အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
6,754
လွန်ခဲ့သော ၆ နှစ် က · မတ္တရာ

ပဲတောင့်ရှည် စိုက်မယ့်မြေကို ကြိုတင် ပြုပြင်ထားချင်လို့ပါ အဲဒီမြေမှာ အနည်းငယ်တော့စိုက်ဖူးပါတယ် ဒါပေမဲ့ အပင်ဘက်...

ပဲတောင့်ရှည် စိုက်မယ့်မြေကို ကြိုတင် ပြုပြင်ထားချင်လို့ပါ အဲဒီမြေမှာ အနည်းငယ်တော့စိုက်ဖူးပါတယ် ဒါပေမဲ့ အပင်ဘက်အားပါပြီး အသီးလိုက်ချိန်နောက်ကျပါတယ် သီးရင်လည်း အသီးတောင့်တွေက မလှပါဘူး အတို အကွေး အပွတွေ ဖြစ်နေတက်ပါတယ်။ အခုလို ြဖစ်နေတဲ့ မြေကို မြေပြင်ချိန်မှာ ဘာတွေထည့်သွင်းပြုပြင်ရမယ်ဆိုတာ လမ်းညွှန်ပေးကြပါ ဆရာအစ်ကိုတို့ ခင်မျာ ရေကေတာ့ ပေါပါတယ် ပြီးတော့ ဘောင်ဆွဲပြီးစိုက်မှာပါ။ ကျေးဇူးပြုပြီး ဖြေကြားပေးကြပါ ဆရာတို့ ခင်မျာ

မြေဆီလွှာ ပဲတောင့်ရှည်
7

ဖြေကြားချက် ၇ ခု

6,754 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါအစ်ကို

111,325 လွန်ခဲ့သော ၆ နှစ် က

ပုလဲဓါတ်မြေဩဇာကို မသုံးသင့်ပါ။ အသီးကျခါနီး ရက်လေးဆယ်ခန့်တွင် တီစူပါမြေဩဇါ နွားချေးထည့်ပေးပြီး အပွင့်မြင်တာနဲ့ ဆယ်ငါးပတ်လည်မြေဩဇာကို ပါးပါးလေးပစ်ကြွေးပေးပါ။ပိုးမကျအောင် လေဝင်လေထွက်ကောင်းစေရန် မလိုအပ်သော အတက်များကို အသီးမကျခင်ဖြတ်ပေးပါ။အရွက်များကိုလည်း နေ ရောင်နှင့်လေဝင်လေထွက်ကောင်းစေရန် ဖြတ်ချပေးပါ။စိုက်ပင်မျိုးကောင်းလျှင်ကောင်းသလောက် အသီးရှည်ပြီး မျိုးမကောင်းရင်တော့ အသီးညံ့ပါတယ်။

6,754 လွန်ခဲ့သော ၆ နှစ် က

ခန့်မှန်းခြေ ၅၅ ရက်သား လောက်ပါ အစ်ကို

174 လွန်ခဲ့သော ၆ နှစ် က

အပင်သက်တမ်း ဘယ်လောက်မှာ ပန်းစပွင့်ပါသလဲခမျာ

6,754 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်မျာ

270,769 လွန်ခဲ့သော ၆ နှစ် က

ပင်ပိုင်းမှာ မြေသြဇာကျွေးများရင် ပင်ပိုင်းအားများပြီး အသီးမှာအားနည်းတတ်ပါတယ်။ ပန်းပွင့်ခါနီးရင် အသီးတင်မှုအားကောင်းတာမျိုးကျွေးပေးပါ။ မြေနဲ့ဆိုတာထက် ထည့်သွင်းတဲ့ မြေသြဇာပေါ်မှာမူတည်လောက်ပါတယ်။ ထယ်ရေးအသင့်အတင့်ရှိပြီး ရေမဝပ်ရင် စိုက်ပျိုးမယ့် မြေကအဆင်ပြေပါတယ်။

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

မျိုးရွှေးချယ်မူ မှန်ကန်ပါစေ သဘာဝမြေသြဇာ များများသုံးပါ မြေချဉ်ပါက ထုံး မြေပြင်ချိန် ထုံးအသုံးပြုပါ စုတ်စားပိုးဂရုစိုက်ပါ လှေး ယင်ဖြူ ပွင့်ထွေးရွက်ထွေး

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။