အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
522
လွန်ခဲ့သော ၆ နှစ် က · ပြင်ဦးလွင်

ဝဥ ရွက်သီးစိုက်ပြီး ဘယ်ချိန်မှာ တူးဖော်ရမလဲဗျ

စိုက်ပျိုးနည်း ဝဥ
3

ဖြေကြားချက် ၃ ခု

116 လွန်ခဲ့သော ၆ နှစ် က

ဘယ်နာနှစ်တူးလဲ

80,504 လွန်ခဲ့သော ၆ နှစ် က

ဆောင်းရာသီ၊ နိုဝင်ဘာလ- ဒီဇင်ဘာလတွင် မြေပေါ် ပင်ပိုုင်း ညှိုးခြောက်သွားချိန်၌ တူးဖော် ရိတ်သိမ်းရပါတယ်။ ဥများ ထိခိုက် ဒဏ်ရာမရအောင် ဂရုစိုက်ရမယ်။ တစ်ဧက စိုက်ပါက ဝဥ အစို ၁၀တန်( ၅၆၀၀ ပိဿကျော်) မှ၁၅တန်(၈၄၀၀ ပိဿကျော်) ရနိုင်ပါတယ်။ တူးဖော်ပြီး ၃ရက်ထက် ပို၍ အခြောက် မထားသင့်ပါ။ အရိပ်ရလေသလပ်ရာတွင် သိုလှောင်ထားရပါမယ်။ အခြောက်ခံပါက ဝဥခြောက်၂တန်မှ ၃တန် ရနိုင်ပါတယ်။

80,046 လွန်ခဲ့သော ၆ နှစ် က

ရွက်သီးကို ဂရုပြု ပျိုးထောင်မယ်ဆိုရင် ပျိုးထောင်ပြီး ၁နှစ်မြောက်မှာ စိုက်ခင်းထဲရွေ့စိုက်လို့ရပါတယ် ‌ရွေ့စိုက်ပြီး နောက်ထပ်၁နှစ်မြောက်ဆို ရောင်းတန်းဝင်ဥ ကိုရပါပြီ တကယ်လို့ ရွက်သီး ကိုစိုက်ခင်းထဲ တခါတည်းစိုက်မယ်ဆိုရင် စိုက်ပြီး ၂နှစ်ဆိုရင် ရောင်းတန်းဝင်ဥ ရပါပီ ၂နှစ် စိုက်ပြီးလို့ မတူးချင်‌ ‌သေး ဘူး စိုက်ခင်းထဲ ဆက်ထားချင်သေးတယ်ဆိုလည်း နောက်တစ်နှစ်လောက်ထပ်ထားလို့ရပါတယ် အပင်သက်တမ်းအလိုက် လိုအပ်တဲ့အာဟာရကို ဂရုတစိုက် ကျွေးပေးရင် ကျွေးမွေးပြုစုတာနဲ့တန်တဲ့ ရောင်းတန်းဝင်ဥ ကို ရရှိမှာပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။