ဖြေကြားချက် ၄ ခု
မြေယာပြင်ခြင်း၌ အရေးကြီးသောအချက်က လိုအပ်သော ထုံးမှုန့်အစရှိသော ဓါတုပစ္စည်းများသုံးစွဲရာ၌ မြေကို သမမျှတစေရန် မြေလှန်ပြီး ပြုလုပ်ဆောင်ရွက်ရခြင်းပါပဲ။ ထိုသို့ဆောင်ရွက်စဉ်ကာလ၌ သီးနှံစိုက်ပျိုးခြင်းထက် မြေကို မဖောက်ထုံးဖြင့် မြေဆီအတွင်းရှိသော ဓါတုလွန်ကဲမှုကို ဖောက်ထုပ်ပစ်ခြင်းကြောင့် မြေလှပ်ပေးရန်လိုပါသည်။ရေသွင်းပေးပြီး ပေါက်လာသောသဘာဝပေါက်ပင်တို့ကို လေ့လာဆန်းစစ်ပြီးမှ လိုအပ်သောမြေဩဇာတို့ဖြည့်သွင်း၍ ပြန်လည်စိုက်ပျိုးသင့်ပါသည်။မြေယာပြုပြင်ခြင်းသည် စရိတ်မြင့်မားပြီး အချိန်ယူရခြင်းကြောင့် ပျက်စီးမြေယာပြုပြင်ခြင်းကို လုပ်ဆောင်သူနည်းပါးကြသည်။ကျွမ်းကျင်စိုက်ရေးသမားများသည် အော်ဂဲနစ်စနစ်ကို အခြေပြု၍ သီးနှံစိုက်ပျိုးခြင်ကို အလေးထာကြခြင်းသည် ပိုမိုသောလုပ်အားနှင့် အချိန်ပေးကြရသော်လည်း ကောင်းမြတ်သောမြေယာများ ပိုမိုကောင်းမွန်သောမြေယာအရည်အသွေးတည်ရှိနေခြင်းကို ထိန်းညှိရန်ဖြစ်သည်။မြေယာပြုပြင်ရန်အတွက် အထောက်ပံ့ကောင်းသည် လိုအပ်ချက်အနေဖြင့် တည်ရှိနေဆဲဖြစ်သည်။
စိုက်ပျိုးမြေသမမျှတမှု(မချဥ်.မငန်) ရှိမှသာလျှင် မြေထဲမှာရှိတဲ့အာဟာရဓာတ်နဲ့ထည့်ကျွေးတဲ့ဓာတ်မြေသြဇာ/သဘာဝမြေသြဇာတွေကို အပင်ကကောင်းစွာစုပ်ယူစားသုံးနိုင်မှာပါ။ချဥ်လွန်း ငန်လွန်းရင် အပင်ကအလွယ် တကူမစားသုံးနိုင်တော့ပါဘူး။အကောင်းဆုံးနည်းကတော့(မြေချဥ်/မြေငန် ၂ခုစလုံး) သစ်စိမ်းမြေသြဇာကိုနှစ်စဥ်အသုံးပြုခြင်းပါဘဲ။၁နှစ်ထဲနဲ့မြေပြုပြင်လို့မရနိုင်ဘူးဆိုတာလည်းသိထားသင့်ပါတယ်။မြေထဲမှာနဂ်ိုက တည်းကသံဓာတ်..ကန့်ဓာတ်တွေများနေမယ်,ပုလဲမြေသြဇာအသုံးများရင်,ရေနေရေထိုင်အမြဲရှိနေရင် မြေချဥ်တတ်ပါတယ်။မိုးခေါင်ရေရှားမြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိမြေအများစုက ငန်ပါတယ်။သစ်စိမ်းမြေသြဇာနဲ့မြေကိုပြုပြင်နိုင်သလို မြေချဥ်ဆိုရင် ထုံး/ပိုတတ်ဆီယမ်မြေသြဇာ ထည့်ပေးခြင်းဖြင့်တဖြည်းဖြည်းပြင်သွားနိုင်ပါတယ်။ ၁ဧကကို ထုံး..၁နှစ်မှာ ၁တန်လောက်နှုန်းနဲ့ မြေချဥ်ကိန်းပေါ်မူတည်ပြီး အနည်းဆုံး ၃နှစ်နဲ့အထက်ဆက်တိုက်ထည့်ပေးရပါမယ်။မြေငန်ကို ဂျစ်ပဆမ်ကျောက်မှုန့် /ကန့်မှုန့်(ဆာလ်ဖာ) တွေထည့်ပြီးပြုပြင်ပေးရပါမယ်။ဂျစ်ပဆမ်ကျောက်မှုန့် ၁ဧကမှာ အိတ်အသေး(၂၅ကီလို) ၂အိတ်နှုန်းနဲ့ နှစ်စဥ်ထည့်ပေးရပါမယ်။ဖြစ်နိုင်ရင် သစ်စိမ်းမြေသြဇာကိုသုံးစေချင်တယ်။ကောင်းတာကတော့ ပဲမျိုးရင်းဝင်အပင်တွေကို ကိုယ့်သီးနှံ မစိုက်ခင်၁လ..၁လခွဲခန့်မှာကြိုပြီး စိုက်မယ်.ပန်းပွင့်ချိန်(၁လ ကျော်ကျော်)မှာအပင်အစိတ်ပိုင်းအားလုံးကိုထယ်ထိုးမြေမြှုပ်ပြီးဆွေးအောင်နှပ်ထားလိုက်ပါ။ထယ်မှောက်ပြီး၁၀ရက်ခန့်မှာကိုယ့်ရဲ့ဝင်ငွေရသီးနှံစိုက်နိုင်ပါပြီ။သစ်စိမ်းမြေသြဇာရဲ့ကောင်းကျိုးက မြေချဥ်/မြေငန်ကို ပြောင်းလဲလာစေတယ်.မြေမွရွလာတယ်.အစိုဓာတ်ထိမ်းနိုင်တယ်.သစ်ဆွေးဓာတ်များစွာရရှိတယ်.မြေမှအာဟာရများ/ ကျွေးလိုက်သောမြေဆီများကို အလွယ်တကူစားသုံးလာနိုင်ပါတယ်။သစ်စိမ်းမြေသြဇာမှာအကောင်းဆုံးအပင်က ပဲမျိုးရင်းဝင်အပင် ပိုက်ဆံလျှော်ဘဲဖြစ်ပါတယ်။
ထုံးထည့်တဲ့နေရာမှာလည်း အရည်အသွးနဲ့ နှုန်းထားကိုလည်း ဂရုစိုက်ပါ။ တစ်ယူနစ် တက်ဖို့ဆိုရင် တစ်ဧက ကိုအိတ် (၂၀) ထည့်ရပါတယ်။ တစ်နှစ်တစ်ခါ မြေချဉ်ငံဓာတ်တိုင်းပါ။ ၅.၅ ထက်မှာဆိုရင်ကောင်းပါတယ်။ pH ကောင်းအောင်မြေပြင်ပြီးမှ စိုက်ပျိုးတဲ့အခါမှာ မြေခံကို ပိုတက်ဆီယမ်နဲ့ ဖော့စဖိတ် ထည့်ပေးပြီး ဆာမှကျွေးစနစ်နဲ့ စိုက်ပျိုးပါ။
မြေချဉ်ရင် Calcitic lime (CaCO³)ထုံးကျောက် Dolomitic Lime ထည့်ခွေးသားလေး ???
ဆက်စပ်မေးခွန်းများ
မြေအချဉ်ဓတ်ကဘယ်လိုတိုင်းရလည်း
ဖြေကြားချက် 1 ခု
မြေကြီးကချဉ်ငံကိန်း5.3ဖြစ်နေလို့ မြေခံမှာဘယ်လိုမြေဩဇာတွေထည့်သင်သလဲ အချိုးအစားပါသိချင်ပါတယ် စိုက်ပျိုးသီးနှံက စ...
ဖြေကြားချက် 0 ခု
ခရမ်းမြို့ မြေချဉ်မြေငံကိုကျောက်မှုန့်ထည်၍ရပါသလားတဧကကိုဘယ်လောက်သုးံရပါသလဲ
ဖြေကြားချက် 2 ခု
မြေချဉ်ငံဓာတ်တိုင်းတဲ့စက်ကို ရန်ကုန်ဘယ်နေရာမာဝယ်လို့ရလဲဗျ အသုံးပြုပုံလေးနဲ့ ဈေးလေးကိုလဲ သိရင်ရှင်းပြပေးကြပါ...
ဖြေကြားချက် 1 ခု
မြေချဉ်ငံကိန်း မမှန်ရင် ဘယ်လိုအနေအထား လက္ခဏာ တွေဖြစ်ပါသလဲ၊ မြေချဉ်ရင် ဘယ်လိုအပင်မျိုးတွေပေါက်ပါသလဲ
ဖြေကြားချက် 2 ခု