ဖြေကြားချက် ၃ ခု
ကျေးဇူးပါဗျ
တမာရွက်စိမ်ရည် တမာရွက် (၂၅) ကျပ်သားကို နုတ်နုတ်စင်းပြီး ရေ (၁) ဂါလံ တွင် တစ်ညစိမ်ပါ။ ၎င်း စိမ်ရေကို ရေ (၄) ဂါလံ လျှင် နို့ဆီခွက် (၁) ခွက် ထည့်ပြီး ဖျန်းပေးပါက ပိုးမွှားများတိုးပွားမှုကို လျော့နည်းစေသည်။
တမာပိုးသတ်ဆေးမှာ အာနိသင် (၃) မျိုးနဲ့ ပိုးကိုဖျက်ဆီးပါတယ်။ ပထမအဆင့် အနေဖြင့် ခန္ဓာကိုယ်ကို ကြီးထွားအောင် ပြုလုပ်ပါတယ်။ juvenile hormone (ရှင်သန်ကြီးထွားနိုင်မှု) ဟော်မုန်းတမျိုး တမာတွင် ပါဝင်ပါတယ်။ ပိုးလောက်ကောင်အဆင့်တွင် အရွက်ပေါ်ရှိချိန်မှာ အစာစားချိန် တမာမှထုတ်လွတ်တဲ့ ဟော်မုန်းက သူတို့ ကိုယ်တွင်း ပါးစပ်ကနေ ရောက်သွားလေ့ရှိပါတယ်။ ပိုးကောင် စက်ဝန်းတွင် သားလောင်း (lava) မှတဆင့် ရုပ်ဖုံး (pupa)၊ ထိုမှ တဆင့် အရွယ်ရောက် အကောင်အဆင့်၊ နောက်တမျိုးက သားလောင်း lava မှ အရေခွံလဲခြင်း (moulting)၊ ထိုမှ အရွယ်ရောက်ကောင်အဆင့်ဆိုပြီး ရက်အကန့်အသတ်အလိုက် ဘဝစက်ဝန်း ပြောင်းလဲပါတယ်။ ဒါပေမယ့် တမာပိုးသတ်ဆေး ကြောင့် အကြိမ်ရေများများ ထိဖူးသော ပိုးလောက်ကောင်သည် သားလောင်း pupa အဆင့် အရေခွံလဲခြင်း moulting အဆင့်သို့ မရောက်တော့ပဲ ခန္ဓာကိုယ် ကျုံလှီကုန်တတ်သည်။ ဆေးအတန်အသင့် ထိသောအကောင်များ သို့မဟုတ် သားလောင်း pupa၊ အရေခွံလဲနေသော moulting အဆင့်တွင် ထိသောပိုးများဟာလည်း အရွယ်ရောက်ကောင်အဆင့် မရောက်တော့ပေ။ အကယ်လို့ အကောင်ကြီးအဆင့် ရောက်ရင်တောင် မြုံနေသော အကောင် အထီးကောင်များသာ ဖြစ်လာစေသောကြောင့် ပိုးပြနိ့ပွားမှုကို ထိန်းချုပ်နိုင်ပါတယ်။ တမာဆီ၊ တမာအရွက်တို့ကို အခြေခံထုတ်လုပ်တဲ့ တမာပိုးသတ်ဆေးဟာ ပိုးအပြင် မှို၊ ဘက်တီးရီးယား တို့ကို ကာကွယ်ပေးပါသေးတယ်။ တမာကြိတ်ဖတ်ကို အမှုန့်အဖြစ် ပြောင်းလဲကာ လယ်ယာများတွင် ကျဲပက်ပါက မြေတွင်းအောင်းပိုးများဖြစ်တဲ့ ငမြောင်တောင်၊ ဖိုးလမင်းကျိုင်းကဲ့သို့ အကောင်များကို ကာကွယ်သလို တမာကြိတ်ဖတ်တွင် နိုက်ထရိုဂျင် ၂-၅%၊ ဖော့စဖရပ် ဝ.၅-၁%၊ ပိုတက်ဆီယမ် ၁-၂%၊ ကယ်လစီယမ် ဝ.၅-%၊ မဂ္ဂနီဆီယမ် ဝ.၃-၁ %၊ ဆာလဖာ ဝ.၂-% ပါဝင်တာကြောင့် မြေဩဇာဆိုလျှင်လည်း မမှားချေ။ ၁၀၀% အော်ဂဲနစ်မြေဩဇာဆိုလျှင် တမာကြိတ်ဖတ်ကို ဆိုနိုင်ပါတယ်။ ခန့်ဇော်ထက် ACOM
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အောင်စိုက်ပျီုးနည်းလေးသိချင်ပါတယ်ဆရာများ
ဖြေကြားချက် 2 ခု
သီးလုံးဖောက် ပိုးဝင်ပီး ထိပ်မှာဒီလိုလေးတေဖြစ်နေတာ ဘာဆေးသုံးရမလဲဆရာတို့
ဖြေကြားချက် 2 ခု
ဟင်းခပေါင်းပင် အသီးတင်ရန် နည်းများ
ဖြေကြားချက် 2 ခု
ဘယ်လိုစိုက်ပျိုးရင်အသီအားကောင်းမလဲ
ဖြေကြားချက် 1 ခု
အသီး ဝါတာ သီးကောက်တာ ဘာကြောင့်လဲ သိချင်လို့ပါ
ဖြေကြားချက် 3 ခု