အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
638
လွန်ခဲ့သော ၆ နှစ် က · ဖျာပုံ

ဘာရောဂါ လဲ ဘယ်လိုလုပ်ရမယ် ဘာဆေးအသုံးပြုရမယ် နည်းလမ်းလေးရှိရင် လမ်းညွှန်ပေးပါ

ပိုးမွှားရောဂါ စပါး စပါးဂုတ်ကျိုးရောဂါ
Post image
Post image
7

ဖြေကြားချက် ၇ ခု

116 လွန်ခဲ့သော ၆ နှစ် က

ဖြေချင်တာကတော့ ဒီဆော့ဝဲလ်ကြောင့် ဗဟုသုတတေ၇ပါတယ်လို့ များများတင်ပေးပါ ကျေးဇူးတင်ပါတယ်

638 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

270,769 လွန်ခဲ့သော ၆ နှစ် က

စိုထိုင်းစများရင်ပျံ့ပွားမှုနှုန်းများလို့ ရေအရမ်းမသွင်းပါနဲ့ ။ ရေရှိနေရင်လည်းထုတ်ပေးပါ။

270,769 လွန်ခဲ့သော ၆ နှစ် က

ဂုတ်ကျိုးဆိုအထူးဂရုစိုက်ပါ။ ရောဂါကျနေပြီဆိုတော့ ပုလဲမြေသြဇာတွေမကျွေးတော့ပါနဲ့။ ရောဂါက လေနဲ့လည်းကူးဆက်ပျံ့နှံ့မှုမြန်ပါတယ်။ စပါးခင်းထဲ မလိုအပ်ပဲအရမ်းဖြတ်ကူးတာမျိုးမလုပ်ပါနဲ့ ။ ထွက်စလယ်တွေမှာ ကျနေတာတွေကို နုတ်ပြီးအခင်းနဲ့ဝေးဝေးဖယ်ရှားပစ်ပါ။ ပေါင်းမြက်တွေကောရှင်းလင်းပါ။

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က
638 လွန်ခဲ့သော ၆ နှစ် က

အခုမှ ထွတ်စလယ်တွေမှာလဲဖြစ်နေလို့ ဆေးဖျန်းရရင် ဆေးအမည်လေးသိပါရစေ

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

စပါးက နို့ရည်ခဲတဲ့ အခြေအနေတောင်ရောက်နေပြီပဲ ဒီလိုအခြေအနေမှာ ဆေးဖျန်းလည်း မထူးတော့ဘူး ဆေးဖိုးကုန်ရုံပဲ အဖတ်တင်မှာ ရောဂါစကျကတည်းက ဖျန်းမှ အဆင်ပြေတာပါ ရောဂါက စပါးဂုတ်ကျိုးရောဂါနဲ့ ရွက်ညိုပျောက်ရောဂါတွဲကျတဲ့ပုံစံပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။