အကြံပြုရန်မှာစာရေးပြီးပို့လိုမရပါ ဆရာဆရာ မ. တို့ဘာကြောင့် လဲခင် ဗျာ
မြေရဲ့သဘောက သဘာဝပေါက်တဲ့အပင်ရဲ့ရှင်သန်နိုင်စွမ်းသည် ထိုမြေ၏ပကတိစွမ်းရည်ဖြစ်သည်။ထိုသဘာဝပေါက်ပင်၏ လက္ခဏာပြောင်းလွဲမှုတို့သည် ထိုမြေကြီးကိုဗဟိုချက်ပြုသော ဥတုရာသီနှင့်ယှဉ်တွဲလျက်ရှိသော မြေရဲ့ဖြစ်တည်မှုကို ကိုယ်စားပြုသည်။မြေကြီးတစ်ခုကို ပြုပြင်ချင်၍ဖြစ်စေ၊သီးနှံစိုက်ပျိုးမဖြစ်ထွန်း၍ဖြစ်စေ။ထိုမြေကို အသုံးချရန် အချက်လက်ကို သစ်ပင်အတွက်ဆိုလျှင် သစ်ပင်တို့၏ရုက္ခဗီဇနိုင်းရသဘောဖြင့် ဦးစွာအဖြေရှာရပါသည် ။မြေဩဇာ၏ ဩဇာသဘောကိုတော့ ဓါတုနိုင်းရသဘောဖြင့် အဖြေရှာရပါသည်။မြေကြီးကိုတော့ မြေနှင့်ယှဉ်တွဲသော ဥတုနိုင်းရသဘောဖြင့်အဖြေရှာရပါသည်။မြေအသုံးချပုံ မှားယွင်းခြင်းက ပိုမိုဆုံးရှုံမှုကိုကြုံရစေပါသည်။ဥပမာအားဖြင့် စပျစ်ပင်စိုက်သင့်တဲ့နေရာမှာ တခြားအပင်တွေထက် စပျစ်ကပိုဖြစ်ထွန်းအောင်မြင်နိုင်ပြီး မဖြစ်ထွန်းတဲ့အပင်ကို ရွေချယ်ခြင်းက အချိန် လုပ်အား နှင့်အရာရာပိုဆုံးရှုံးစေနိုင်ပါတယ်။
ဆရာ မေးစရာရှိသေးတယ် နွားချေးမြေသြဇာ ကို အဟာရများပြီး ပေါင်းပင်တွေနည်းထိရောက်မူရှိရှိ ဘယ်လို အသုံးပြု ရလဲ အခုဆို ကျနော် တို့ရွာမှ နွား ချေးတွေ အိမ်မှာ မရှိ တော့သလောက် ယာခင်းတွေမှာ ချပြီး ကုန်ပါပြီ ဒီနှစ်တော့ ကျနော် အပါဝင် မဟုတ်တော့ဘူး နေပူထဲမှာ အဟာရ. ဓါတ်တွေဆုံးရူံးတယ် အထင်နဲ့ပါ ကျနော် အတွေးတွေ မှာ နေလား ပြုပြင်ပေးပါဆရာ
ဘယ်လိုဖြစ်နေလို့လဲရှင့် အကြံပြုရန်မှာစာရေးပို့တဲ့အခါ မဝင်သွားလို့လား။
ပခုက္ကူမှာ၃နှစ်တာဝန်ထမ်းဆောင်ခဲ့တာမို့ အဲဒီကမြေတွေအကြောင်းသိခဲ့ရပါတယ်။သဲဆန်တယ်.မြေဆီလွှာမှာအာဟာရဓာတ်တွေ,မြေဆွေးဓာတ်တွေကုန်ခန်းနေတယ်.မြေကငန်လွန်းနေတယ်။ဒါကိုပြုပြင်ဖို့အတွက်မြေဆွေးနဲ့နွားချေးကလည်းမရှိ။အဲဒီတော့ စီမံကိန်းတစ်ခုကို ၂၁ရွာမှာလုပ်ခဲ့ပါတယ်။သစ်စိမ်းမြေသြဇာအသုံးပြုပြီးမြေပြုပြင်တဲ့နည်းပညာပေါ့ဗျာ။ကိုယ့်သီးနှံမစိုက်ခင်၁လခွဲ..၂လလောက်ကြိုတင်ပြီး ပဲမျိုးရင်းဝင်အပင်တစ်မျိုးမျိုးကိုစိုက်မယ်.အဲဒီအပင်တွေ၄၅ရက်သား ပန်းပွင့်တဲ့အချိန်မှာအပင်တွေကိုထယ်မှောက်...ထယ်မှောက်ပြီး၂ပါတ်ခန့်အကြာမှာကိုယ်စိုက်မဲ့သီးနှံကို စိုက်ပျိုးခြင်းပါဘဲ။စီမံကိန်းကတော့ ပဲမျိုးရင်းဝင်ဖြစ်တဲ့ပိုက်ဆံလျှော်ကို သစ်စိမ်းမြေသြဇာအဖြစ်အသုံးပြုခဲ့တာ အောင်မြင်ခဲ့ပါတယ်။ဒါကြောင့်သစ်စိမ်းမြေသြဇာနည်းပညာအသုံးပြုကြည့်ပါ။၃နှစ်လောက်ဆိုရင်မြေဆီလွှာကောင်းမွန်လာပါလိမ့်မယ်။
နွားချီးများများထည့်သွင်းပေးနိုင်မှ အဆင်ပြေမယ့်သဘောရှိပါတယ်။
ဟုတ် တယ် တပေ ကျော် လောက် မှ နည်းနည်း ဖွဲ့စည်းတာ
မြေက သဲအရမ်းဆန်သလား။
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါခင်ဗျား။ ကျွန်တော် ကြက်ဥဟော်မုန်း အပင်အားဆေး ပြုလုပ်နည်းလေး သိချင်လို့ပါခင်ဗျ။
ဖြေကြားချက် 3 ခု
ပုံထဲကအတိုင်းဖြစ်နေလို့ ဘာဖြစ်တာလဲဗျ ဖြေကြားပေးပါအုံး
ဖြေကြားချက် 5 ခု
မစိုက်ခင် မြေကိုဘယ်လို လုပ်ရမလည်း
ဖြေကြားချက် 3 ခု
ဘာရော ဂါလည်းခင်ဗျာ
ဖြေကြားချက် 2 ခု
သင်္ဘောပင်ပျိုးနည်းလေးသိချင်လို့ပါဆရာတို့
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။