အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,204
လွန်ခဲ့သော ၆ နှစ် က · ဒဂုံမြို့သစ်မြောက်ပိုင်း

တစ်ပိုင်းတနိုင်ဓိုက်ပျိုးရန်အတွက် ပထမဆုံးဘာလုပ်သင့်သလဲ

မြေဆီလွှာ ခဝဲသီး
12

ဖြေကြားချက် ၁၂ ခု

2,204 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါညီညီ

111,325 လွန်ခဲ့သော ၆ နှစ် က

စဉ်ပေါ်ရောက်ချိန်တွင် ခဝဲပင်သည် ဘေးရွက်ကြားထွက်သော အညွှန့်များကို ဖြတ်တောက်ပေးခြင်းကြောင့် အသီးထွက်ချိန်ရောက်၍ မသီးရသောအခြေအနေမျိုးဖြစ်သည်။စင်ပေါ်ရောက်ပြီး မှအတက်ဖြာထွက်ရခြင်းကြောင့် စဉ်တက်ပြီးအပင်စုံသည်နှင့် မြေဩဇာ တစ်ကြိမ်ထည့်သွင်းရပါမည်။တီစူပါ တစ်ဆယ်ငါးပတ်လည်နှင့်နွားချီးမြေဆွေး ကြက်ချီးတို့ကို ထည့်သွင်းပေးရပါမည်။ပြီးအသီးမထွက်ခင် ပိုးသတ်ဆေးဖြန်းပေးရပါမည်။ခဝဲပင်သည် ဝတ်မှုံကူးအင်းဆစ်တို့နှက်သက်သောကြောင့် အပွင့်အားမြင့်လေ သီးအားမြင့်မားလေဖြစ်သည်။သီးကောက်ပြီးတိုင်း နမ်းဖတ်စိမ်၍လောင်ပေးခြင်းသည် အသီးထွက်ကောင်းခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်။

2,204 လွန်ခဲ့သော ၆ နှစ် က

ခဝဲသီး စဥ်ပေါ်ရောက်လို့အပွင့်နဲအသီးအားကောင်းအောင်ဘာတွေထပ်ဖြည့်စွက်ရမလဲအကို

111,325 လွန်ခဲ့သော ၆ နှစ် က

ရိုးရိုးမြေဆွေးနွား‌ချီးလက်တစ်ခုတ်နဲ့ပဲချပါတယ်။အပင်အညွန့်မွှေလေးနှစ်ပင်ထွက်လာတဲ့အခါမှ နွားချီ ပုလဲစတဲ့မြေဩဇာကို အပင်ရင်းတစ်ထွာလောက်အကွာ‌ေဝးကနေ ထည့်သွင်းပေးရပါတယ်။

2,204 လွန်ခဲ့သော ၆ နှစ် က

အလယ်ကောင်မျိုးစေ့ချရန်နေရာမှာဘယ်လိုမြေသြဇာနှင့်ဓါတ်မြေသြဇာများထဲ့ရမလဲအကိူအမတို့

2,204 လွန်ခဲ့သော ၆ နှစ် က

emရန်ကုန်ဘယ်မှာဘယ်လိုရမလဲ

111,325 လွန်ခဲ့သော ၆ နှစ် က

နွေစိုက်ပျိုးပုံစနစ်အခင်းအကျင်းက မှန်ပါတယ်။

2,204 လွန်ခဲ့သော ၆ နှစ် က

စိုက်ပျိုးရန်နေရာပါအလယ်မှာပျိုးစေ့ချရန်နှင့်ဘေးပတ်ပတ်လည်ကရေသွင်းရန်ပြုလုပ်ထားချင်းပါအကိုတို့ပြောတဲ့ပုံစံနဲ့မှန်မမှန်စစ်ဆေးပေးပါအုန်း

111,325 လွန်ခဲ့သော ၆ နှစ် က

စိုက်ဘောင် ဆိုတာ အမြစ်တိုးဝင်လွယ်အောင် မြေဩဇာထည်သွင်းရန်လွယ်ကူ‌ေစရန်စနစ်တကျပြုလုပ်ပေးရတဲ့ ကျဉ်းကိုဆိုလိုတာပါ ကျဉ်းဘောင် စိုက်ပေါင်စသည်ဖြင့် စကားသံကြောင့် ဝဲတာပါညီလေး

2,204 လွန်ခဲ့သော ၆ နှစ် က

စိုက်ပေါင်ဆိုဒါဘယ်လိုနေရာမျိုးကိုခေါ်ဒါလဲဆိုဒါကိူသိချင်ပါတယ်

111,325 လွန်ခဲ့သော ၆ နှစ် က

မြေကြီးကိုစနစ်ချ အကွက်ချရပါ့မယ်။ ပြီး၊စိုက်ပျိုးမြေကို ဆန်းစစ်ရပါ့မယ်။ရေဆင်းနှင့် စိုက်ပျိုးဝင်ဆန့်နိုင်ခြင်းအပါဝင် မိမိဆောင်ရွက်နိုင်သော အားနှင့်တန်သော ဝန်ကိုချိန်ဆရပါ့မယ်။ရေရရှိနိုင်ခြင်းများနှင့် ရာသီခွင်အလိုက်မြေအနေထားကို ပိုင်းခြားဝေဖန်ရပါ့မယ်။

270,769 လွန်ခဲ့သော ၆ နှစ် က

ခဝဲပင်ကို မြေဩဇာကောင်းသောနေရာများတွင် စိုက်ပျိုးကြသည်။ သဘာဝမြေဆွေးကို မစိုက်ပျိုးမီ ထည့်ပေးရသည်။ ဓာတ်မြေသြဇာကို လိုအပ်မှသာ စိုက်တန်းမှ ထည့်ပေးရသည်။ မြေဆီလွှာအစိုဓာတ်အမြဲရရှိရန် လိုအပ်သည်။ လိုအပ်၍ ရေသွင်းရလျှင် တစ်ပေါင်ခြားရေသွင်းရသည်။ မြောင်းအနက်၏ ၂/၃ ပုံသာ ရေပြည့်အောင်သွင်းရသည်။ ပေါင်ပေါ် ရေလျှံမတက်ရပါ။ ခဝဲ တစ်ဧကလျှင် နွားချေးဆွေး လှည်း ၁၀ စီးမှ အစီး ၂၀၊ ပုလဲ(၁-၂) အိတ်၊ တီစူပါ (၂-၄) အိတ်၊ ပိုတက်ရှ်မြေသြဇာ ၁၂ အိတ်ထည့်ပေးသင့်ပြီး သဘာဝမြေဆွေး၊ ကြက်ချေး၊ နွားချေး၊ တီစူပါဓာတ်မြေသြဇာကိုရော၍ စိုက်ပေါင်တွင်း သမအောင်မွှေ၍ ထည့်ပေးရမည်။ အသီးစတင်သီးချိန်တွင်ပုလဲ၊ ပိုတက်ရှ်နှင့် နွားချေးဆွေးတို့ကိုရော၍ ပေါင်အောက်ခြေမှ ပေါင်ထပ်ပြီး အစာထပ်မံကျွေးရပါမည်။ မြေဩဇာညံ့ဖျင်းသော ဒေသများတွင် ပြာနှင့် နွားချေးအဆွေးများကို မြေဩဇာအဖြစ် အသုံးပြုကြသည်။ မိုးကောင်းစွာ ရွာသွန်းလာသည့်အချိန်ထိ ရေမှန်မှန် လောင်းပေးရသည်။ အချိန်မှန် ပေါင်းသင်ပေးမှ အပင်များ သန်စွမ်းသည်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။