လှေ့ကိုဘာဆေးပတျရမလဲ
ဓာတုပိုးသတ်ဆေးသုံးရင် အရင်က သုံးထားတဲ့ ဆေးတေလည်း သိဖို့လိုပါတယ် ယခုနှစ် မတ်ပဲ / ပဲတီစိမ်းအခင်းများမှာ လှေး outbreak ဖြစ်နေတဲ့အတွက် အရင်ဆေးအုပ်စု က မနိုင်ရင် ဆေးအုပ်စု ပြောင်းသုံးပေးဖို့လိုပါတယ်
ဓာတုဆေး အနေနဲ့ဆိုရင် - ဒိုင်မီသိုရိတ် - ဒိုင်ယာဇီနွန် - အဆီတာမီပရစ်/ အမီတာကလိုပရစ် / သိုင်ရာမီသိုဇင် - ကာတက် ဟိုက်ဒရိုကလိုရိုဒ် စတဲ့ဆေးတွေသုံးနိုင်ပါတယ် ခင်ဗျ Ref : Plant Protection Department
အရင်ဆုံး သဘာဝ ဆေးလေးတွေလုပ်ပြီး ကာကွယ်နှိမ်နင်းကြည့်စေချင်ပါတယ်ခင်ဗျ။ ဆေးရွက်ကြီးအရွက်၊ ပင်စည်ခြောက်(၂၅၀) ဂရမ်ခန့်ကို ရေ(၄)လီတာတွင်ထည့်၍ ဆပ်ပြာရည်ထမင်းစားဇွန်း(၂)ဇွန်းခန့်ထည့်ပေးပြီး မိနစ်(၃၀)ကြာ ဖြည်းညင်းစွာအပူပေးပါ။ ထိုနောက် ပိတ်ပါးစဖြင့်စစ်၍ အရည်ညှစ်ယူပြီး ထိုအရည်တစ်ဆ ရေလေးဆဖြင့်ရော၍ ပက်ဖျန်းပါ။ - ဆေးဂန္ဓမာပွင့်(၃၅၀) ဂရမ်ကိုအမှုန့်ထောင်း၍ ရေ(၁)လီတာတွင်ထည့်စိမ်ပါ။ ထို့နောက် ပိတ်ပါးစဖြင့်စစ်၍ အရည်ညှစ်ယူပြီး ဆပ်ပြာအနည်းငယ်ရော၍ ပက်ဖျန်းပါ။
ဆက်စပ်မေးခွန်းများ
မတ်ပဲခင်းတွေလှေးပိုကို ဘာဆေးဖြန်းရလည်း
ဖြေကြားချက် 7 ခု
မတ်ပဲ ပန်းစပွင့်နေပါပြီ လှေးပိုး (သရစ်ပိုး) လည်းကျနေပါတယ် ပိုးလည်းနှိမ်နှင်းချင်တယ် အသီးပွင့်လည်းမြိုင်မြိုင်...
ဖြေကြားချက် 1 ခု
လှေးကိုနိူင်တဲ့ဆေးညွန်ပြပေပါအုံ
ဖြေကြားချက် 2 ခု
အီသာပလပ်ကလှေးပိုးတကယ်နိူင်လား သုံးဖူတဲ့ဆရာတွေရှိရင်အလင်ပြပါအုံး
ဖြေကြားချက် 1 ခု
ဆရာကြီးများခဗျာကျွန်တော်ပဲခင်းထဲ့လှေးနဲ့ပွင့်ထွေးအရမ်းကြနေလို့ဘာဆေးတွေသုံးသင့်လဲ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။