အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
583
လွန်ခဲ့သော ၆ နှစ် က · မုံရွာ

ကြက်သွန်နီကိုဘယ်လိုတူးဖော်ကြသလဲဗျ လက်နဲ့ဖော်တယ်တော့မလုပ်ပါနဲ့နော် ဒေသဗဟုသုတလေးတွေရောမျှဝေပေးပါလား ကျတော်တို့...

ကြက်သွန်နီကိုဘယ်လိုတူးဖော်ကြသလဲဗျ လက်နဲ့ဖော်တယ်တော့မလုပ်ပါနဲ့နော် ဒေသဗဟုသုတလေးတွေရောမျှဝေပေးပါလား ကျတော်တို့ရွာတော့ရေပေးပြီး၁၅ရက်လောက်နေရင်ဖော်လေ့ရှိကြတယ် အဲ့အချိန်ကျမြေကမာပြီးလက်လည်းမစားသာသလို ကုန်ကျစရိတ်လည်းထောင်းသလားလိုပါဗျ(အလုပ်မသွင်ဘူးလားလို့ပါ) ရေပေးပြီးရက်ဘယ်လောက်နေလျှင်ဖော်ကြပါသလဲ အပင်သေအပင်ခြောက်မှ ရေပေးပြီး၅ရက်လောက်နေရင်ဖော်လို့ရပါသလား ကျတော်က ဖော်အမိတ်ဖြတ်ပြီးအိပ်ထဲတန်းထည့်ပြီးထပ်ထားချင်လို့ပါ အထားခံမလားသိချင်လို့ပါ

ရိတ်သိမ်းချိန်လွန်နည်းပညာ ကြက်သွန်နီ ကြက်သွန်နီစိုက်ပျိုးနည်း
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၆ နှစ် က

ရေသွင်းပြီး ၅ ရက်လောက်ဆိုရင် အရမ်းကပ်ပါတယ်။ အနည်းဆုံး ၁၀-၁၅ ရက်လောက် ထားသင့်ပါတယ်။ နီးကပ်လွန်းရင် ကြက်သွန်က အထားမခံတော့ပါဘူး။

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၆ နှစ် က

ဥကြီး အတွက် ရိတ်သိမ်းက အရွက်၏ ၁၅-၂၅% ခြောက်လာလျှင် လက်ဖြင့် ဆွဲနုတ် ရိတ်သိမ်းနိုင်သည်။ အရွက်များ အားလုံးခြောက်မှ ရိတ်သိမ်းပါက ကြက်သွန်ဥသည် လက်ဖြင့် နုတ်ရန် မလွယ်လှချေ။ အမြစ်များသောကြောင့် ရောင်းတန်းလည်း မလှပေ။ ကြက်သွန်ဥ နုတ်ပြီးလျှင်ပြီးချင်း အရွက်ကိုဖြတ်လိုက်ပါက အရည်အသွေး ပိုကောင်းသည် ဆိုကြသည်။ အရွက်ကို ၀.၅-၁လက်မချန်ပြီး ဖြတ်ရမည်။ ကြက်သွန်ဥများကို နေရောင်ဖြင့် အခြောက် မလှန်းရပါ။ ဖြတ်ပြီး ကြက်သွန်ဥများကို အေး၍ ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းသော နေရာတွင် သိုလှောင် အခြောက်ခံရမည်။ ကြက်သွန် အပေါ်ယံခွံ အခြောက် ဖြစ်ရန် အစိုဖြစ်စမှ ၁လ ကြာသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။