ဖြေကြားချက် ၂ ခု
နွေနှမ်းအကြောင်းလေး ရှင်းပြပေးစေလို့ပါတယ်ခင်ဗျ
မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ဒီဇင်ဘာလနှင့် မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် ဖေဖော်ဝါရီလလယ်တွင် အပြီးစိုက်သင့်သည်။ ရေမြေအခြေအနေအရ စိုက်ချိန်ကွဲပြားနိုင်သော်လည်း နွေစပါးကို မိုးလွတ်လေလွတ်ရိတ်သိမ်းနိုင်ရေး၊ စပါးပင်ကြီးထွား ဖွံ့ဖြိုးချိန်တွင် အပူချိန်နိမ့်လွန်းခြင်း၊ ပန်းပွင့်ချိန်တွင် အပူချိန်မြင့်လွန်းခြင်းတို့ ကြုံတွေ့မှု မရှိစေရေး စိုက်ချိန်ကို ချိန်ဆစိုက်ပျိုးရန်ဖြစ်ပါသည်။ မိမိရေမြေနှင့်ဒေသအလိုက် သင့်တော်သောစပါးမျိုးကို ရွေးချယ် စိုက်ပျိုးရပါမည်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ သီးထပ်ရင်စပါးမျိုးနှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ ရွှေသွယ်ရင်စပါးမျိုးတို့သည် ဒေသရေမြေနှင့်ကိုက်ညီပြီး အစိုတမန်းပြင်၌ တိုက်ရိုက်မျိုးစေ့ချရန် သင့်တော်သည့် စပါးမျိုးများဖြစ်ပါသည်။ ယခုအခါ ရတနာတိုး၊ ရက် ၉၀၊ နှံကောက်နှင့် အခြား သက်လျင်အထွက်ကောင်း စပါးမျိုးများကို စိုက်ပျိုးနိုင်ပြီဖြစ်သည်။ စိုက်ချိန်စောပါက သက်လျင်အထွက်ကောင်း စပါးမျိုးများသာမက မနောသုခ၊ ဆင်းသုခကဲ့သို့ သက်လတ်အထွက်ကောင်းစပါးမျိုးကိုလည်း စိုက်ပျိုးနိုင်သည်။ သို့သော် ရိတ်သိမ်းချိန်တွင် မိုးဦးကျမုတ်သုန်မိုးနှင့် ကြုံတွေ့၍ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး စိုက်ပျိုးမည့်မျိုးနှင့် စိုက်ချိန်ကို ကြိုတင်ချိန်ဆစိုက်ပျိုးရန် ဖြစ်ပါသည်။ အစိမ်းရောင်လမ်းမှာ တင်ထားတဲ့ ဆရာကြီးဆင်းသီဟရဲ့ ဆောင်းပါးထဲမှ ကောက်နုတ်ဖော်ပြပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဖေဖော်ဝါရီ 15 ရက်လောက်ဆိုရင် နှမ်း စိုက်လို့ရလား အကြံလေးပေးပါအုန်းခင်ဗျာ
ဖြေကြားချက် 2 ခု
၂လပိုင်းမှာနမ်းစိုက်ပျိုးနိုင်ပါသလား
ဖြေကြားချက် 6 ခု
မိုးကြိုနှမ်းဘယ်အချိန်စိုက်သင့်သလဲ
ဖြေကြားချက် 1 ခု
နွေနှမ်းစိုက်ချင်လို့ပါ ဘယ်လိုနှမ်းမျိုးနဲ့ ဘယ်လမှာစိုက်သင့်လဲဆိုတာသိပါရစေ စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ်းမ...
ဖြေကြားချက် 7 ခု
မနှစ်က ဖေဖော်ဝါရီ လလယ်လောက် စိုက်ပါတယ် ဒီနှစ်ရာသီဥတု က နောက်ရက်တပတ်လောက်ထိ အအေးပိုမယ်လို့ သိရပါတယ်ဗျာ နှမ်းကအ...
ဖြေကြားချက် 5 ခု