အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,541
လွန်ခဲ့သော ၆ နှစ် က · မော်လမြိုင်ကျွန်း

စပါးခွံဘိုကာရှီလုပ်ဖို့အတွက်လိုအပ်မဲ့ပစ္စည်းတွေနဲ့ပြုလုပ်နည်းလေးသိချင်ပါတယ်ခင်ဗျ

Post image
2

ဖြေကြားချက် ၂ ခု

3,541 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

270,769 လွန်ခဲ့သော ၆ နှစ် က

စပါးခွံ ၂ ဆ၊ နွားချေး ၂ဆ၊ ဖွဲနု ၁ဆ တို့ကိုပုံပြီး သကာရည်(သို့)တင်လဲရည် ၁ဆ၊ အသင့်သုံးအီးအမ်ကိုဖြန်း၍ သမအောင်ရောမွှေပါ။ အစိုဓာတ်များလို့မရပါဘူး။ မွှေပြီးလက်နဲ့ဆုပ်ကြည့်လို့ အလုံးမပျက် လက်ကြားထဲရေမထွက်တဲ့အနေအထားဖြစ်ရပါမယ်။ ခန့်မှန်းအစိုဓာတ်အနေနဲ့ ၃၅-၄၀ ရှိရပါမယ်။ လုပ်ပြီးရင် လေလုံအိတ်၊ PPC အိတ်ထဲသို့ထည့်ပြီးလေလုံအောင်ပိတ်၍ ခြောက်သွေ့သောအရိပ်ထဲတွင်ထားပါ။ နွေရာသီမှာဆိုရင်တော့ ၃ရက်ထားပြီးရင်သုံးလို့ရပါပြီ။ ဆောင်းရာသီမှာဆို ၁၀ကြာထားရပါတယ်။ ရေရှည်သိုလှောင်မယ်ဆိုရင် အိတ်ထဲတန်းမထည့်သေးပဲ နေရိပ်မှာ အခြောက်ခံပြီး ခြောက်သွားတော့မှ လေလုံအိတ်ထဲထည့်ပါ။ ၆လထိခံပါတယ်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။