ဖြေကြားချက် ၃ ခု
ကြက်ဥခွံ့ဖြင့် မြေသြဇာ လုပ်နည်း ကြက်ဥခွံအသုံးပြုပြီး မြေသြဇာ လုပ်နည်းတွေ လေ့လာနိုင်ပါတယ်
ဟုတ်ကဲ့ ကျေးဇူးပါ နောက်ပြီး em ကြက်ဥဟော်မုန်းကဘယ်လိုလုပ်ရမလဲ စိတ်မရှိပါနဲ့ မသိလို့မေးတာပါ
ငါးအမိုင်နို အက်စစ် ဖေါ်စပ်နည်းနဲ့ အသုံးပြုပုံ အပင်မှန်သမျှ အသုံးပြုလို့ရပါမယ် ကျနော့်ရည်ရွယ်ချက်က နိုင်သလောက်အားနဲ့တွန်းမယ် ရသလောက်ရွေ့မယ်ပေါ့ ကူညီသူ လိုက်ပါသူ အချိူ့ရှိသလို မဆိုင်သလို နေတဲ့သူလဲရှိပါတယ် မည်သိုပင်ဆိုစေကာမူ တတ်နိုင်သည့်အားနှင့် နိုင်သလောက် ဆက်တွန်းနေမှာပါဘဲ ကျနော်ရေးတဲ့စာတွေ ဖတ်ခွင့်ရသူရှိသလို ဖတ်ခြင်လျက်နဲ့ မဖတ်နိုင် ခက်ခဲနေသူများလဲရှိနေတာ စိတ်မကောင်းဖွယ် တွေ့နေရပါတယ် ဒါကြောင့် တင်ပြီးသား ရေးပြပြီးသားတွေ အများအကျိူ းအလို့ငှါပြန်တင်ပေးသင့်တယ်လို့ ယူဆပြီး ထပ်တင်ပေး အသစ်ရေးပေးပါမယ် အရင်အတွေ့မကြုံ အရင်အသိနဲ့ရေးခဲ့တာတွေနဲ့မတူ တိုးတက်ကောင်းမွန်လာတဲ့ စာတွေ ဖြစ်မယ်လို့ထင်ပါတယ် စျေးထဲက ငါးသည်ဆီမှာ လွှင့်ပစ်မဲ့ ငါး အတွင်းကလီစာများ အကြေးခွံများကို ကြိုတင်မှာယူ စုဆောင်းခိုင်းထားပါ ငါးအကောင်လိုက်ထည့်တာထက် ပိုထိရောက်တယ်လို့ ကိုဝေအောင်ကလည်း ထောက်ပြပါတယ် ထိုငါးကလီစာများကို အိမ်ရောက်လျှင် အတုံးသေးများဖြစ်အောင် တုံးပါ စဉ့်အိုး ပလပ်စတစိပုံး မြေအိုး တစ်ခုခုထဲ ထည့်ပါ ငါးကလီစာများအလေးချိန်နဲ့ သကြားညို ထန်းလျက် ကြံသကာ တစ်ခုခုကို ဆတူ အလေးချိန်တူ ရောထည့်ပါ ဥပနာ ငါး ကလီစာက ၂ ပိသာဆိုရင် သကြား ထန်းလျက် တစ်ခုခုကလည်း ၂ ပိသာပေါ့ ရေ လုံးဝ မထည့်ပါနဲ့ ရေလုံးဝ မထည့်သင့်တွှဲ အကြောင်းတစ်ခုက အမိုးနီးယားဓါတ်တွေ ဖြစ်လာမှာ စိုးလို့ပါ အမိုးနီးယားဓါတ်ဖြစ်ရင် အပင်ကို အကျိူ းမပြုဘဲ ဒုက္ခပေးတွှဲဖက်ရောက်သွားနိုင်ပါတယ် သို့သော် ရေမထည့်ရင် အင်မတန်ပျစ်ခဲ နေတတ်တာမို့ စစ်ယူဖို့ အခက်အခဲရှိလာပါတယ် ဒါကြောင့် စစ်ဖို့လွယ်ကူအောင်ရယ် အနံ့အသက် မထွက်အောင်အတွက် em အပြင်း ၁ ဗူးကို ရေ ၄ ဗူးနဲ့ ရောထည့်ပြီး မွှေပေးပါ အေးပြီး ချောက်သွေ့တဲ့နေရာမှာ ထားလိုက်ပါ ၃ ရက် တစ်ကြိမ် ဒုတ်သန့်သန့်နဲ့မွှေပေးပါ ၃၀ ရက် ဆိုစပြီးသုံးလို့ရပါပြီ ၆ လ အတွင်း အသုံးပြုသင့်တယ် ကြာလာတာနဲ့အမျှ အကျိူ းပြုပိုးတွေ လျှော့နည်းလာတတ်တယ်လို့ ကိုဝေအောင်က အကြံပြုပါတယ် ငါ်းအမိုင်နို အက်စစ်ကို ဘယ်လို အသုံးပြုရမလဲဆိုရင် ၅ ဂါလံဆေးဖျန်းပုံး တစ်ပုံးထဲကို ရေသန့်ဗူးအဖုံး ၄ ဖုံး/၅ဖုံး/ ၆ ၇ ၈ ဖုံး အပင်အကြီးမသေးပေါ်မူတည်ပြီးထည့်ဖျန်းနိုင်ပါတယ် အပင်သေးရင် ၄ ဖုံး အပင်ကြီးရင် ၈ ဖုံးပေါ့ဗျာ အပွင့် ပွင့်ချိန် နဲ့ အသီးကင်းတင်ချိန်တွေမှာ မဖျန်းရပါဘူး အပွင့်တွေ အသီးကင်းတွေ ကြွေကျတတ်ပါတယ် အသီးကြီးလာချိန်မှာ အပင်ခြေကို ရေအဆ ၃၀၀ / ၅၀၀ သင့်သလို လောင်းပေးနိုင်ပါတယ် ရေရောတာ နည်းရင် အပင်လောင်ပြီးသေတတ်ပါတယ် စစ်ယူပြီး ကျန်တဲ့ ငါးအဖတ်များကို အပင်ခြေရင်တွေမှာ မပုံပေးရပါဘူး အပင်သေတတ်ပါတယ် ထို ငါးအဖတ်များကို ဘိုကာချီ လုပ်တဲ့ အချိန်မှာ ရောထည့်ပေးခြင်း မြေပြင်တဲ့ အချိန်မှာ ရောထည့်ခြင်း ဖြင့် အသုံးပြုနိုင်ပါတယ် ငါးအမိုင်နိုအက်စစ်ကို ရွှက်ဖျန်း အဖြစ် အသုံးပြုခြင်း ပင်ခြေရင်းကိုလောင်းပေးခြင်းဖြင့် အပင်ကြီးထွှားနှုန်းကို အထူးအားပေးပါတယ် အသီးကြီးအောင် အလုံးအဆံ ပြည့်အောင်လည်း အသီးသီးချိန် အသီး အတော်အတန်ကြီးလာချိန်မှာ အပင်ခြေရင်း လောင်းပေးနိုင်ပါတယ် EM ကြက်ဥဟော်မုန်းတို့နဲ့ ရောစပ်ပက်ဖျန်းခြင်းအားဖြင့် အပွင့် ပွင့်ခြင်းကို အားပေးပါတယ် ပွန်ချိန်တန် မပွင့်သေးရင် em နဲ့ ကြက်ဥဟော်မုန်းတို့နဲ့ ရောစပ်ဖျန်းလိုက်ရင် အပွင့်တွေ ပွင့်လာမှာ ဖြစ်ပါတယ် အပွင့် ပွင့်လာချိန်မှာ ခေတ္တနားထားပြီး အသီးကြီးချိန်မှ ထပ်မံ အသုံးပြုသင့်ပါတယ် em ကြက်ဥဟော်မုန်းနဲ့ ငါးအမိုင်နိုအက်စစ်ကို ဆတူရော စပ်ပက်ဖျန်းရမှာပါ ၅ ဂါလံ ဆေးဖျန်းပုံးမှာ ရေသန့်ဗူးအဖုံး ၄ ဖုံး ၅ ဖုံး ၆ ဖုံးစီခန့် အပင်ကြီးသေးပေါ် ချိန်ဆ ပက်ဖျန်းပေးရမှာ ဖြစ်ပါတယ်။ ချမ်းသာကြပါစေ ခွန်တူး Credit ကိုဝေအောင် Korea Natural Farming
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဝဥ ဘယ်လိုသေဒတွေ စိုက်လို့ရသလဲ ဗျ အရိပ်မရသော မြေပွ မြေပြန့်တွေ့ ဝဥ ယာခြင်းလုပ်လို့ရလား ခဗျ?
ဖြေကြားချက် 3 ခု
ဝဥ ကို ဘယ် 'လ'မှာစိုက်ရမလဲဗျ မြေဩဇာ ကဘာထည့်ရလဲ အကြံတောင်းခံပါတယ် ဆရာတို့ရယ် မသိလို့ပါ
ဖြေကြားချက် 4 ခု
FAAပြုလုပ်နည်းလေပေးပါအုန်း
ဖြေကြားချက် 3 ခု
စိုက်ဘောင်တွင်းမြေသြဇာနှင့်မြေအောင်းပိုးသတ်ဆေးထည့်ရပါသလား
ဖြေကြားချက် 2 ခု
ဝ ဥကိုဘယ်စိုက်ရင်အဆင်ပြေပါသလဲ
ဖြေကြားချက် 0 ခု