အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
522
လွန်ခဲ့သော ၆ နှစ် က · သဲကုန်း

မြေချဉ်ငံကိန်း မမှန်ရင် ဘယ်လိုအနေအထား လက္ခဏာ တွေဖြစ်ပါသလဲ၊ မြေချဉ်ရင် ဘယ်လိုအပင်မျိုးတွေပေါက်ပါသလဲ

မြေဆီလွှာ စပါး မြေချဉ်ငန်ဓာတ် (pH)
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

မြေချဥ်လွန်းရင် အရွက်တွေဝါလာမယ်.နီလာမယ်.ခရမ်းရောင်တွေဖြစ်မယ်။အမြစ်တွေမကျန်းမာဘဲအားနည်းမယ်။သံဓာတ်နဲ့ကန့်ဓာတ်တွေများလာဒါကြောင့် သံဆိပ်သင့်မယ်။ကန့်အဆိပ်သင့်မယ်။မြေချဥ်ရင် ဒရင်ကောက်ပင်,ရှမ်းပြေးပင်/ဇာမဏီပင်/ဘီးစပ်ပင်,ရေညှိ နဲ့သက်ကယ်ပင်...စတဲ့အပင်တွေတွေ့ရတတ်ပါတယ်။မြေချဥ်ရင်တီကောင်မရှိပါ။သိပ်ငန်တဲ့မြေဆိုရင် ဆပ်ပြာပေါက်နေတတ်ပါတယ်။

111,325 လွန်ခဲ့သော ၆ နှစ် က

မြေချဉ်တာ ငန်တာနှစ်မျိုလုံးသည် ဆိုဒီယမ်ကလိုရိုက်လို့ခေါ်တဲ့ ဓါတုဘာဝပြောင်းလွဲမှုဖြစ်စဉ်ကိုအခြေခံပြီးဖြစ်တည်လာပါတယ်။မြေတွင်၌ရှိသော ဓါတုသဘောတရားစုများနှင့်ပေါင်းစပ်ကာ မြေ၏ ဩဇာဓါတ်ဖွဲ့စည်းမှုသည် စိုက်ပျိုးပင်၏ ဩဇာဓါတ်ချက်လုပ်ခြင်းနှင့်သဟဇာတမဖြစ်ခြင်းကြောင့် ဓါတုသဘောဖြင့် အဖြေရှာဆန်းစစ်‌၍ မြေချဉ်မြေငံဟုဆိုကြခြင်းဖြစ်ပါတယ်။မြေချဉ်တွင်ပေါက်ရောက်သော အပင်တို့သည် မြေချဉ်၏ ဩဇာဓါတ်နှင့် သမမျှတသောအပင်အမျိုးစားများဖြစ်ကြသည်။စိုက်ပင်များတွင် ချဉ်ဘောင်ပင်သည် မြေချဉ်မြေငံကိုနှက်သက်သော အပင်မျိုးစားဖြစ်သည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။