ဆရာတို့ရေဒီအပင်ကနဂါးမောက်ကောစစ်ရဲ့လားကြည့်ပေးပါဦး
စိုက်ပျိုးပုံမှန်ကန်မှုမရှိပါဘူး။ နဂမောက်ပင်ဟာ နှစ်ရှည်ပင်ဖြစ်၍ စနစ်တကျစိုက်ပျိုးသင့်ပါတယ်။
ကျေးဇူးပါ
ပုံအရဆိုရင် မျိုးမကောင်းပါ။ (နဂါးမောက်ပင်ဟုတ်ရဲ့လား?ပုံကသေချာစွာမမြင်ရလို့ပါ)။မျိုးယူစိုက်မယ်ဆိုရင် အသီးထွက်ကောင်းတဲ့အပင်က အစိမ်းရင့်ရောင်ပင်စည်/အကိုင်း အရှည်ကိုမျိုးယူစိုက်ပျိုးသင့်ပါတယ်။နဂါးမောက်ပင်က ရှားစောင်းမျိုးနွယ်ဖြစ်တာမို့အရိပ်မကြိုက်ပါ။ရေဝပ်တာမကြိုက်ပါ။ပန်းက ညပိုင်းမှာပွင့်ပါတယ်။ပန်းပွင့်ချိန်မှာလူကဝတ်မှုန်ကူးမှုကိုဆောင်ရွက်ပေးရင်ပိုမိုအသီးတင်ပါတယ်။ဒါကတော့အကြမ်းဖျင်းပေါ့။ပိုမိုသိချင်ရင် ဂရင်းဝေး (green way)ရဲ့စိုက်ပျိုးနည်းပညာ ..စိုက်ပျိုးနည်းထဲက နဂါးမောက်ကိုရွေးချယ်ပြီးလေ့လာနိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နဂါးမောက်ပင်ကအသီးမသီးတဲ့အရိုင်းပင်ရှိလားအိမ်ကအပင်ကတစ်ခါမှမသီးသေးဘူးအပင်များပိန်လို့လားဆရာတို့ရေဖြေပေးပါဦးနော်
ဖြေကြားချက် 4 ခု
နဂါးမောက်ပင်ပျိုးနည်းလည်းသိချင်လို့ပါဗျာ ဘယ်လိုမျိုးပျိုးရလည်းဗျာတစ်ခါမှမလုပ်ဖူးလို့ ခုမှစလုပ်မလို့ဗျာ
ဖြေကြားချက် 6 ခု
နဂါးမောက်စိုက်ချင်တယ်ဘာမှနားမလည်အခုမစလုပ်မဲ့သူပါ ာကူညီပါအုံး
ဖြေကြားချက် 1 ခု
တစခါမှလည်းပွင့်ဘူး
ဖြေကြားချက် 0 ခု
နဂါးမောက်ပင်တွေဝါနေလို့ပါဘယ်လိုကောင်းအောင် ြပုလုပ်ရမလဲဗျာညွန် ြပ ြကပါ
ဖြေကြားချက် 5 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။