ဘူးသီးတွေပုံထဲကထက်သိပ်မကြီးတော့ပဲပုတ်ကုန်တယ်ဘယ်လိုလုပ်ရမလဲ။
စိုက်ပျိုးနည်းစနစ်လိုအပ်ချက်တွေရှိနေပါတယ် ။ဗူးပင်က မြေကိုတွင်တူးပြီး စိုက်တာထက် တစ်တောင်ခန့်အဝန်းဝိုင်းရှိသော မြေကိုကျဉ်းခုံပြုလုပ်ပြီး၊ထိုမြေကို တွင်းဖော်ရေလောင်းပြီး နွားချီးအစရှိသော မြေဩဇာကို အောက်ခံပြုပြီး ပျိုးပင်ကိုထည့်သွင်းစိုက်ပျိုးခြင်းဖြင့် အမြစ်တိုးဝင်လွယ်သောစိုက်ပျိုးပင်ကို ဖြစ်စေရပါသည်။ထိုသို့ တစ်လံခန့်တစ်တွင်းအနေထားဖြင့်စိုက်ပျိုးရပြီး၊စဉ်ကို ဗူးအမျိုးစားကိုလိုက်၍ ဝါးတစ်ပြန်ခန့်စဉ်ထိုးပေးရန်လိုပါသည်။ရေကို ပျံ့ကြဲစီးမကျစေရန် နှင့် မြေဩဇာထည့်သွင်းသော အခါ မြေအုပ်ပေးရန်အတွက် စဉ်အောက်ပတ်လည်ရှိပေါင်းမြက်များကို စနစ်တကျရှင်းလင်းစုလုံးကာ စိုက်ပင်၏ဘယ်ဖက်နှင့် ညာဖက်တွင် မစိုက်ခင်ကတည်းက မြေကြီးနှင့်လုံးကာစုပုံထားရသည် ဗူးပင်ကောင်းစွာရှင်သန်ဖြစ်ထွန်းပြီး အညွန့်ထွက်ရန် အညွှန့်မွှေးကလေးနှစ်ပင်ထွက်ပေါ်လာသော အခါတွင် စိုက်ကျည်းခုံ အဝန်းဝိုင်းမြေကို လက်ဖြင့် အသာဖည့်ပြီး အမြစ်ဖျားအဘယ်အတိုင်းအတာထိရောက်နေသလဲဆိုသည်ကို ကြည့်ပြီးအတိုင်းရှည်ကိုမှတ်သားထားရပါမည်။ထိုနောက်ထိုအမြစ်နှင့် လက်သီးတစ်ဆုပ်စာအကွာခန့်မှစ၍ မြေဩဇာကိုတစ်ထွာခန့်အကျယ်ထည့်သွင်းပြီး အတန်းလိုက်လုံးထားသော ပေါင်းမြက်မြေဆွေးများကိုအုပ်ပေးပြီး မြေပါးပါးအုပ်ပေးရပါမည်။စဉ်ကို တစ်လံခန့်ဦးခေါင်းတလွတ်စာထိုးရမည်ဖြစ်ပြီး၊ဗူးပင်စဉ်တက်ရန်တန်းထိုးပေးရပါမည်။ပိုးများ မဖျက်ဆီးနိုင်ရန် စိုက်ပျိုးစဉ်ကတည်းက မြေခံဆေး3Dကို ပင်ရင်း၌ဖြူးပြီးထည့်သွင်းပေးရမည်ဖြစ်ပြီး။ပင်လုံးပျံ့အာနိသင်ရှိခြင်းကြောင့် ပိုးများမဖျက်ဆီးနိုင်ပါ။စင်ပေါ်တက်ရန်တုတ်တန်းထိုးပေးပြီး၊ထွက်လာသော နှဘေးအတက်အငေါက်များကို တစ်ထောင်ခန့်ရှည်သည်နှင့် ဖြတ်ပေးရပါမည်။ဂေါင်ညွှန့်သည် စင်ပေါ်ရောက်သည်နှင့် အပင်တန်းကြားတွင် လှစ်လပ်ကျန်သော နေရာတွင်နွားချီးမြေဆွေတို့ကိုထည့်သွင်းပေးပြီး တီစူပါ ဆယ်ငါးပတ်လည်စသောမြေဩဇာတို့ကို ကြဲပစ်ထည့်သွင်းပြီး ကျန်သောပေါင်းမြက်ဆွေးများဖြင့်အုပ်ကာ မြေအုပ်ပေးရပါမည်။နေ့စဉ်ရေ ပေးသွင်းရမည်ဖြစ်ပြီး ဂေါင်ညွှန့်များတည့်မှတ်စေရန် အညွှန့်ကို ပြုပြင်ချည်နှောင်တည့်ပေးရမည်ဖြစ်ပြီး တစ်လံခန့်အရှည်တွင် ဂေါင်ညွှန့်ကိုတစ်ထွာခန့်မှဖြတ်ပေးခြင်းဖြင့် ဘေးတက်အညွန့်များစဉ်ထက်တွင် ဖြာစေရသည်။ဂေါင်ညွှန့်ဖြတ်ပြီးသည်နှင့် ရှေ့ဉီးစွာ ပင်လုံးပျံ့ပိုးသတ်ဆေးကိုကြိုတင်ဖြန်းပေးရပါမည်။အပင်ရင်းမှအောက်ရွက်များကို ငါးမှိုင်လိုဖြန်းပေးခြင်းကိုပြုလုပ်ပြီး အောင်သီးကျဆင်းသည်နှင့် ပင်ခြေမှ အရွက် ထက်ဝက်ခန့်ဖြတ်ပြီး ငါးရက်ခန့်ကြာမှ ကျန်အရွက်များကို ဗူးစဉ်အရင်းထိ ဖြတ်ပေးရမည်ဖြစ်သည်။ အသီး၏အေနာက်ဖက်တွင်ကျန်ေနေသာ အသီးမကျသော အငေါက်များကို ဖြတ်ပေးနိမ်ပေးရမည်ဖြစ်ပြီး မလိုအပ်သော အတက်နှင့်ယှည်တွဲမနေသော အရွက်ကြီးများကို ဖြတ်ပေးနှိမ်ပေးပြီး အသီးပွင်ကောင်းစေရန် မြေဩဇာကို အရည်ပြုလုပ်၍ ရေဖြင့်ရောစပ်ကာ အပင်ကိုလောင်းပေးခြင်းဖြင့် အသီးအားကိုမြင့်တင်ပေးနိုင်သည် အပင်ခြေမှစ၍ ပေါင်းမြက်များမပေါက်စေရန် ကောက်ရိုးအုပ်ခြင်း ပလပ်စတိပိုင်းခင်းပိုင်အုပ်ေပးခြင်း စသည်တို့ကိုဆောင်ရွက်ပေးနိုင်ပါသည်။ဖြတ်ပေးသောအတက်များ အရွက်များကို ဗူးစဉ်အောက်တွင် မစွန့်ပစ်သင့်ပါ။ပိုးကျတတ်ခြင်းကြောင့်ဖြစ်သည်။
ကယ်ဆီယမ် ဘိုရွန်ပါတဲ့ ရွက်ဖျန်းအားဆေးသုံးပါ ကျနော်ထင်တာကတော့ သီးထိုးယင်မထိုးထားဘူးဆို ကယ်ဆီယမ်ချို့တဲ့လို့ပဲ
ခေါင်ညွန့်ဖြတ်ပါတယ်။မြေကို၁ပေလောက်တူးပြီးအပင်ဆိုင်ကမြေဆွေးနဲ့ပျိုးပင်ဝယ်စိုတ်တာပါ။မြေသြဇာတော့မကျွေးထားပါ။အသီး၅၀ကျော်လောက်ပုတ်တာထပ်မကြီးတော့ဘူး။သီးထိုးယင်တော့အများကြီးမိတယ်ဗျာ။ဝါသနာပါလို့စိုက်တာပါခုလိုပြန်ဖြေပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။
အစကပြန်လိုက်မှရမယ်
ဂေါင်ညွှန့် ဖြတ်ရဲ့လား။မြေဩဇာကို ဘယ်လိုထည့်သွင်းထားသလဲ။နောက်ဆုံးထည်သွင်းတဲ့ မြေဩဇာက ဘာတွေလဲ။ အပင်ဘယ်အရွယ်မှာထည့်ပြီး ထည့်သွင်းပုံနည်းစနစ်ကို ပြန်ပြောပြပါလား။ ဘယ်လိုဖြစ်တယ်ဆိုတာ အကောင်ဆုံး အကြံပြုနိုင်အောင်ပါ။စိုက်ပင်ခြေရင်း မြေကြီးရဲ့အနေထားကို ပုံတင်ပေးပါလားခင်ဗျား။ပိုးလဲကျနေတယ်။
အဲဒါစိုရင်ရောဂါ ကျတာဖြစ်မလား အဟာရချို့တဲ့တာ လား ဒါမှမဟုတ် ဝတ်မူံမကူးနိုင်တာလားတစ်ခုခုဘဲ ဒါနဲ့ သီးသမျှအသီးတိုင်းတေူ့မတင်နိုင်ပါဘူး
သုံးထားတယ်အကိုမရဘူး
သီးထိုးယင်ကျလို့နေမယ် ခင်ဗျာ methyl Eugaenol သီးထိုးယင်ဖမ်းဆေး သုံးကြည့်ပါလား ခင်ဗျ
ဆက်စပ်မေးခွန်းများ
ဘူးပင်လေးတွေ အနူရောဂါလား ဖြစ်နေသလားမသိဘူးဗျာ ။ ဘာဆေးဖြန်းရသလဲ ဘယ်လို လုပ်ရမလဲ လမ်းပြပေးကြပါ။
ဖြေကြားချက် 3 ခု
ဘူူးပင် ဝန်မှုန်ကူးနည်းပြောပြပေးပါဆရာစ
ဖြေကြားချက် 2 ခု
ဘူးပင်ကအသိးတွေအများကြီးသီးပြီးတစ်လုံးမှမတင်တာ ဘာကြေင့်ပါလဲ အသီးတင်အောင်ဘယ်လိုလုပ်ရမလဲခင်ဗျာ
ဖြေကြားချက် 4 ခု
ဘူး ပင် အဝါပင် ထွပ်တာ ဘာကြောင်
ဖြေကြားချက် 9 ခု
ဘူးပင်ကို အသီးအပွင့်နဲ့ မပင်အာဟာရဖြစ်အောင် ဘာကျွေးလဲဗျ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။