်မှ ရေဖျန်းစက်ဖြင့် ရေသွင်းခြင်းဆိုပြီး (၂)မျိုးရှိရာ ဘောင်နဲ့ရေသွင်းခြင်းဟာ အကောင်းဆုံးပါ။

You

ဆက်စပ်မေးခွန်းများ

နွေနှမ်းကိုဘောင်နဲ့ရေသွင်းစိုက်မလို့ပါ အဲ့ဒါ နှမ်းမစိုက်ခင် ရေအရင်သွင်းရမှာလား နှမ်းစိုက်ပြီးမှရေသွင်းရမှာလား...

ဖြေကြားချက် 5 ခု

ကျွန်တော်က နွေနှမ်းစိုက်ချင်တာပါ ကျွန်တော့်မြေက ကုန်းမြေ/မြေနီသဲဝန်းပါ အဲ့ဒီမြေမှာ နွေနှမ်းကို ရေသွင်းပြီး...

ဖြေကြားချက် 6 ခု

နွေနှမ်း(ဘောင်စနည်းနဲ့ရေသွင်း) စိုက်ပျိုးချင်လို့ပါ....စစ်ကိုင်းတိုင်း ကသာမြို့ကပါ....စိုက်ပျိုးပုံ နည်း အဆင့်...

ဖြေကြားချက် 0 ခု

နွေနှမ်းက စိုက်ပြီးဘယ်နှစ်ရက်လောက်နေမှ အပင်စထွက်တာလည်းဗျ အပင်ဘယ်နှစ်ရက်သားလောက်ကို ရေစသွင်းသင့်သလဲ သိချင်ပါတယ်...

ဖြေကြားချက် 6 ခု

နွေနှမ်းအပင်ပေါက်ပြီးဘယ်ရက်လောက်ဆိုရေပေးရပါလဲ ဖြေပေးကြပါမိတ်ဆွေတို့

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။