ဖြေကြားချက် ၂ ခု
(၁)မိုးစိုက်(၂)လုံးဝရေသွင်းစိုက်(၃) မိုးနဲ့ရေသွင်းဆိုပြီး အခြေအနေ (၃)မျိုးရှိသည်။ အကောင်းဆုံး ကတော့ နံပါတ်(၃)နည်းပါ။ အမေရိကန်ရှိ နှမ်းစိုက်ဧကများ၏ ၈၅ ရာခိုင်နှုန်းဟာ မိုးကို အားကိုးပြီး စိုက်ပျိုးကြသည်။ မြေကြီးမှာ အစိုဓါတ်ရှိဖို့က လွန်စွာအရေးကြီးပါသည်။ ခြောက်သွေ့သော ဒေသများတွင် အစိုဓါတ်များ ထိန်းသိမ်းရန် မြေပေါ်တွင် အပင်အကျွင်းအကျန် တစ်မျိုးမျိုးဖြင့် အုပ်ထားသင့်သည်။ နှမ်းဟာ ဝါ၊ပြောင်း၊နှံစားပြောင်း၊မြေပဲ၊ ပဲပုတ်တို့လောက်တော့ ရေမလိုအပ်ပါ။ ဒါကြောင့် အစိုဓါတ်အများကြီး မရှိရင်တော့ နှမ်းကိုသာစိုက်လိုက်ပါ။နှမ်းမစိုက်ပျိုးခင် စိုက်ခင်းကို ရေများများကြို သွင်းထားခြင်းက အကောင်းဆုံးစနစ်တခုပါ။ သွင်းသည့်အခါ ရေသွင်းမြောင်းအဆုံးတွင် ပိတ်ထားပြီး စိုက်ခင်းကိုရေများ စိမ့်ဝင်အောင် လုပ်ပါ။ မြေအခြေအနေပေါ် မူတည်၍ ထပ်မံဖြည့်သွင်းရမည့် ရေပမာဏနှင့် အကြိမ်ရေ ကွာခြားသွားမည်။ ဒုတိယအကြိမ်ရေသွင်းခြင်းကို စိုက်ပျိုးပြီး ၄-၅ပတ်ခန့်အကြာတွင် ဆောင်ရွက်ပါ။ ရေကို ပါးပါးနှင့် မြန်မြန်သွင်းပေးပါ။ ၁၀-၁၅ရက်စီခြားပြီး နောက်ထပ် တစ်ကြိမ်(သို့)နှစ်ကြိမ်ရေ သွင်းပါ။ ရေသွင်းရမည့် အချိန်များတွင် မိုးရွာပါက ရေသွင်းစရာ မလိုအပ်ပါ။ရေလို မလိုကို သိရန် အပင်ကိုကြည့်ပါ။ နေ့ခင်းကြောင်တောင်မှာ အရွက်တွေ ညှိုးနေတယ်ဆိုပြီး စိတ်ပျက်မသွားပါနဲ့ ။ နေ့လည် (၂)နာရီလောက်ထိ ညှိုးနေရင်တော့ အပင်ကမကြာခင် ရေလိုအပ်တော့မှာပါ။ ဒီအချိန်မှာ မြင့်တဲ့အပင်တွေရဲ့ အမြစ်ဟာရှည်ရှားသောကြောင့် မြေအောက်ထဲမှ အစိုဓါတ်များကို စုပ်ယူနိုင်ပါသည်။ နောက်ဆုံးပန်းပွင့်သည့် အဆင့်တွင် ရေသွင်းခြင်းကို ရပ်တန့်ရမည်။ အစိုဓါတ်များဟာ မြေဆီလွှာ အပေါ်ပိုင်းတွင်သာရှိပါက နှမ်းပင်၏အမြစ်များသည် အောက်သို့များများမဆင်းတော့ပါ။ အကယ်၍ အပေါ်ယံသာရှိသော အစိုဓါတ်လည်း ခန်းခြောက်သွားပါက အမြစ်များလည်း ရေမဝဖြစ်ကာ နှမ်းပင် သေသွားမည်။ စိုက်ခင်းများဟာ မစိုက်ခင် မိုးကောင်းကောင်း ရွာသော်လည်းကောင်း၊ ရေနိုင်နိုင် သွင်းထားလျှင်သော်လည်း စိုက်ပျိုးပြီး ရက်ပေါင်း (၃၀)လောက်တွင် နောက်ထပ် ရေဖြစ်ဖြစ်၊ မိုးဖြစ်ဖြစ်တစ်မျိုးတော့ လိုအပ်မည်။ ဒီထက်နောက်ကျသွားရင်ဖြင့် အထွက်နှုန်းမကောင်းနိုင်တော့ပါ။ နှမ်းခင်းကို ဘောင်နဲ့ရေသွင်းခြင်း၊ အပေါ်မှ ရေဖျန်းစက်ဖြင့် ရေသွင်းခြင်းဆိုပြီး (၂)မျိုးရှိရာ ဘောင်နဲ့ရေသွင်းခြင်းဟာ အကောင်းဆုံးပါ။
ဆက်စပ်မေးခွန်းများ
ဒီအနေထားမှာထယ်မြောင်းတိုက်ရေသွင်းရင်အစဉ်ပြေနိုင်လား သိသူများဖြေပေးကြပါ
ဖြေကြားချက် 3 ခု
၁၅ရက်သားရေမဖျန်းဘဲထယ်မြောင်းတိုက် ရေသွင်းလို့အစဉ်ပြေနိုင်လား။ အတွေ့ကြုံမရှိသေးလို့ပါ အစဉ်ပြေမဲ့နည်းလေးရှိရင်...
ဖြေကြားချက် 7 ခု
နွေနှမ်းအပင်ပေါက်ပြီးဘယ်ရက်လောက်ဆိုရေပေးရပါလဲ ဖြေပေးကြပါမိတ်ဆွေတို့
ဖြေကြားချက် 4 ခု
ဒီအရွယ်မှာဘာဆေးဖြန်းသင့်ပါသလဲ
ဖြေကြားချက် 4 ခု
နှမ်းရေသွင်းစိုက်ပျိုးရေးလုပ်နေပါတယ်ဘယ်ရက်သားလောက်ရေသွင်းရမှာလဲ
ဖြေကြားချက် 1 ခု