အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

ကျွန်တော်နာမည် ဦးအောင်သက်ခိုင်ပါ။ လားရှိုးမြို့နယ် စဉ့်အင်ကျေးရွာမှာ သံပုရာ စိုက်ပါတယ်။ ကျွန်တော့် သံပုရာခင်း...

ကျွန်တော်နာမည် ဦးအောင်သက်ခိုင်ပါ။ လားရှိုးမြို့နယ် စဉ့်အင်ကျေးရွာမှာ သံပုရာ စိုက်ပါတယ်။ ကျွန်တော့် သံပုရာခင်းမှာ ကင်ကာရောဂါဆိုးဆိုးရွားရွား ဖြစ်ပြီး တစ်ခြံလုံးပြုတ်သွားပါတယ်။ အဲဒါ နောက်တစ်ခြံအတွက် ကာကွယ်ချင်လို့ ဘယ်လိုကာကွယ်ပြီး ဖြစ်လာရင် ဘယ်လို ကုသရမလဲ သိချင်ပါတယ်ခင်ဗျ။

ပိုးမွှားရောဂါ ဥယျာဉ်ခြံ သီးနှံ၊ သစ်သီးဝလံ

ဖြေကြားချက် ၁ ခု

27,452 လွန်ခဲ့သော ၈ နှစ် က

၁) ရောဂါဖြစ်ပြီး ပျက်သွားတဲ့ ခြံနဲ့ ယခု ခြံ အသစ်နဲ့ နီးပါသလား ခင်ဗျား။ ခြံချင်းကပ်ရက် ပါလား။ (၂) အဲဒီ ခြံ အပျက်နဲ့ ခြံ အသစ် ရေ၊ မြေ ဆက်စပ် နေပါသလား။ (၃) ခြံ အသစ်က ခြံအဟောင်းရဲ့ လေ တိုက်ရာ လမ်းကြောင်း သင့်ပါသလား။ (၄) မိုးရွာရင် ခြံအဟောင်းက ရေတွေ ခြံအသစ်ထဲကို စီးဝင်နိုင်ပါသလား။ (၅) ဖြစ်နိုင်ရင် ခြံကို ဘယ်လိုနည်းနဲ့ ဘယ်လို အချိန်တွေမှာ မြေသြဇာ ကျွေးတယ်၊ အပင်ရဲ့ ကိုင်းတွေ ရှင်းတယ် ဆိုတာ ပြောပေးလို့ ရမလား။ ဒီမေးခွန်းတွေ ဖြေပေးလို့ ရှိရင်တော့ တစ်ခြား ပညာရှင်တွေကော လွယ်လွယ်ကူကူ ဝိုင်းပြီး ဖြေပေးလို့ရမှာပါ။ လောလောဆယ်တော့ အခင်းသစ်ကို ဝင်တဲ့ အခါမှာ တတ်နိုင်သမျှ အခင်းဟောင်းမှာ သုံးခဲ့တဲ့ ပစ္စည်းကရိယာတွေကို ရှောင်စေချင်ပါတယ်။ အခင်းဟောင်း နဲ့ အသစ်ကို တတ်နိုင်သမျှ အဆက်အသွယ် ဖြတ်ထားစေချင်ပါတယ်။ နောက်ပြီးတော့ အခင်းသစ်နဲ့ အဟောင်းက နီးနေရင် အခင်းသစ် ပတ်လည်မှာ လေကာပင် တွေ စိုက်ပြီး လေတိုက်နှုန်း နည်းအောင်၊ အခင်းဟောင်းကို ဖြတ်ပြီး တိုက်လာမဲ့ လေ တွေ အသစ်ထဲကို အရောက်နည်းအောင် လုပ်ပေးထားလို့ရမယ် ထင်ပါတယ်။ တစ်ခြား ပညာရှင်တွေကိုလည်း ဆက်သွယ်ပြီး မေးပေးထားပါတယ် ခင်ဗျ။

You

ဆက်စပ်မေးခွန်းများ

ကွမ်​းပင်​အတွက်​ ဘယ်​လို့အချိုးပါတဲ့ဓာတ်​​မြေသြဇာကိုသုံးသင်​့ပါသလဲခင်​ဗျာ ဘယ်​လို​ကျွေးသင်​့ပါသလဲ

ဖြေကြားချက် 1 ခု

မှိုအမျိုးမျိုးစိုက်ပျိုးခြင်းအကြောင်း၊ ရိတ်သိမ်းခြင်းအကြောင်း၊ ၊ပိုးကျခြင်းမှ ကာကွယ်ခြင်းအကြောင်း၊ Value Adde...

ဖြေကြားချက် 1 ခု

သရက်ပင် အတွက် လိုအပ်သည့် ဓာတ်မြေသြဇာအား မည့်သည် အချိန်တွင် ကျွေးရသည် ဘယ်လို့ ပုံစံ နှင့် ကျွေးသည့် တိုကို သိ...

ဖြေကြားချက် 1 ခု

မင်္ဂလာပါ ကျွန်​​တော်​ကမုံရွာမြို့နယ်​လယ်​ဇင်​ရွာကပါခင်​ဗျာ ကွမ်​းခြံကို စိုက်​ပျိုး​ရေးမိုးကာအနက်​ ရာခိုင်​...

ဖြေကြားချက် 2 ခု

ကျနော့်ရဲ့လယ်ထဲမှာ ပဲကန်ဇွန်းပင်တွေအသီးတွေနဲ့သေနေတာတွေ့ရတယ်ဗျာ အရွက်ဖျားခြောက်တာလဲအလွန်ပါပဲ ဆေးများလို့လား...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။